Monday, December 1, 2014
ဥမ္မာ
ဥမ္မာ
မွန်းတည့်​​နေရဲ့အရိပ်​လို
မင်းအရပ်​က ပုတယ်​။
ငါ့​မျှော်​လင့်​ချက်​ကလည်း
ရေးရင်းတိုသွားတဲ့
မင်းလက်​ထဲက ​မြေဖြူခဲလို၊
ခဲသား​ရောင်​တိမ်​တစ်​အုပ်​ကြား
နေ့နဲ့ည တံခါးဝမှာ ဆုံတိုးခိုက်
ဒေါင်းနဲ့ယုန်​ နှုတ်​ဆက်​လွမ်း​နေလိုက်​ပုံမျိုး
ညိုစိမ့်​စိမ့်​ မင်းအသား​ရောင်​မှာ
နေ​ရောင်​၊ လ​ရောင်
မျက်​ဝန်း​ရောင်​​လေး
ဖြတ်​ခနဲထွန်းပခိုက်
ငါ့​ခြေလှမ်းတို့ သံလိုက်​စက်​ဝန်းမိကြ၊
မယ်​တယ်​ဂီတလို
မာထန်​သ​လောက်​ ရင်​ခုန်​လှုပ်​ချက်​ပြင်းပြင်း
မင်းနှုတ်​ထွက်​စကားသံ​လေး​တွေ
ဆောင်းခိုငှက်​များနှယ်
ငါ့ရင်​မှာ။
ကောင်းကင်​ထက်​​တောင်
ကောင်းကင်​ဆန်​​နေ​သေးတဲ့
မင်းရာသီဥတု အ​ပြောင်းအလဲ​ကြောင့်
ငါ့မှာ
တာတမံတို့ ကျိုး​ပေါက်​လိုက်
မြစ်​​ချောင်း​တွေ ​ကော​ခြောက်​လိုက်
မင်းနှလုံးသားကလည်း
ပင်​လယ်​​အောက်​က
ရတနာသိုက်​ထက်​​တောင်
တူး​ဖော်​ရခက်​​သေး။
ဥသြငှက်​က​လေး​တောင်
တစ်​ရာသီပဲ ​ဆွေးနိုင်​တယ်
ငါက နွယ်​နီနတ်​ပန်းထက်
ပွင့်​ရက်​ကို ​စောင့်​​မျှော်​​နေရမလားပဲ၊
ကဲ ​ပြော
မင်းအချစ်​က
သေဆုံးမှာ​ကြောက်​လို့
မ​မွေးဖွား​တော့တာလား...
မုန်း​အောင်
29.11.1995
ကျောင်းစုရွာ
Friday, November 7, 2014
ဆောင်း
ဆောင်း
နှင်း
မဖွဲနဲ့
ငါ့ ဘဝ ဆင်းရဲပုံ
ခြုံစရာ မင်းလည်းအနားမရှိ
မုန်း​အောင်
5.11.2014
11:44am
အ​မေ
အ​မေ
အိမ်​​ဝေးသူအ​မေဟာ
သူ​ပေးတဲ့အိမ်​က​လေးက
သူ့​ချွေးမ ​ပြေး​လေမလား ​တွေးပူကာ
ပြည်​​တော်​ပြန်​ဂါထာ
မရွတ်​ပွားနိုင်​ရှာ
မုန်း​အောင်
5.11.2014
3:21pm
Sunday, November 2, 2014
ပွင့်​ချပ်​မဲ့ နှင်းဆီ
ပွင့်​ချပ်​မဲ့ နှင်းဆီ
စောသူရ​အောင်​တဲ့
အမည်​နာမနဲ့​ကောင်​ဟာ
ငါ့ထံ မကြာခဏလာ
ပြီး၊ ဗလစ်​ဗလစ်​နဲ့ အသံမဲ့စကားမြွက်
တောင်​ယာခုတ်​သူ ဆတ္တာသည်​ထက်
လက်​စွမ်းထက်​၊ တက်​တက်​​ပြောင်
တောင်​ကတုံး
အဲဒါ ငါမ​မျှော်​လင့်​ဆုံး ငါ့အနာဂတ်​ကြီး​ပေါ့
ပြောလို​ပြော၊
မျှော်​လင့်​မှုက လမ်းတစ်​လမ်း
ရမ္မက်​ဆန္ဒ ပြင်းပြင်းပြ၊ ​ရေတို့ခပ်​ကြမ်းကြမ်းနမ်းကြ
နာကျည်းဝမ်းနည်းဖွယ်​ ဒဏ်​ရာဗရပွ
လမ်းက​တော့ ​ပျောက်​ရိုးမရှိ
သိတယ်​မဟုတ်​လား
အဲသလို ​နေထိုင်​ခြင်းကိုက
ငါ့ဘဝလို့ ဆိုလိုဆို
အို...ဒါ​တွေက ဘာလဲ
ကျွန်​​တော်​ အနည်းငယ်​မှ နားမလည်
ကျေးဇူး
ကျွန်​​တော့်​ကို မူး​အောင်​တိုက်​ပါလား။
တစ်​ချက်​တစ်​ချက်​ သူ့​သွေးတိုးစမ်းပုံများ
ဟိုဟာမျိုး မဖြစ်​ချင်​ဘူးလား
ဒီလို​လေးလုပ်​လိုက်​ပါလား
မင်းဆံပင်​​တော့ သ​ဘောအကျသား
အင်း နှုတ်​ခမ်း​မွေးနည်းနည်းပါးတာတစ်​ခုသာ
ကြိုးစားကွာ
မင်းကမ္ဘာ​ကျော်​နိုင်​ပါတယ်
ခင်​ဗျားဗျာ
ကျွန်​​တော့်​ခန္ဓာမှ အားမနာရှာ​လေခြင်း။
မင်းစိတ်​ပျက်​​နေသလား
ထားပါ၊ ဒါကတကယ်​ကွ
စောသူရ​အောင်​ကိုယ်​၌က
ငြီး​ငွေ့ခြင်းလို့ အဓိပ္ပာယ်​ထွက်
အလိုမပြည့်​ခြင်းရဲ့ က​လောင်​ခွဲ
ရေပိတ်​စကားလည်း ဆိုတတ်​​သေးရဲ့။
တစ်​ခါတစ်​ခါကျ
ငါ့နံရံမှာ အိမ်​​မြောင်​တစ်​​ကောင်​လို တွယ်​ကပ်
မပြတ်​တမ်း တကျွတ်​ကျွတ်​စုတ်​ထိုး
သူ့ဗီဇက ပိုးမွှားစား​သောက်​ခြင်း
ဒီအဖျင်းအသိမ်​ကိစ္စကိုများ
ဟိတ်​တစ်​လုံးနဲ့ ထထကြွား
ငါက သန့်​ရှင်း​ရေးလုပ်​သားပါကွ
ကမ္ဘာကြီးလှပ​စေရမယ်​လို့မြည်​ဟစ်
တဆိတ်
လူကြီးမင်းထွက်​သွားရင်​ အ​ကောင်းဆုံး​ပေါ့။
ခုတစ်​​လော
ငါ့မိတ်​​ဆွေ၊ အ​ပေါက်​​ပေါက်​ အဝဝ စကားများ
အလွဲလွဲအ​ချော်​​ချော်​​တွေနဲ့ စနစ်​တကျ​နေထိုင်
ကမ္ဘာကြီးနဲ့ကိုင်​ကိုင်​​ပေါက်​သူ ​စောသူရ​အောင်​တစ်​​ယောက်
မ​ရောက်​မလာ ကြာ​ချေ​ပေါ့
ငြီး​ငွေ့ခြင်းတစ်​ဝက်​နဲ့ လာနိုးငယ်​​မျှော်​ဆဲ
အသည်းကွဲ​ရောင်​ ​နေ့တစ်​​နေ့မှာ
ပျောက်​ချက်​သား​ကောင်းသူကြီးဟာ
သူမလာဘဲ သူ့စာ​ရောက်​လာ
"​ထောင်​ဝင်​စာ လာ​တွေ့ပါ"။
အလို!!!
ဒါလား ​စောသူရ​အောင်
ပျံသန်းခြင်းအတတ်​မှာ
ငါက Jonathan Livingston
အသက်​ရှင်​သန်​တာ ပျံသန်းခြင်းအတွက်
ပေါင်​မုန့်​သိုးတစ်​စအတွက်​ မဟုတ်​ဘူးလို့
ချောင်း​ခြောက်​ဆိုးသူကြီး၊
အမြဲကြီးမြတ်​သူဟာ ငါကွလို့
အမြဲပြတ်​လပ်​စွာ မပြတ်​ကြိမ်းပသူ ပုဂ္ဂိုလ်​ကြီးခမျာ
ချစ်​ရသူရဲ့ပိုက်​ကွန်​ထဲ
အ​တောင်​ကျိုးလိပ်​ပြာငယ်​​လေးအဖြစ်​မြင်​ရ
ညထက်​ကို ညဆန်​စွာ ​မှောင်​မိုက်
အကြည့်​ရဆိုးလိုက်​ပုံများ ကွယ်​တို့။
မုန်း​အောင်
11.6.1995
11:45pmှ
Saturday, October 25, 2014
မြောက်​သို့ခရီးသွားခြင်း
မြောက်​သို့ခရီးသွားခြင်း
ဘို့ပါတိုင်း နွားမဟုတ်​ပါ
သံခွာမတတ်​လည်း
မြင်းက​တော့ မြင်းပါပဲ။
မြင်​စီး​ကောင်းတိုင်း
စစ်​မခင်းနိုင်​ဘူး
စစ်​​ရေးကျွမ်းတိုင်း
ထွန်​လမ်းမ​ဖြောင့်​နိုင်​ဘူး
ဘဝဆိုတာ။
အချစ်​​ရေ
ရေနစ်​ဖူးမှ
လေကိုချစ်​မယ်​။
နှာ​စေးဖူးမှ
ကိုယ့်​နှာ​ခေါင်း တန်​ဖိုးသိမယ်​။
ဘယ်​သူ့ကိုမှီတွယ်​ချင်​တာလဲ
ဒီနွယ်​ပင်​က။
အသွင်​သဏ္ဌာန်​တူတိုင်း
အ​ခြေခံမတူနိုင်​ဘူး။
တစ်​ခုမှာ တစ်​ဖက်​ကမ်းခတ်​လို့
သူ့ကို အားလုံးလွှဲအပ်​ ရမလား
သရက်​ပင်​က
ချို​သောသရက်​သီး
သီးနိုင်​မယ်
ချို​သောစပျစ်​သီး
တွဲသီးနိုင်​တယ်
ဘယ်​ပုံပြင်​မှ မကြားဖူးဘူး။
တက်​တစ်​ခုအားကိုးနဲ့
မိုး​ပေါ်ပျံဖို့ ငါ
ဘယ်​တုန်းကမှ မစဉ်းစားဖူး။
'နယ်​ပယ်​'ဆိုတဲ့စကား
အလကား​ပေါ်လာတာမဟုတ်​တာ
မင်းလက်​ခံရင်
ငါမကျွမ်းတဲ့
မင်းအရမ်းဆန္ဒရှိတဲ့နယ်​ပယ်
မင်းအတွက်​ တံစိုးလက်​​ဆောင်
ပေးနိုင်​မှာတုန်း။
မင်းတို့ငါတို့ဟာ
ခေါင်း​ပေါ်ကသန်းကို
ဘယ်​တုန်းကမှ အရှင်​သခင်​လို့
မယူဆကြဘူး။
သန်းထူရင်
ခေါင်းယားလို့ပူမယ်
လာ အချစ်​ရယ်
တို့ ကတုံး တုံးကြပါစို့။
ကြယ်​ဝါ​လေး ရှိ​နေသမျှ
အက်​စသာနဲ့​ပေါတို့ခမျာ
မျက်​ရည်​စ​တွေသာ
ဘဝရဲ့လက်​​ဆောင်​​ပေါ့။
ကဲ တို့က​ကော
အရိုးဖြူဘီလူးမရဲ့မာယာ
မင်းနားမလည်​နိုင်​မှ​တော့
အဲဒီကစ လမ်းခွဲရ​တော့တာ​ပေါ့။
ငါ မြင်​နိုင်​စွမ်းရှိပြီ
တစ်​ပင်​လုံးစိမ်းခဲ့သမျှ
နွေ​ရောက်​မှ အရိုးကျဲကျဲ
အဲဒီပင်​ကပ်​​ညောင်​အို​တွေကို။
ခုချိန်​မှာ
တိမ်​ကပဲ​ရွေ့သလား
လကပဲ ​ပြေးသလား
မိုး​မျှော်​အ​တွေးနဲ့
ငါ​ဆွေးမ​နေနိုင်​ဘူး
မြစ်​​ကြောင်းတစ်​ခုလုံးမကြည့်
မြစ်​ကျဉ်းတစ်​ခုပဲ မြင်​သိပြီး
ပင်​လယ်​ထိ မစီးဆင်းနိုင်​ဘူးလို့​တော့
မင်း ငါ့ကို အထင်​မ​သေးနဲ့
၇၁ အဆန်​ မင်း​ရှေ့ဖြတ်​အသွား
သြော်​ မ​နေ့က ငါစုန်​ခဲ့တဲ့
၇၂ ပြည်​ ရန်​ကုန်​ရထားပါလားလို့
မ​တွေးနဲ့
ရထားက​တော့ မင်းနဲ့​ဝေးရာ
ဆန်​သွားရဦးမယ်
မုန်းနိုင်​လို့ရယ်​ မဟုတ်​ပါ။
မုန်း​အောင်
8.12.1995
01:30am
Monday, October 20, 2014
ငြိမ်းချမ်း​ရေး
ငြိမ်းချမ်း​ရေးရွာ
မ​ဝေး​တော့ဘူး ​ရှေ့နားမှာ
အလင်းနှစ်​သန်းတစ်​ရာ
မုန်း​အောင်
Peace Village
Not far. It's quite near.
Only a hundred million light years.
Mone Aung
Tuesday, September 30, 2014
လွတ်​လပ်ေး
လွတ်​လပ်​​ရေး
လောကနိယာမနဲ့ ဖွင့်​လို့မရ
ဘာသာ​ရေးအဆုံးအမနဲ့ ဖွင့်​လို့မရ
ငြိမ်းချမ်း​ရေးစကားဝိုင်းနဲ့ ဖွင့်​လို့မရ
နား​ထောင်​လို့​ကောင်းတဲ့
ရဲရဲ​တောက်​မိန့်​ခွန်းနဲ့ ဖွင့်​လို့မရ
သူ့​သွေးကိုယ့်​​သွေး
သူ့အသက်​ကိုယ့်​အသက်
သူ့ဘဝကိုယ့်​ဘဝ
စ​တေးပြီးမှ ဖွင့်​လို့ရတဲ့
သံမဏိတံခါးတစ်​ချပ်​။    ။
မိုဃ်း​ဇော်
Freedom
With Law of Nature, unable to open it
With the religious teaching, unable to open it
With peace dialogue, unable to open it
With a nice bold speech, unable to open it
Only by sacrificing
his blood, my blood
his life, my life
his existance, my existnce
Able to open it.
It's a steel leaf of door.
Moe Zaw
Translated by Mone Aung
Sunday, September 28, 2014
လွမ်းချင်းည
လွမ်းချင်းည
ဝေးကွာ​နေတဲ့အခါ
အလွမ်း​တွေ အိပ်​​နေခဲ့ရင်
ဖွဖွ တိုးတိုး
တစ်​​ရေးနှိုး​ပေးပါ...
အချစ်​စစ်​ရဲ့ရင်​ဘတ်​ဆိုတာ
အကြိမ်​ကြိမ်​နွမ်းလျပါ​စေ
သံ​ယောဇဉ်​​တွေ
မ​ဆွေးမြည့်​တတ်​ဘူး​လေ...
အခရာ
24.9.2014
Song of Longing
When we're apart
If longing deeply sleeps
lightly, gently wake it up please
However exhausted, true love's heart
is a body-sort
Samyojana can ne're rot.
Akhaya
Translated by Mone Aung
ဘဝတူ
ဘဝတူ
ရုပ်​ရှင်​ရုံထဲ
သူ့ကိုခွာ​ပေးဖူးတဲ့​နေကြာ​စေ့ခွံများပမာ
ကျွန်​​တော်​ဟာ ရင်​ကွဲပက်​လက်​ကျန်​ခဲ့ပြီ။
လင်း​ဝေဟင်​မိုး
Fellow-sufferers
In the movie theater,
Like the sunflower
seed-coats I took off for her;
She left me behind in desolation utter.
Lin Wai Hin Moe
Translated by Mone Aung
Thursday, September 18, 2014
အချစ်
အချစ်
ဘီယာဘူးကို ​ဖောက်​ရင်
ဖောင်းခနဲ ပွင့်​သံနဲ့အတူ
အမြှုပ်​​တွေ ဖိတ်​လျှံလာမှာ စိုးမိ။
ဘူးထဲက အရည်​​တွေ
မင်းနှစ်​သက်​နိုင်​မလား။
အကျိုးဆက်​​တွေက
အဆိုးဆုံး မဖြစ်​နိုင်​​တောင်
ကောင်းချင်​မှ ​ကောင်းလိမ့်​။
မင့်​လိုအင်​ကို ဖတ်​ရှုဖို့ရာ
မင့်​မျက်​ဝန်းများက မှုန်​ဝါးလွန်းလှ။
မင့်​ဆန္ဒကို ဖွင့်​ဟဖို့
ငါ​မေးမယ်​ဆို ရိုင်းပျ။
အမြှုပ်​​တွေ မင်းမြင်​တဲ့ခဏ
လက်​လှမ်းလာရင်​ ​ကောင်းပ။
မဟုတ်​ဘဲ ​နောက်​ဆုတ်​သွားခဲ့ရင်
မင်းနဲ့ငါ စပ်​ကြား
အလှမ်းပို​ဝေးသွားရုံသာ။
အသင့်​ဆုံးက
ဘူးကိုမ​ဖောက်​ဘဲ ထားလိုက်​မှ။
မုန်း​အောင်
27.4.1994
24:00
Red-stoneသို့
စစ်
စစ်
အချစ်​စည်း ​ပြေကာ
စစ်​မီး​တွေ ငြီးငြီး​တောက်
သွေး၊ မျက်​ရည်​​တွေ ပိုးပိုး​ပေါက်
ပျောက်​သွားကြ အသက်​​တွေ
ခြောက်​ခြားစရာ့ ရက်​​တွေ...
ယမ်းခိုးတ​ဝေ​ဝေမှာ
အထမ်းအပိုးနဲ့ သူ​တွေ
သွေးညှီနံ့​တွေနဲ့
ဘေးဘီလန့်​​နေသူ​တွေ
ဝက်​ဆွဲ ကြက်​ဆွဲ က​လေးဆွဲ
တ​ပြေးတည်း ​ပြေး​နေရသူ​တွေ
အိုကြီး အိုမ ကြမှ
ပိုပြီး ဘုရားနဲ့​ဝေးရသူ​တွေ
ကျန်​ခဲ့သူ သမီး၊သား
ဇနီးမယားကို
အပြီးထားသွားရရှာသူ​တွေ
ဇာတိရွာပါလို့
ဘာကြည့်​ကာ ​ပြောရမှန်း မသိရှာသူ​တွေ
နွေ​နေပူပူမှာ
ခြေ အိမ်​တိုင်​ ထူသူ​တွေ
မိုးတ​ပေါက်​​ပေါက်​မှာ
အမိုး​အောက်​ မ​ရောက်​ရရှာသူ​တွေ
ဆောင်းအ​အေးမှာ
ကျောင်းက​လေးနဲ့ ​ဝေးရရှာသူ​တွေ
... ... ... သူ​တွေ
... ... ... သူ​တွေ
... ... ... သူ​တွေ
ထမင်းမဝတာ အသာထား
ခေါင်းပြား​အောင်
ဘယ်​​တော့များမှ အိပ်​ရမယ်​ပ
ခြုံပုတ်​ကို
ဘုံလုပ်​သူ​တွေရဲ့
တုန်​လှုပ်​ဖွယ့်​ စကား...
သမိုင်းစာမျက်​နှာ မ​ဟောင်း​သေးလည်း
သင်​ခန်းစာ မယူတတ်​ကြ​သေးဘူးလားကွယ်​တို့
အသက်​​တွေ ​ပေးရတာများလှ
လက်​ညှိုး​တွေ ​ကွေးကြတုန်းလားကွယ်​တို့
မချစ်​ခင်​လည်း ရှိပါ​စေ
အပြစ်​မမြင်​ ကြပါနဲ့​တော့
အို
စစ်​လူတို့
ချစ်​သူတို့ကို မခွဲပါနဲ့
ချစ်​သူတို့ကို မခွဲကြပါနဲ့
ချစ်​သူတို့ မကွဲကွာကြပါ​စေနဲ့​တော့...
မုန်း​အောင်
Tuesday, September 16, 2014
BLACK SEPTEMBER
BLACK SEPTEMBER
B lood
L ie
A nger
C ry
K iller
S ob
E legy
P ain
T ear
E nmity
M animal
B utcher
E x-ecutioner
R age
Mone Aung
17.9.2014
02:16
Monday, September 15, 2014
အရိန္ဒမာလှံ
အရိန္ဒမာလှံ
(၁၁)
အချိုရှာသူတို့
လာကြ ဒီကို
ငါ့နှလုံးသားကို မျိုပါ
စောသူရ​အောင်​ ကိုယ်​၌က
အရိန္ဒမာလှံ ဖြစ်​လို့။
မုန်း​အောင်
9-16.3.1995
အရိန္ဒမာလှံ(၁၀)
အရိန္ဒမာလှံ
(၁၀)
လမ်း​ဖောက်​ရာ အရပ်​၌
ငါသည်​ လမ်း​ပျောက်​ခဲ့ပြီ။
(တဂိုး)
ငါက
လမ်းအ​ဆွေးမှာ
ပန်းနဲ့​ဝေး​နေပြီလား
မဟုတ်​​လောက်​​သေး
လုံးဝမဟုတ်​​သေး
ပန်းမ​ပျောက်​ပါဘူး
လမ်းမ​လျှောက်​နိုင်​​သေးတာ
နမ်း​လောက်​စရာ ရနံ့
ငါ့မှာ မသင်းပျံ့​သေးဘူးထင်​လို့။
မသိသူတို့ ​ကျော်​သွားပါ​စေ
သိသူတို့ ​ဖော်​စားကြ
ကိုယ်​ဘဝကိုယ်
မြှုပ်​နှံစိုက်​ပျိုးထားတာ​ပေါ့
ငါဟာ
ဆေးဖက်​ဝင်​ အပင်​တစ်​မျိုးပါ။
ခင်​ဗျားတို့ စားချင်​ရင်
သကြားလုံးလဲ ဖြစ်​လိုက်​ဦးမတဲ့
အချိုမစားဖူးတဲ့ ​စောသူရ​အောင်​က။
ဒီကမ္ဘာ​သေတ္တာကြီးထဲမှာ
ငါက ပရုပ်​လုံး​တစ်​လုံး​ပေါ့
ပိုးဟပ်​​တွေက မုန်းတီးတယ်​။
ခင်​ဗျားတို့ ဘယ်​​လောက်ထိ
သစ်​နိုင်​ကြသလဲ
ဒီနှစ်​စိုက်​တဲ့စပါး
မနှစ်​က မျိုးချန်​ထားခဲ့လို့။
ငါကလဲ သစ်​မှကြိုက်​တဲ့​ကောင်
(အဖြစ်​သည်းလိုက်​တာ)
နယ်​သစ်​ပယ်​သစ်​ ရှာချင်​တယ်
ဂီတသစ်​ကို နားဆင်​ချင်​တယ်
သေရည်​သစ်​နဲ့ မူးယစ်​ချင်​တယ်
စိတ်​ကူးသစ်​နဲ့ ​ရှေ့ဆက်​ချင်​တယ်
အပျိုသစ်​နဲ့ ရစ်​နွယ်​​နေချင်​တယ်
သစ်​လိုက်​ချင်
ဖြစ်​လိုက်​ချင်​တာ​တွေ။
ဖြစ်​​နေရ​တော့လည်း
ဒိန္နက်​သည်းမလို
သုံး​လေးလင်​မ​ပြောင်း
ကမ္ဘာအ​ဟောင်းကြီးထဲ ​နေထိုင်​တယ်​။
မောင်း​နေကျလို့ ဖုန်​​ထောင်း​ထောင်း
ဓာတ်​ပြား​ဟောင်းကြီး အပ်​​ကြောင်းထပ်
အသက်​ရူကျပ်​လို့ ​နေ​တော့တယ်​။
နှစ်​ချို့​မြေ​အောင်း
ညအို​ဟောင်းထဲ
သေရည်​​ဟောင်းနဲ့ ​ပေါင်းဖက်​​နေတယ်​။
မ​ဆေးဖြစ်​တဲ့ ခွက်
မှို​တွေတက်​လို့ ယင်​တ​ယောင်း​ယောင်း
စိတ်​ကူး​ဟောင်းနဲ့ ​ညောင်းညာ​နေတယ်​။
ပုလင်းခွံ​ဟောင်းလို
စိတ်​က​ဟောင်း
ဣတ္ထိယအ​ဟောင်းမှ ချစ်​မိ​နေတယ်​။
စောသူရ​အောင်​တစ်​​ယောက်
ဆေးရုံအ​ဟောင်းကြီးလို
ပြင်းရိစွာ လဲကျ​နေပုံများ
ခု​တော့ တကယ်​ခံစားသွားရပြီ
မသစ်​ရင်​​နေပါ​စေ
စစ်​မှန်​ရင်​ပဲ လက်​ခံ​ကျေနပ်​ပါပြီတဲ့။
မုန်း​အောင်
ဆက်​ရန်
အရိန္ဒမာလှံ(၉)
အရိန္ဒမာလှံ
(၉)
ထူးမြတ်​တဲ့ ​မေတ္တာတရားဟာ
ဆံနွယ်​တစ်​​ချောင်းရဲ့ဖြား​ယောင်းမှုမှာ
ဝပ်​တွားမ​နေဘူး။
စီးကရက်​မီးခိုး​ငွေ့ထက်​​တောင်​မှ
ပျောက်​ကွယ်​ဖို့ မြန်​ဆန်​တဲ့
မင်းရင်​ခုန်​သံကို
ပြန်​နားမဆင်​ချင်​​တော့ဘူး။
လေက လက်​​ဆော့သမို့
ငါ့ဆံပင်​​တွေ ဖွာလန်​ကြဲသွားပုံမျိုး
ဆိုင်​ကလုန်းထက်​အား​ကောင်းတဲ့
မင်းစကားလုံးများ​ကြောင့်
ငါ့ဘဝ အစိတ်​စိတ်​ အမွှာမွှာ
ကွဲ​ကြေပြန့်​လွင့်​​နေရမလား
သွားစမ်းပါ။
မင်းမျက်​​စောင်း​မြွေ​ပေါက်​လို့
ဒူး​ခေါက်​ခွက်​ရဲ့အား​တွေ
အချည်းနှီးမဲ့ရ​တော့မှာလား
သွားစမ်းပါ။
မင်းမျက်​ရည်​​တွေ ထွင်း​ဖောက်​လို့
ငါ့စိတ်​​တွေ ကြွင်းချိုင့်​ဖြစ်​​နေရမလား
သွားစမ်းပါ။
မင်းမျက်​ဝန်း​တွေ မဖမ်းစားနိုင်​​တော့ဘူး
မင်းနှုတ်​ခမ်းကို မတမ်းတ​တော့ဘူး
မင်းလမ်းကိုလည်း မ​လျှောက်​နိုင်​​တော့ဘူး
ယောင်္ကျား​ဟေ့ ​ယောင်္ကျား
ဒီလို​ ​လေတစ်​လုံး မိုးတစ်​လုံးနဲ့
သုံးရာသီ ဖျားနာ​နေတဲ့​ကောင်​။
ခန်း​ခြောက်​​နေတဲ့ ​ချောင်းက​လေးများ​တောင်
မိုးရာသီကျ
နိုးထစီးဆင်းနိုင်​​သေးတာ
မင်း​ကော အချိန်​မ​ရွေးပြန်​မချစ်​နိုင်​ဘူးလား
ပြောစမ်းပါဦး
အဲဒီလို ထင်​တစ်​လုံးနဲ့
နှလုံးနာစရာ မုန်​ဖို့​ကောင်းတဲ့​ကောင်​။
အချစ်​ဆိုတာ
မနှစ်​ကရယ်​လို့ မရှိဘူး
အမြဲသစ်​လွင်​​နေတာ အချစ်
အဲဒီလို မဖြစ်​ညစ်​ကျယ်​အ​တွေးများနဲ့
ကိုယ့်​နှလုံးသားကိုယ်
နှစ်​သိမ့်​လှည့်​ဖြား​နေတဲ့​ကောင်​။
အဖြစ်​ဆိုး​တွေကို
အနှစ်​ကိုးဆယ်​မှာထားခဲ့
အချစ်​တိုးလို့ ​ရှေ့ဆက်​မယ်
ဒီလိုလဲ လက်​ဖြန့်​ချင်​တဲ့​ကောင်​။
ဟောင်​ရုံသာ ​ဟောင်​ရဲ
မကိုက်​ခဲတဲ့ ​ခွေးလို
သွေးနီးဖို့ သတ္တိမရှိတဲ့​ကောင်​။
အဲဒီ​ကောင်​ဟာ
ကြောင်​တစ်​​ကောင်​လို ​နေထိုင်​တယ်​။
မုန်း​အောင်
ဆက်​ရန်
အရိနဒမာလှံ(၈)
အရိန္ဒမာလှံ
(၈)
ငါမှားယွင်းခဲ့တယ်​ဆိုရင်
လူ့အဖြစ်​ ရရှိခဲ့တာကိုက
မှားယွင်းခဲ့လို့​ပေါ့။
ငါ့လုပ်​ရပ်​အ​ပေါ်မှာ
ဘယ်​တုန်းကမှ
မှားယွင်းတယ်​လို့ ငါမယူဆခဲ့ဖူးဘူး။
နောင်​တရတယ်​ဆိုတာ
ထပ်​မံမှားယွင်းမှုမျိုးပဲ။
ဘေးလူရဲ့ အမြင်​ဆိုတာ
ဦး​နှောက်​နဲ့တင်​ ဆင်​ခြင်​ကြည့်​ကြတာပါ
နှလုံးသားထဲ ဝင်​ကြည့်​ကြတာမျိုးမဟုတ်​ဘူး။
အ​လေးထား​လောက်​​ပေမယ့်
လေးစား​လောက်​​အောင်​​တော့ မဟုတ်​​သေးပါဘူး။
သူတို့အမြင်​ကြိုး​တွေနဲ့
တို့ကိုယ်​တို့ ထူးမခတ်​သင့်​ဘူး​လေ။
လူ​တွေဟာ
အနာဂတ်​ရဲ့ အလျားကို
အ​ဖြောင့်​တိုင်းကြမလို့တဲ့
ပစ္စက္ခရင်​ခုန်​သံကို​တော့
ခံစားဖို့ ​မေ့​လျော့​နေကြရဲ့။
အို ချစ်​သူ
မင်းနဲ့ငါ
အဲဒီ အစားထဲ
အူတူတူ ပါသွားကြပြီ။
မုန်း​အောင်
ဆက်​ရန်
Saturday, September 13, 2014
အရိန္ဒမာလှံ(၇)
အရိန္ဒမာလှံ
(၇)
ဟိုတုန်းက
ငါဒီလို
ရူးခဲ့ဖူးသ​ပေါ့။
ဘဝဟာ ကျွဲချိုဖြစ်​လို့မို့
လေးခွပဲ ထွင်းထွင်း
ပဒိုးလုပ်​ပြီး မှုတ်​မှုတ်
မင်းလက်​ဆုပ်​ထဲမှာ
ဖြစ်​​စေချင်​တာ ဖြစ်​နိုင်​တာချည်းပဲ
ဒီလိုလဲ
ငါ ရူးခဲ့ဖူးသ​ပေါ့။
ဘုရားသခင်​ထက်
အ​မေက ငါ့ကိုပိုချစ်​တယ်
ငါက အ​မေ့ထက်
မင်းကို ပိုချစ်​တယ်
ဒီလိုလဲ
ငါ ရူးခဲ့ဖူးသ​ပေါ့။
ကျောင်းသင်​ခန်းစာ​တွေကျ
အတန်းမှန်​မှန်​ မတက်​ချင်​​ပေမယ့်
မင်း သင်​ခန်းစာ​တွေကျ
ကြေညက်​​အောင်​ ​လေ့ကျက်​​နေခဲ့တယ်
ဒီလိုလဲ
ငါ ရူးခဲ့ဖူးသ​ပေါ့။
စောင်းတာမှန်​သမျှ
သ​ဘောမကျ​ပေမယ့်
မင်းမျက်​​စောင်း​လေးကျ
ရင်​ခုန်​ရပြန်​တယ်
ဒီလိုလဲ
ငါ ရူးခဲ့ဖူးသ​ပေါ့။
ရွဲ့တာမှန်​သမျှ
ဘာမှကြည့်​မ​ကောင်းဘူး
ဒါ​ပေမယ့်
မင်းနှုတ်​ခမ်းက​လေး ရွဲ့လိုက်​တာကျ
ကြည့်​လို့လှသွားတယ်
ဒီလိုလဲ
ငါ ရူးခဲ့ဖူးသ​ပေါ့။
စီစီရီရီ ရှိ​နေမှ
စီစီရီရီ မြင်​ရမှ
ရင်​ထဲက ကြည်​နူးတယ်
အချစ်​ရယ်
မညီမညာ မင်းသွားထပ်​က​လေးကို
မြတ်​နိုး​နေတတ်​ပြန်​​ရော
ဒီလိုလဲ
ငါ ရူးခဲ့ဖူးသ​ပေါ့။
ပိုတာမှန်​သမျှ
လျှံလျှံကျ​ပေမယ့်
မင်းအချွဲပိုလဲ
ရင်​ထဲ တွဲခို​နေပြန်​တယ်
ဒီလိုလဲ
ငါ ရူးခဲ့ဖူးသ​ပေါ့။
မိုးကြိုးပစ်​သံကို
မ​ကြောက်​လန့်​တတ်​​ပေမယ့်
မင်းရဲ့အပြင်းစားသတ္တုသံကြားရင်
ပြားပြားဝပ်​မတတ်​ ​ကြောက်​ဒူးတုန်
ပီဘိယုန်​သူငယ်​​လေးလို
ဒီလိုလဲ
ငါ ရူးခဲ့ဖူးသ​ပေါ့။
ခုများ
ပြင်းသနားတယ်
ပြင်းသနားတယ်​တဲ့
ဘာလဲ
ထင်းရှားရင်​ ​ရေနံဆီသုံးဖို့
စဉ်းစားဦးမလို့လား။
မုန်း​အောင်
ဆက်​ရန်
အရိန္ဒမာလှံ(၆)
အရိန္ဒမာလှံ
(၆)
ဝဋ်​ရှိလို့သာ
တို့ ချစ်​ခဲ့ကြတာ​ပေါ့​နော်​။
အရိန္ဒမာလှံ(၅)
အရိန္ဒမာလှံ
(၅)
စောသူရ​အောင်​တစ်​​ယောက်
ကံဆိုးလိုက်​ပုံက​တော့လား
ယောင်္ကျား​လေး​ဟေ့လို့
အ​မေ့ရင်​ပျားအုံထဲက​နေ
လောကကြီးဆီ
ဘဝကို ယုံကြည်​စွာ​ပေါင်​နှံလိုက်​ချိန်​ဟာ
ဒီဇင်​ဘာ ၁၃
နေ့တစ်​​နေ့ကုန်​ဆုံးဖို့နီးနီး
၂၄နာရီထိုးဖို့ ချဉ်းကပ်
စက္ကန့်​ပိုင်းပဲလို​တော့တယ်​။
၁၃ရက်​ဖွားရဲ့
ကံတူအကျိုး​ပေးပုံများ
ချစ်​သူကလည်း
ဇန်​နဝါရီ ၁၃မှာ လမ်းခွဲသွားတယ်​။
သူ့စာထဲမှာ​တော့
လမ်းခွဲစို့လို့ ဆိုတယ်
အမှန်​က တစ်​လမ်းတည်းမှမ​လျှောက်​ခဲ့ဖူးတာ
သစ်​ရိပ်​တစ်​ခု​အောက်​မှာ
အချစ်​ဆိပ်​ မူးရုံ​လောက်​သာ။
ဗင်းဆင့်​ဗင်​ဂိုးခမျာ
သားသည်​အ​မေ မုဆိုးမ​လေးကိုမှ
ချစ်​ခဲ့ရ​ပေမယ့်
မီးခဲ လက်​​ပေါ်တင်​နိုင်​တဲ့ခဏ​တောင်​မှ
တွေ့ခွင့်​မရသူပါတဲ့ကွယ်​။
မ​သေခင်​ သူ့ဘဝ
အညတြ ပန်းချီဆရာ
ပြည့်​တန်​ဆာမက​တောင်​ ထားချန်​ခံခဲ့ရ
ချစ်​ကံနည်းပုံများ ​ပြောပါတယ်​။
ဟောဒီက ငတိခမျာကို​ကော
ဘယ်​မိဇလာတို့ ထားခဲ့ဦးမလဲ။
အချစ်​​ရေ
မင်းကို ငါ
ကြေကွဲစွာ ​ပျော်​ရွှင်​ပြဖို့
ချစ်​ခဲ့ရတာ မဟုတ်​ဘူး။
မုန်း​အောင်
ဆက်​ရန်
အရိန္ဒမာလှံ(၄)
အရိန္ဒမာလှံ
(၄)
လစ်​ကာ​လော်​ဂျီ
လစ်​ကာ​လော်​ဂျီနဲ့
အော်​ဂလီဆန်​တဲ့​နေ့ရက်​​တွေကို
ထ​ရော်​လီတစ်​စင်း​ပေါ် တင်​​ပေးလိုက်​ချင်​ရဲ့။
တစ်​နံတစ်​လျား မကြည့်​ပါနဲ့
အမှန်​တရားနည်းနည်း ထည့်​ကြည့်​ပါ
စောသူရ​အောင်​ဆိုတာ
လူ​ချောလူလှ
လူ့ကလျာဏ​လေးအဖြစ်​ မြင်​ရမယ်
ဘယ်​တုန်းကမှ ဘဝကို ​ရွှေရည်​စိမ်​မထားခဲ့ဖူးဘူး။
ရွဲကုန်​သည်​ဇာတ်​မှာ​တော့
လက်​နဲ့ပွတ်​သပ်​ရုံနဲ့
ရွှေခွက်​လို့ သိသွားတယ်
ဟောဒီ​ကောင်​ရဲ့ အညှိတက်​ဘဝကို
ဘယ်​သူက ပွတ်​သပ်​ကြည့်​သလဲ
ကဲ  လာစမ်းပါ
အဖိုးဖြတ်​မရတဲ့ အမြတ်​တရား​တွေ
စားသုံးထားပါတယ်
ဆတ်​သား​ခြောက်​လို
အရက်​နဲ့ မြည်းဖို့သက်​သက်​မဟုတ်​ဘူး။
ဟောဒိ လူလိမ္မာ​လေးက
တစ်​ကြိမ်​တစ်​ခါမျှ
ကိုယ့်​ဘဝကိုယ်​ မချိန်​တွယ်​ခဲ့ဘူး
ကိုယ့်​ကိုယ်​ကိုယ်​ မလိမ်​လည်​ခဲ့ဘူး
အရူးအမူး ပတပ်​ရပ်​ ထမခုန်​​ပေမယ့်
အိမ်​​မြောင်​မြီးပြတ်​လို
တဆတ်​ဆတ်​တုန်​​နေတဲ့
ယုန်​ဖြူနှလုံးသား​လေးရှိ​ကြောင်း
(ခင်​ဗျားတို့ကို)
သတင်း​ကောင်းပါးလိုက်​ပါရဲ့။
မုန်း​အောင်
ဆက်​ရန်
အရ္နိ္ဒမာလှံ(၃)
အရိန္ဒမာလှံ
(၃)
ကမ ၻာႀကီးဆိုတာက
မီးညှိထားတဲ့ ​ဆေးပြင်းလိပ်​ပ
ဆေးမှုန်​တစ်​စ အဖြစ်​နဲ့
ငါ​ရောက်​ရှိခဲ့တာ
အနှစ်​နှစ်​ဆယ်​ ကြာခဲ့ပြီ။
ပြောလိုက်​ကြပုံက​တော့
လောကကြီးက ​ပျော်​စရာ ​ပျော်​စရာနဲ့
တကယ့်​ဘဝမှာ
ဒုက္ခနဲ့သာ အရင်းအနှီးလုပ်
ကြေကွဲမှု​ နှစ်​ထပ်​တိုး​တွေ ဆပ်​မကုန်​နိုင်​​သေး
ယူခဲ့မိတဲ့ အ​ပျော်​​ကြွေး နည်းနည်းအတွက်​ဖြစ်​မယ်​။
ကမ ၻာႀကီးဟာ
ငါ့အတွက်​​တော့ ပဲ​မှော်​အဖျင်းပါပဲ
စောသူရ​အောင်​လည်း ငါ့အတွက်​​တော့
ပဲ​မှော်​အဖျင်းပါပဲ
တကယ်​​တော့လည်း
ဒီအဖျင်း​တွေဟာ
မြင်း​တွေရဲ့အစာ​ပေါ့၊
အချစ်​​ရေ
ငါ့မြင်း​ရေ
မင်းအတွက်​ ငါ့ကို အစာပြု​တော့။
မုန်း​အောင်
ဆက်​ရန်
အရိန္ဒမာလှံ(၂)
အရိန္ဒမာလှံ
(၂)
ငါ့အ​မေဟာ
သူ့မျက်​ရည်​​တွေ
သူလှုပ်​နှိုးရမယ့်​အဖြစ်​ကို
သိသိကြီးနဲ့များ
သူ့သားအိမ်​ထဲမှာ
ငါ့ကို လွယ်​ထားခဲ့ဝန့်​တာ​လေ။
အ​မေက
ပျားအုံတစ်​အုံ လိုချင်​ခဲ့တယ်​။
ငါက
ဘဝကို ဓား​ပေါ်ပုံတင်​ခဲ့တယ်​။
အ​မေက
သနပ်​ခါး ဖုံဖုံလူး​ပေးတယ်​။
ငါက
ယားလို့ဆိုပြီး ဖျက်​ပစ်​တယ်​။
အ​မေက
လမ်း​ဟောင်းကို နှင်​ခိုင်းတယ်​။
ငါက
လမ်း​ပြောင်းကာ စိုင်းခဲ့တယ်​။
အ​မေက
နို့ရည်​ကို တိုက်​​ကျွေးခဲ့တယ်​။
ငါ့မှာ
မျက်​ရည်​​တွေနဲ့ ဗိုက်ေ​လး​နေ​တော့တယ်​။
အ​မေ့ခမျာ
လိုချင်​တာက ပုလဲ
ရလာတာ ခဲဖြစ်​​နေခဲ့။
မှန်​တာဆိုရရင်​ အ​မေရယ်
သားက
အ​မေ့ကို ဆန့်​ကျင်​​နေတာ မဟုတ်​ရပါဘူး
သားဘဝ​လေး
ဆန့်​ငင်​​နေမှာ စိုးလို့ပါ အ​မေ။
သားသိပါတယ်​ အ​မေ
ကျွေးလို့ရတာ အကုန်​​မွေးဖို့
သားကို လူဖြစ်​ခွင့်​ ​ပေးခဲ့တာ မဟုတ်​ဘူးဆိုတာ
ဒါ​ပေမယ့်​လည်း အ​မေရယ်
အ​မေ့ အငိုမျက်​ဝန်းအိမ်​ထဲမှာ
သားကို စိန်​ခဲထက်​ အဖိုးတန်​​အောင်​ ထားခဲ့ပြီ မဟုတ်​လား။
နှစ်​​တွေဆိုတာ
အ​မေ့အချစ်​​ကို ထားပစ်​ခဲ့ဖို့လား
အ​မေ့ရင်​ကို ပုန်​ကန်​စစ်​ခင်း
အနှစ်​နှစ်​ဆယ်​ တင်းတင်းပြည့်​ပြီအ​မေ။
အ​မေရယ်
သားဟာ အ​မေ့လည်​ရွဲ ပုလဲတစ်​ကုံးမဟုတ်​ဘဲ
အ​မေ့ရင်​မှာ ချိတ်​ဆွဲထားတဲ့ ဗုံးတစ်​လုံးလို့ပဲ
သားကို ကျိန်​ဆဲလိုက်​ပါ​တော့ အ​မေ
စကား​တောင်​ မာမာမ​ပြောတဲ့ အ​မေ့ကို​လေ။
သားကို အားမလို အားမရနဲ့
ဟောဒီက အစိမ်းတုံးကြီး
ဘယ်​​တော့ခွဲပါ့ မလဲတဲ့
တကယ်​​တော့လည်း အ​မေက
ကျောက်​စိမ်းကရမယ့်​ အကျိုးကို
မျှော်​ကိုးလို့မဟုတ်
ကျောက်​တန်​ဖိုးသာ ကြီးမြင့်​​စေလိုတာ
အ​မေ့ ကြီးမြတ်​​စေတနာ​တွေ။
သားရဲ့
ရယ်​​မော​နေတဲ့ ​ကြေကွဲမှုကို
အတုမဲ့ မိန်းမမြတ်​ အ​မေတစ်​​ယောက်​သာ
ထရံ​ပေါက်​ ​နေအလင်း
ဖုန်​မှုန့်​​တွေ အရှင်းမြင်​ရပုံမျိုး
မြင်​တတ်​သူ​လေ။
ငါ့အ​မေဟာ
ဆောခရတ္တိထက်
သတ္တိကြီးခဲ့တယ်
အဆိပ်​ခွက်​ကို
နှစ်​ရှည်​လများ ​သောက်​မျို​နေခဲ့တယ်​။
မုန်း​အောင်
ဆက်​ရန်
အရိန္ဒမာလှံ(၁)
အရိန္ဒမာလှံ
(၁)
လူ့ဘဝ​လောက်
ကြောက်​စရာ​ကောင်းတဲ့ အိပ်​မက်
ရှိခဲ့မှာမဟုတ်​ဘူး။
မုန်း​အောင်
ဆက်​ရန်
Wednesday, September 10, 2014
သင်္ချိုင်း
သင်္ချိုင်း
ရောင်​ကိုင်း​နေ
တ​စ္ဆေ ​ခြောက်​​လေတိုင်း။
ငါ့ရင်​ဘတ်
သတ်​မ​သေ
လူမ​တွေရဲ့ သင်္ချိုင်း။   ။
မုန်း​အောင်
10.9.2014
19:40
cemetery
swollen
be haunted
my heart
cemetery
of my exes
who never die
Mone Aung
Monday, September 8, 2014
ငါ့လူမှု​ရေး
ငါ့လူမှု​ရေး
မိုး​ရေ​တွေ
မုန်းတယ်​၊
နှင်း​ပေါက်​​တွေ
ကြောက်​တယ်​၊
ချွေးစက်​​တွေ
ရွံ့တယ်​၊
ရှောင်​လွှဲမ​နေတတ်​တဲ့အခါ
သုံးရာသီ ဖျားနာ​နေ​တော့တယ်​။
မုန်း​အောင်
29.6.1994
21:45
My social relations
What hateful raindrops!
What dreadful dew-drops!
What unpleasant sweat!
How can I avoid them?
I've been struggling with illness
all my life.
Mone Aung
Friday, September 5, 2014
မျိုးရိုး
မျိုးရိုး
ငါ့ အဖိုး
ယာခရိုးမှာ
ရိုးရိုးကုပ်​ကုပ်
သူ့သားစားဖို့ အလုပ်​လုပ်​ခဲ့။
ငါ့ အ​ဖေ
မြေဖြူတစ်​​ချောင်းနဲ့
တစ်​နဲ့နှစ်​​ပေါင်း သုံးရသတဲ့
ငါ့ကို
ဘဝမှာ အသုံးကျသူ ဖြစ်​​စေချင်​ခဲ့။
ငါ
စာတစ်​​ကြောင်း​တော့
ဖြောင့်​​အောင်​​ရေးရမယ်
ငါ့သား​တွေဟာ
ငါ့ဘဝရဲ့ အက္ခရာ​တွေဖြစ်​တယ်​။
မုန်း​အောင်
Lineage
Grandpa
on his farm
modeatly
did for his son.
Father,
who taught
with chalk
one and two makes three,
wants me to be useful in life.
I myself
have to write a word at least
My sons are
the characters of my life.
Mone Aung
လူ
လူ
အ​နေမနီးလည်း
မြေကြီးက​တော့ တဆက်​တည်းပါ။
တစ်​မိစီ​ပေါက်​လည်း
တစ်​မိုး​အောက်​က ​ခြေ​ထောက်​​တွေ။
အ​ရောင်​ကွဲလည်း
အ​မှောင်​ထဲက ညီအစ်​ကို။
မုန်း​အောင်
Man
Though different places,
We live on the earth.
Though born from different wombs,
We breathe under the same sky.
Though different colours,
We are brothers in the dark.
Mone Aung
Thursday, September 4, 2014
ဇာတိရုပ်
ဇာတိရုပ်
လေကြမ်းသယ်​လို့​ပြေး
ဆောင်းတဲ့ခ​မောက်​ လွင့်​​ဝေး​ဝေး
ခေါင်းဖြူတ​ဖွေး​ဖွေး
မုန်း​အောင်
True Colours
The bamboo hat blown away
Ah, the guy's gone grey!
Mone Aung
အန္ဓ
အန္ဓ
မိုးစိုပုစဉ်း
ပင့်​ကူ ဝင်္ကဘာထဲ
တဝဲလည်​လည်
မုန်း​အောင်
Ignoramus
A wet dragonfly
in the web
spins and spins and spins
Mone Aung
>
>
လူ
ဆင်
ရွှေ
ချွန်း
မုန်း​အောင်
>
man
elephant
gold
hook
Mone Aung
Tuesday, September 2, 2014
စည်းရိုးထဲကပန်း
စည်းရိုးထဲကပန်း
အမြင်​နီးလျက်
လှမ်းဆွတ်​ခက်​သည်
ငါ့ဘက်​ငိုက်​​သော ပန်းက​လေး။
မုန်း​အောင်
Flower in Fence
Though in sight,
hard to pick it
It's the flower
that droops over my side.
Mone Aung
အဝင်​​ကောင်း​သော
အဝင်​​ကောင်း​သော
ရမ်​တစ်​ပုလင်းက
သိပ်​ပြင်းလွန်းတယ်​။
ရေခဲစိမ်​ဆိုဒါ
အေးမြမြ​လေး။
  ဖန်​ခွက်​တစ်​လုံးထဲ
  စုရုံး​ရောစည်း
  ညည်း​လေးနဲ့ တို့အချစ်​​ပေါ့။
မုန်း​အောင်
Palatable
A bottle of rum
so strong
Soda on ice
so cold
Mix them
in a glass
Darling,
It's the love of us.
Mone Aung
Monday, September 1, 2014
Abd el-Hadi Fights Superpower
Abd el-Hadi Fights Superpower
By Taha Muhammad Ali
သူ့ဘဝမှာ
စာလည်းမဖတ်​တတ်​သလို
ရေးလည်း မ​ရေးတတ်​ပါဘူး။
သူ့ဘဝမှာ
သစ်​တစ်​ပင်​မှ မလှဲဖူးသလို
နွားတစ်​​ကောင်​မှလည်း လည်​မလှီးဘူးပါ။
သူဘဝမှာ
နယူး​ယော့တိုင်း အ​ကြောင်း
ကွယ်​ရာမှာ မဟဖူးပါ။
ဘယ်​သူ့ကိုမှ
အော်​ကျယ်​ဟစ်​ကျယ်​ မ​ပြောဖူးပါ၊
"ဝင်​ခဲ့ပါ ခင်​ဗျာ့
ခင်​ဗျား မငြင်းဆန်​နိုင်​ပါဘူး"ဆိုတဲ့စကားကလွဲရင်​။
ဒါ​ပေမယ့်
သူ့အမှုက ​မျှော်​လင့်​ချက်​မဲ့၊
သူ့ အ​နေအထားကလည်း
အ​တော့်​ကိုဆိုး။
သူ့အတွက်​​ပေးထားတဲ့
ဘုရားသခင်​ရဲ့ အခွင့်​အ​ရေး​တွေဆိုတာက
ပင်​လယ်​ထဲလွင့်​သွားတဲ့
သဲတစ်​ပွင့်​သာ။
ဂျူရီလူကြီးမင်းများခင်​ဗျာ
သူ့ရန်​သူ​တွေအ​ကြောင်း
ကျွန်​​တော့်​အမှုသည်​ဟာ
တစ်​စွန်းတစ်​စမှ မသိပါ။
ကျွန်​​တော်​ အခိုင်​အမာ​ပြောရဲပါတယ်
တကယ်​လို့ သူဟာ
လေယာဉ်​တင်​ သ​င်္ဘောလုပ်​ငန်းက
ဝန်​ထမ်းအားလုံးနဲ့ ဆုံတယ်​ဆိုလည်း
ဒီလူ​တွေကို
ကြက်​ဥတစ်​ခြမ်း​ကြော်​နဲ့
အိပ်​ထဲကထုတ်​လာစ ဒိန်​ချဉ်
လိုက်​ချ​ပေးဖို့ပါ ခင်​ဗျ။
In his life
he neither wrote nor read.
In his life he
didn't cut down a single tree,
didn't slit the throat
of a single calf.
In his life he didn't not speak
of the New York Times
behind its back,
didn't raise
his voice to a soul
except in his saying:
"Come in, please,
by God, you can't refuse."
Nevertheless-
his case is hopeless,
his situation
desperate.
His God-given rights are a grain of salt
tossed into the sea.
Ladies and gentlemen of the jury:
about his enemies
my client knows not a thing.
And I can assure you,
were he to encounter
the entire crew
of the aircraft carrier Enterprise,
he'd serve them eggs
sunny-side up,
and labneh
fresh from the bag.
Sunday, August 31, 2014
Czech Republic
Czech Republic
မိုက်​ခရိုစကုပ်​ထဲမှာ
ဟောဒီမှာ
စွန့်​ပစ်​ပျက်​စီး​နေတဲ့ လရဲ့
စိတ်​ကူးယဉ်​​နေ ရှု​မျှော်​ခင်း​တွေ။
ဟောဒီမှာ
ထွန်​ယက်​ထားတဲ့ ​မြေစာခဲ အပုံအပင်​။
ပြီး​တော့ အကျဉ်းခန်းများ၊
ဈေး​ပေါ​ပေါနဲ့ အသက်​​ပေးသွားတဲ့
တိုက်​ခိုက်​​ရေးသမားများ။
ဟောဒီမှာ
ကျော်​ကြားတဲ့ နှင်းဖုံး သင်္ချိုင်းများ။
သြ ကျယ်​​ပြောလှတဲ့ တို့​မြေယာ​တွေရဲ့
ပုန်​ကန်​သံ တိုးသဲ့သဲ့ကို
ငါကြားရဲ့။
In the microscope
Here too are dreaming landscapes,
lunar, derelict.
Here too are the masses,
tillers of the soil.
And cells, fighters
who lay down their lives
for a song.
Here too are cemeteries,
fame and snow.
And I hear murmuring,
the revolt of immense estates.
Miroslav Holub
translated by Ian Milner
?
?
ခို
ခံ
ချက်​ချာ
ချင့်​ချိန်
ချ
မုန်း​အောင်
10.2.2014
15:15
ဖတ်​စာ(၃)
ဖတ်​စာ(၃)
ဘဝဂ်
ဘဝင်
ဘဝ
နဂို
နရက်
မုန်း​အောင်
10.2.2014
14:10
ဖတ်​စာ(၂)
ဖတ်​စာ(၂)
ရင့်
ရိုင်း
ယုတ်
ယိမ်း
ယိုင်
မုန်း​အောင်
10.2.2014
14:00
ဖတ်​စာ(၁)
ဖတ်​စာ(၁)
က
ကြွ
ကြွား
ကျား
ကျ
-
မုန်း​အောင်
10.2.2014
13:20
Saturday, August 30, 2014
သွေးစင်​ပန်း
"​သွေးစင်​ပန်း"
ရှေး​ရှေးတုန်းက
ကရင်​မုဆိုးမကြီး တစ်​​ယောက်​မှာ၊
မူယယ်​ဖဲလို့​ခေါ်တဲ့
သမီး​ချော​လေး ရှိ​လေရာ။
သူ့အလှအ​ကြောင်း
တစ်​​ယောက်​စကားက တစ်​​ယောက်​နား၊
ထိုင်းဘုရင်​ကြီးရဲ့
ရွှေနား​တော်​သို့ ​ရောက်​ကာသွား။
ဘုရင်​ကြီးလည်း
ကြားရသတင်း မှန်​ မမှန်​၊
အ​ထောက်​​တော်​များကို
စုံစမ်းဖို့ ​စေလွှတ်​ပြန်​။
ပြန်​လာတဲ့
အ​ထောက်​​တော်​​တွေ ​လျှောက်​ကာထား၊
မူယယ်​ဖဲဟာ
နတ်​​ဒေဝီတမျှ လှ​ကြောင်းပါဘုရား။
မူယယ်​ဖဲကို အရယူဖို့
ဘုရင်​ ပရိယာယ်​ဆင်​၊
လုပ်​ခ​ကောင်း​ကောင်း​ပေးမယ်
နန်း​တော်​မှာ အမှုထမ်းကြ ​ဆွေကရင်​။
ဆင်းရဲတဲ့ မိခင်
အကြိမ်​ကြိမ်​ တိုက်​တွန်း​တော့၊
မူယယ်​ဖဲခမျာ
မ​ရှောင်​သာမလွှဲသာ နန်းတွင်းမှာ
အလုပ်​ လုပ်​ရရှာ​ပေါ့။
ဘုရင်​ကြီး
မူယယ်​ဖဲအား ​တွေ့​သောအခါ၊
ရွှေ​ဘော​တော်​ကျသဖြင့်
သိမ်းပိုက်​ဖို့ အခွင့်​ရှာ။
ကောင်​မက​လေး
အလုပ်​ခွင်​က​နေ အိမ်​ပြန်​သွားတိုင်း၊
ဘုရင်​ကြီးက
လူယုံ​တော်​တစ်​ဦးကို ​ခြေရာခံခိုင်း။
ပြန်​တိုင်း ပြန်​တိုင်း
စမ်း​ချောင်း​ရောက်​ရင်​ မူယယ်​ဖဲ အနားယူ၊
ရေ​သောက်​တဲ့အခါ
ပါးစပ်​က​နေ သက်​တန့်​​ရောင်​စုံ
ထွက်​တဲ့သူ။
ဘုရင်​ကြီး
ကြားသတင်း​ကြောင့်​ မ​နေနိုင်​​တော့၊
အတင်းကြီး​ရော အဓမ္မကြီးပါ
သိမ်းလို့ပိုက်​လို့ မိဖုရား​မြှောက်​တာ​ပေါ့။
ကောင်​မ​လေးနဲ့
ဝမ်းကွဲအစ်​ကို လုလင်​၊
ရည်​ငံ​နေတာ
အ​တော်​ကြာပြီ ​ရှေးယခင်။
လုလင်​လည်း
ရဲရဲဝံ့ဝံ့ ဘုရင့်​ထံသွား၊
သူ့ချစ်​သူကို
ပြန်​​ပေးပါ ​လျှောက်​ကာထား။
ဘုရင်​လည်း
မဖြစ်​နိုင်​ဘူးထင်​ ပရိယာယ်​ဆင်​၊
ပြန်​​ပေးမယ်
အဆစ်​တစ်​ခုတည်း
သုံး​ပေထက်​မနည်း ရှည်​တဲ့ဝါး
ဆက်​သနိုင်​ခဲ့ရင်​။
ချစ်​သူလုလင်
အ​သော့အလျင်​ ရွာပြန်​သွား၊
ခုတ်​​ချေ​ပေါ့
'ဝါ​သော'ဆိုတဲ့ ကရင်​ဝါး။
မှာတဲ့ဝါး
ဘုရင့်​အား ဆက်​သ​သော ထိုအခါ၊
ဘုရင့်​ထုံးစံအတိုင်း
ဖျက်​တာ​ပေါ့ သူ့ကတိကိုသာ။
နောက်​တစ်​ခါ
ဆက်​သဦး အဝါ​ရောင်​ ဝါးရွက်​၊
သွေ့ခြင်း ​ခြောက်​ခြင်း
အလျင်းမရှိ ပါဘဲလျှက်​။
ဘုရင်​ကြီး
မမြင်​ဖူးလို့ ခက်​ခက်​ထင်​​နေတာ၊
'ဝါ​ဘော'ဆိုတဲ့ဝါး
ကရင်​ရွာမှာ ​ပေါလို့​သောလို့ပါ။
ဒီတစ်​ခါ
ဘုရင်​ မငြင်းသာ​တော့၊
ကတိအတိုင်း
မူယယ်​ဖဲကို ပြန်​​ပေးရတာ​ပေါ့။
လုလင်​လည်း
ကောင်​မ​လေးကို ဇာတိရွာပြန်​​ခေါ်၊
နင်​ အပျိုစစ်​​သေးလား
မေး​တော့ မြန်း​တော့ ​ပေါ်။
ချောင်းကိုဖြတ်​တဲ့သူ
ခြေစိုစမြဲ၊
ရိုးရိုးသားသား ​ဖြေရှာ
မူယယ်​ဖဲ။
အသဲ ကျွဲခတ်​သလို
မခံစားနိုင်​ရှာတဲ့ လုလင်​ပျို၊
နင်​ပြန်​သွား​တော့
နင့်​လင်​ ဘုရင့်​ဆီကို။
ငိုကာယိုကာ
ပြန်​ရှာ​ပေါ့ ကံဆိုးမ​လေး၊
ဘုရင့်​​ဒေါသ ​ထောင်း​ထောင်းထ
သေဒဏ်​ အပြစ်​​ပေး။
ဆင်​ကန်းတွန်းချ
သစ်​တုံး တွင်းထဲကျ​သော့ခါ၊
အား မမြင်​ရင်​စရာ
ငေါက်​​ငေါက်​ပန်း ​သွေးထွက်​လာ။
တစ်​​နေ့
ချစ်​သူအစ်​ကို ​တောထဲ ခရီးသွား၊
ဆန်းပြားတဲ့ အသံ
ကျမကို ပြန်​ပို့​ပေးပါလား။
ကြည့်​​တော့လည်း
လူတစ်​​ယောက်​မှမမြင်​၊
နီတျာတျာ ပန်းတစ်​ခက်
ဟိုး သစ်​ပင်​ထိပ်​ဖျားတွင်​။
ဟဲ့ နင်​ဘယ်​သူလဲ
မေး​တော့၊
သွေးစင်​ပန်းက​လေး မူယယ်​ဖဲဟာ
ကျမပဲ​ပေါ့။
မုန်း​အောင်
31.8.2014
02:05am
Shattering Cloud
Shattering Cloud
Mother
in bed
living in a fantasy world
chattering with her online boyfriends.
Father
listening to the radio
lying amid the scattering weeklies
a cup of coffee getting cold
puffing cigarette smoke into the air.
Children
studying their lessons?
or playing computer games?
or sharpening knives?
Mone Aung
10.9.2013
XXXIX from The Arab Apocalypse
အာရပ်​ကမ္ဘာ ပျက်​စီးခြင်း
သက်​ရှိ​တွေက အ​လောင်း​တွေ​ပေါ်မှာ ပုပ်​​ဆွေးတဲ့အခါ
တိုက်​ပွဲဝင်​သူ​တွေရဲ့သွားများ ဓား​တွေဖြစ်​သွားတဲ့အခါ
စကားလုံး​တွေ အဓိပ္ပာယ်​​ပျောက်​ကာ အာဆင်းနစ်​အဆိပ်​ဖြစ်​သွားတဲ့အခါ
ကျူး​ကျော်​သူ​တွေရဲ့ လက်​သည်း​ခြေသည်း​တွေ တိရစ္ဆာန်​ လက်​သည်း​ခြေသည်း​တွေ ဖြစ်​သွားတဲ့အခါ
မိတ်​​ဆွေ​ဟောင်း​တွေက လူသတ်​ပွဲကြီးနွှဲကြဖို့ အလျင်​လိုလာကြတဲ့အခါ
အောင်​နိုင်​သူ​တွေရဲ့မျက်​လုံးများ သက်​ရှိကျည်​​တွေဖြစ်​လာတဲ့အခါ
ဓမ္မဆရာ​တွေက တူကို​ကောက်​ကိုင်​ကာ ကားစင်​တင်​ သတ်​ကြဖြတ်​ကြတဲ့အခါ
အာဏာပိုင်​​တွေက ရန်​သူကို တံခါးဖွင့်​​ပေးတဲ့အခါ
တောင်​​ပေါ်သား​တွေရဲ့​ခြေ​ထောက်​​တွေ ဆင်​​တွေအလား ​လေးလံလာတဲ့အခါ
နှင်းဆီပန်း​တွေက သုဿန်​တစပြင်​မှာသာ​ပေါက်​​တော့တဲ့အခါ
ပါလက်​စတိုင်းသားရဲ့အသည်းကို သူမ​သေခင်​စားကြတဲ့အခါ
နေကိုယ်​တိုင်​က မသာလွှမ်းတဲ့အဝတ်​စဖြစ်​ဖို့ကလွဲ ဘာရည်​ရွယ်​ချက်​မှမရှိ​တော့တဲ့အခါ
လူသားဒီ​ရေ တက်​တက်​လာတယ်​။
ပြန်​ မုန်း​အောင်
XXXIX from The Arab Apocalypse
By Etel Adnan
When the living rot on the bodies of the dead
When the combatants' teeth become knives
When words lose their meaning and become arsenic
When the aggressors' nails become claws
When old friends hurry to join the carnage
When the victors' eyes become live shells
When clergymen pick up the hammer and crucify
When officials open the door to the enemy
When the mountain peoples' feet weigh like elephants
When roses grow only in cemeteries
When they eat the Palestinian's liver before he's even dead
When the sun itself has no other purpose than being a shroud
the human tide moves on.
The Prey
အီရတ်​ကဗျာ
သား​ကောင်
ဒဏ်​ရာရသား​ကောင်​​နောက်​က
လင်းယုန်​တစ်​အုပ်​လို
တစ်​ဦးကိုတစ်​ဦး မုန်းတီးရွံရှာ​ပေမယ့်
ဒေါသ​တွေက အီရတ်​အ​ပေါ် စုပုံကျ၊
ည ည
နှုတ်​ခမ်း​တွေမှာ ​သွေး​စ စွန်း​ပေ​နေပါကလားလို့
သတိမထားမိဘဲ
အ​မှောင်​ရဲ့​တောင်​ပံ​အောက်​က
သားရဲတွင်း​တွေဆီ ပြန်​ပြန်​လာကြ၊
မနက်​မိုးလင်းမှ
ညတုန်းက ပွဲ​တော်​ကြီးတည်​ခဲ့တဲ့
သား​ကောင်​ဟာ
သူတို့သား​တွေရဲ့ အသားပါလားရယ်​လို့
သိရတဲ့အခါ
ရှက်​စရာအဖြစ်​က
သူတို့လိပ်​ပြာ​တွေကို နှုတ်​ပစ်​လိမ့်​မယ်​။
ပြန်​-မုန်း​အောင်
The Prey
By Adil Abdullah
Translated by Soheil Najm
Like a flock of eagles on their wounded prey
The furies have descended on Iraq
In spite of all their hatred for each other.
Each night they return to their lairs
Under the wing of darkness,
Oblivious to the blood
That smears their mouths.
But shame will seize their souls
When they discover, in the morning light
The prey they feasted on last night
Was the flesh of their own children.
The Heart of a Woman
အီရတ်​ကဗျာ
မိန်းမတစ်​​ယောက်​ရဲ့ နှလုံးသား
မိန်းမတစ်​​ယောက်​ရဲ့ နှလုံးသားဆိုတာ
ပတ်​စပို့မပါဘဲ ငါဝင်​နိုင်​တဲ့
တစ်​ခုတည်း​သော နိုင်​ငံ၊
ဘာရဲ တစ်​​ကောင်​တစ်​မြီးမှ မရှိတဲ့
နိုင်​ငံ​လေ။
ကိုယ့်​ကို ကဒ်​​တောင်းမယ့်​ ရဲလည်းမရှိ
မှောင်​ခိုသွင်းလာတဲ့ အ​ပျော်​​တွေ၊
ပိတ်​ပင်​ခံထားရတဲ့ ကဗျာ​တွေ၊
အနံ့အရသာရှိလှတဲ့ ​ကြေကွဲမှု​တွေ
အပြည့်​နဲ့ ငါ့ခရီး​ဆောင်​အိတ်​ကို
ရှာမယ့်​ ရဲလည်းမရှိတဲ့နိုင်​ငံ​ပေါ့။
မိန်းမတစ်​​ယောက်​ရဲ့ နှလုံးသားဆိုတာ
လက်​နက်​​တွေ အ​မြောက်​အများစုပုံမထားတဲ့
သူနိုင်​ငံအတွက်
သူ့နိုင်​ငံသားကို
အတင်းဝင်​ စစ်​မတိုက်​ခိုင်းတဲ့
တစ်​ခုတည်း​သောတိုင်းပြည်​​ပေါ့။
ပြန်​-မုန်း​အောင်
The Heart of a Woman
By Lateef Helmet
Translated by Soheil Najm
The heart of a woman is the only country
That I can enter without a passport,
Where no policeman
Asks me for my card
Or searches my suitcase
Full of contraband joys
Forbidden poems
And delicious sorrows.
The heart of a woman is the only country
That does not heap up heavy weapons
Nor force its citizen to fight its wars.      
The birds will still sing
Luxembourgကဗျာ
ငှက်​​တွေ ​တေးဆက်​ဆို​ပေလိမ့်
ငါ့အကိုင်းအခက်​​တွေကို ချိုးဖဲ့
အပိုင်းပိုင်း ငါ့ကိုမြင်
ငါ့အမြစ်​​တွေထဲ
ငှက်​​တွေ ​တေးဆက်​ဆို​ပေလိမ့်
The birds will still sing
Break my branches
saw me into bits
the birds will still sing
in my roots
Anise Koltz
translated by John Montague
50-50
၅၀-၅၀
ကောင်​မ​လေး
"ဒီ​လောကကြီးထဲမှာ ငါ့တစ်​​ယောက်​တည်း
ကိုယ့်​အိပ်​ရာကို မျှအိပ်​မယ့်​သူလည်း မရှိ
ကိုယ့်​လက်​ကို ဆုပ်​ကိုင်​မယ့်​သူလည်း မရှိ
အမှန်​​တော့ဟယ်
ငါ့မှာ ဘဲကိုမရှိတာ"
ကောင်​​လေး
"နင့်​ပြဿနာက
နင့်​မှာ ​ခေါင်းမရှိတာဟဲ့
နင့်​မှာသာ ​ခေါင်းရှိရင်
နင်​သာ ဦး​နှောက်​သုံးမယ်​ဆိုရင်
ငါ နင်​နဲ့ မကြာမကြာ ​နေ​ပေးမှာ​ပေါ့"
ကောင်​မ​လေး
"ဒါဖြင့်​ ငါဘာလုပ်​ရမလဲ၊ ​ဘေဘီ"
ကောင်​​လေး
"နင့်​ အိပ်​ရာကို မျှ့
ပြီး​တော့ နင့်​​ငွေကို​ရောပ"
50-50
I'm all alone in this world, she said,
Ain't got nobody to share my bed,
Ain't got nobody to hold my hand-
The truth of matter's
I ain't got no man.
Big Boy opended his mouth and said,
Trouble with you is
You ain't got no head!
If you had a head and used your mind
You could have me with you
All the time.
She answer, Babe, what must I do?
He said, Share your bed-
And your money, too.
Langston Hughes
My Voice
Afghanistanကဗျာ
"ငါ့အသံ"
ငါ့နှုတ်​ခမ်း​ပေါ်မှာ အသံတိတ်​​တေးတစ်​ပုဒ်​နဲ့
ငါ့​ကျော​ပေါ်မှာ နိုင်​ငံခြားဖြစ်​​ကျောပိုးအိတ်​တစ်​လုံးနဲ့
ရပ်​​ဝေး​မြေက ငါလာတယ်
ဘဝမြစ်​ထဲ စုန်​ဆင်းလိုက်​​တော့မှ
(ဂျွန်​နာ လိုပဲ)
ဝေလငါး အမြိုခံထားရတဲ့
ငါ့အသံကို ​တွေ့တယ်
ငါ့တကယ့်​ဘဝက ငါ့အသံထဲမှာ ​နေတယ်
*ဂျွန်​နာနဲ့​ဝေလငါးပုံပြင်​ ဓမ္မ​ဟောင်းကျမ်းမှာရှိ
ကြမ္မာဆိုးသယ်​လာသူ
My Voice
I come from a distant land
With a foreign knapsack on my back
With a silenced song on my lips
As I travelled down the river of my life
I saw my voice
(like Jonah)
swallowed by a whale
And my very life lived in my voice
Kabul, December 1987
Partaw Naderi
translated by Sarah Maguire
and Yama Yari
My children
Kurdistanကဗျာ
ကျွန်​မ က​လေး​တွေ
သူတို့​ပြောတာ ကြားရ၊ ကျွန်​မ သားသမီး​တွေ
အင်္ဂလိပ်​စကား ကျွမ်းလိုက်​တာ၊ ကာဒစ်​​တော့ က​ဘောက်​တိက​ဘောက်​ချာ
သူတို့နဲ့ အမြင်​မတူတိုင်း
သူတို့ချင်း နှစ်​သိမ့်​စကားက
Don't worry about mum, she's Kutdishတဲ့
အိမ်​ထဲမှာ ကျွန်​မဟာ
တိုင်းခြားသူ​လေလား
My children
I can hear them talking, my children
flutent English and broken Kurdish.
And whenever I disagree with them
they will comfort each other by saying:
Don't worry about mum, she' Kurdish.*
Will I be the foreigner in my own
home?
Choman Hardi
*စာလုံး​စောင်း
Friday, August 29, 2014
မိုးလင်းမယ်​မှမကြံခင်
မိုးလင်းမယ်​မှ မကြံခင်
ဆိုး သတင်း​တွေလျှံတဲ့​ခေတ်
ချစ်​ချင်​စိတ်​က​လေး ဖယ်
ပြေးဟယ်​၊ လွှားဟယ်
သွားဟယ်​၊ လာဟယ်
ရုန်းဟယ်​၊ ကန်​ဟယ်
ဆဲဟယ်​၊ ဆူဟယ်
ပြောဟယ်​၊ ​ဟောဟယ်နဲ့
တကိုယ်​စာ နိုင်​ငံ​ရေး
ဉာတကာ နိုင်​ငံ​ရေး
တစ်​​လောကာ နိုင်​ငံ​ရေး
ဘယ်​​လောက်​ပင်​ ထွက်​​ပြေး​ပြေး
ဝေး​ဝေး​ပြေးမရတဲ့ နိုင်​ငံ​ရေး
ညအိပ်​ရာဝင်​ချိန်​​လေး
အချစ်​ မင်းရဲ့အသက်​ရှူသံ​ဘေးမှာ
မှေးပရ​စေလားကွယ်
မုန်း​အောင်
6.7.2014
11:40
စော
စော
မျောက်​တစ်​​ကောင်​ပါဆိုမှ
အ​မောက်​​ထောင်​ပြရမတဲ့လား
ခွေးလည်း ​ခွေးအ​လျောက်
မတ်​ရပ်​​လျှောက်​လို့အမြင်​မ​တော်
ခွေးသိက္ခာ အ​စော်​ကားခံရသလို
ကျားဆိုလည်းကျား
အသားစားရဖို့
အ​ချောင်​ရမယ်​ဆိုရုံနဲ့
ဟောင်​ပြရမလားကွယ်​တို့
ငါဟာ ကရင်
အထင်​အမြင်​ ​သေး​သေးကြီးကြီး
ငါ့နာမည်​​ရှေ့မှာ
စော ဆိုရင်​ပြီးတယ်
ငါ့​သွေးဟာ
ရှင်​ဘုရင်​ထက်​​တောင်​ ​ဈေးကြီး​လေရဲ့
မုန်း​အောင်
အချစ်​ မင်း
အချစ်​ မင်း
အချစ်​ မင်းကို
မြွေခြင်​​ထောင်​ အမှတ်​နဲ့
တစ်​ဦးတည်း ဝှက်​စားဖို့ ကြံခဲ့ဖူးတယ်​။
အချစ်​ မင်းကို
ကြောင်​တစ်​​ကောင်​ အမှတ်​နဲ့
ပွတ်​သပ်​ ​ချော့မြှူခဲ့ဖူးတယ်​။
အချစ်​ မင်းကို
ယုန်​တစ်​​ကောင်​ အမှတ်​နဲ့
လုံခြုံမှု​လေး​တွေ ​ပေးချင်​ခဲ့ဖူးတယ်​။
အချစ်​ မင်းကို
ငှက်​တစ်​​ကောင်​ အမှတ်​နဲ့
လွတ်​လပ်​စွာ ပျံသန်း​စေချင်​တယ်​။
အချစ်​ မင်းကို
ကြွက်​တစ်​​ကောင်​ အမှတ်​နဲ့
စကားသံများမှာ ဆူညံ​နေဖူးရဲ့။
အချစ်​ မင်းကို
မှန်​တစ်​ချပ်​ အမှတ်​နဲ့လည်း
ကိုယ့်​ရုပ်​ပုံလွှာကို ထင်​ဟပ်​ကြည့်​ခဲ့ဖူးတယ်​။
အချစ်​ မင်း​လေ
"သူမပါရင်
အပြင်​​ခြေတစ်​လှမ်း လှမ်းဖို့မဝံ့ပါ"လို့
ပြောတဲ့အခါ
ဒီကမ ၻာမွာ
အချစ်​ မင်းကိုးစားရာ
ကိုယ်​ပါလားရယ်​လို့
ည​တွေဟာ ​ပျော်​ခဲ့ဖူးပါရဲ့။
ဒါ​ပေမယ့်
အချစ်​၊ ကိုယ်
မယုံနိုင်​စရာ ထိတ်​လန့်​အံ့သြ
နု၍လှ​သော မင့်​​ခြေဖဝါး​အောက်​က
အိမ်​စီးဖိနပ်​တစ်​ရံသာဖြစ်​​ကြောင်း
ကိုယ့်​ဦး​ခေါင်းက သိလက်​ခံလိုက်​တဲ့ခဏ
အချစ်​ မင်း​လေ
ကိုယ်​ အမြတ်​နိုးဆုံးနမ်းခဲ့တဲ့
ကိုယ်​ အမုန်းဆုံးပန်းတစ်​ပွင့်​ပါပဲ။
မုန်း​အောင်
24.3.1994
23:20
မျှေ်​လင့်​ခြင်းဘူတာရုံ
မျှော်​လင့်​ခြင်းဘူတာရုံ
လက်​ခုပ်​နဲ့ ​ရေခပ်​​တော့
လက်​ကြားက ​ရေယို
လက်​စိုတာပဲ အဖတ်​တင်​တယ်
ကြေကွဲရခြင်းများနဲ့ ​မွေ့​လျော်
ပျော်​ရွှင်​တဲ့ အချိန်​ဆိုတာ
တစိမ့်​စိမ့်​ ​ကြေကွဲ​နေတဲ့အခါမှာ​ပေါ့
ငါ့​နေထိုင်​မှုဟာ
ငါ မကြာခဏ ဖတ်​ရှု​နေတဲ့
ဘာသာ​ရေးကျမ်း​တွေနဲ့ လမ်းခွဲ
အမှား​တွေနဲ့ မိုက်​မဲရတာ
လှိုက်​လှိုက်​လှဲလှဲ ရွှင်​ကြည်​တယ်
ပုဂ္ဂလအပြစ်​အပုံအပင်​နဲ့
ကင်​ပွန်းတပ်​ခံထားရတာ
သီးခြားဂုဏ်​ယူစရာ​ပေါ့
သူမတို့ ထားထားသွား​တော့
ရည်းစားများသူဖြစ်​လာတယ်
မယုံကြည်​ရင်​ ဘာမှမလုပ်​​တော့
လူရာမဝင်​သူဖြစ်​လာတယ်
သူ ယုံကြည်​တာ ငါ မယုံကြည်​​တော့
ငါသာ လူမိုက်​ဖြစ်​လာတယ်
အစာခွက်​ပြပြီး
ပုဆိန်​နဲ့ ​ခေါင်းထုတတ်​​တော့
အ​ပေါင်းအသင်းဆိုတာလည်း
ဟင်းချိုလို ပူတုန်းခဏ​ကောင်းတယ်
ဒီလိုနဲ့
အရက်​ခွက်​​တွေကို
အသည်း ​ကျွေးပစ်​လိုက်​တယ်
အ​တွေးသစ်​ရလာမယ့်​ ည​တွေကို
အိပ်​မပစ်​ရက်​​အောင်​ချစ်​လာတယ်
မျှော်​လင့်​ခြင်း ဘူတာရုံ
တစ်​စီးထွက်​ရင်​ တစ်​စီးဝင်​မယ်
စိတ်​ရှည်​ဖို့ပဲ လို​တော့တယ်
မုန်း​အောင်
၁၉၉၄
ကင်းကင်း​နေမှ
ကင်းကင်း​နေမှ
ခပ်​ကင်းကင်း​နေမှ
သင်းတို့ကိုသင်းတို့ ကိုလံဘတ်​ထင်​​နေသူ​တွေနဲ့။
ကင်းကင်း​နေမှ
ခပ်​ကင်းကင်း​နေမှ
မျောက်​ကို ​ရေ​လောင်းခိုင်းသူ​တွေနဲ့။
ကင်းကင်း​နေမှ
ခပ်​ကင်းကင်း​နေမှ
ဘောလုံး​နောက်​ ပြုံလိုက်​​နေသူ​တွေနဲ့။
ကင်းကင်း​နေမှ
ခပ်​ကင်းကင်း​နေမှ
ဝမ​ရေးတတ်​ခင်​ လူပါးဝနည်းတတ်​​နေတဲ့​ကောင်​​တွေနဲ့။
ကင်းကင်း​နေမှ
ခပ်​ကင်းကင်း​နေမှ
ကောင်းတဲ့အကြံ ​ကောင်းတဲ့အ​တွေး
တစ်​​ရွေးသားမှမရှိတဲ့ ငါသာ​ကောင်း​တွေနဲ့။
သင်းတို့နဲ့ကင်းကင်း
ချောက်​ထဲခုန်​ဆင်းကာ
ငါ့ဘာသာငါ အတွင်းအားကျင့်​​တော့မယ်​။
မုန်း​အောင်
19.8.2014
01:11
ဒင်း​တော့
ဒင်း​တော့
မျက်​စိက မြင်
မြင်​တယ်​ဆို ပြီး​ရော​ပေါ့။
နားက​နေ ကြား
ကြားတယ်​ဆို ပြီး​ရော​ပေါ့။
လျှာက​နေ စား
စားတယ်​ဆို ပြီး​ရော​ပေါ့။
ခု​တော့
မပြီးနိုင်​ မစီးနိုင်
အထိ​အ​တွေ့၊ အကြားအမြင်
စားချင်​ ​မွှေးချင်
ကြားကဝင်​ ခံစားရ​အောင်
စားရတာလည်း ဒင်းမဟုတ်
မြင်​ရတာလည်း ဒင်းမဟုတ်
နမ်းရတာလည်း ဒင်းမဟုတ်
အားအားယား ဒင်းဝင်​ရှုပ်
ဆို​ပြောရခက်​တဲ့ အို မ​နောယုတ်​။
မုန်း​အောင်
26.7.2014
10:29
ငါ့ရဲ့သူမည
ငါရဲ့ သူမည
သတိရစိတ်
အိပ်​ခက်​ညမှာ၊ ကဗျာမ​ရေး
တေးလည်းမဆို၊ ​ဆေးလိပ်​တိုတို့
ဟိုမှာ ဒီမှာ ပြန့်​ပြန့်​ကျဲ။
ဒီအချိန်​ဆို
ငါ့လိုအိပ်​ခက်
ညဉ့်​နက်​နက်​မှာ
စိတ်​​ယောက်​ယက်​ခတ်
လမ်းထွက်​​လျှောက်​လို့​နေသလား။
သို့မဟုတ်​လျှင်
သင်္ချာစာအုပ်
ခေါင်းကိုကုပ်​လို့
စိတ်​ရှုပ်​လာပြီး
O.D.E က
ငြီး​ငွေ့စရာ
ဘာ​တွေမှန်းကို
မသိဆိုကာ ချဉ်​ထုပ်​စားလို့​နေသလား။
သို့မဟုတ်​က
သူမချစ်​သူ၊ အ​ဝေးလူဆီ
စိတ်​ရည်​လွမ်းတ၊ နှုတ်​ခမ်းကိုက်​ဟ
လျလျညှဉ်းညှဉ်း
သက်​ပြင်း​မော​တွေ ချ​နေမလား။
သို့မဟုတ်​တုံ
အာရုံလွင့်​​မျော
မေ့​မောနှစ်​ခြိုက်
အိပ်​စက်​ခိုက်​လား။
အို ဘာမသိ
သတိမခြုပ်​၊ စိတ်​ရုပ်​မရ
ထိုင်​ထ ထထိုင်
ငေးငိုင်​တစ်​ချက်
အိပ်​တန်းပျက်​ဆိုး
မအိပ်​နိုးသည်
တစ်​မိုး​သောက်​စွ
သူမ ငါ့ကို ခိုးတဲ့ည။
မုန်း​အောင်
6.9.1995
12:27am
တိမ်​ကွဲ
တိမ်​ကွဲ
မိခင်
အိပ်​ရာထဲဝင်
စိတ်​ကူးယဉ်​ကမ္ဘာ​လေးတည်​​ဆောက်
အွန်​လိုင်း​ပေါ်မှာ
ရည်းစားဆယ်​ကိုး​ယောက်​နဲ့
ချက်​လို့...
အ​ဖေ
ရေဒီယို အနားချ
ဂျာနယ်​​တွေ ဗရပွ
ကော်​ဖီခွက်​က ​အေးစက်
စီးကရက်​မီးခိုး​တွေ တလူလူတက်​လို့...
က​လေး​တွေ
စာ​ရေး​နေတာလား?
ဂိမ်းပ​လေး​နေသလား?
ဓားများ​သွေး​နေကြ​ရော့လား?
မုန်း​အောင်
5.9.2013
23:45
ကျောင်း​မြေ အမွန်
ဒေါင်း​တွေ မတွန်​ကျူး။
ခွေးဖင်
ချေးမစင်​စား​တွေက
ကောင်းအ​ခြေ
ပြောင်းသ​လေ ဘယ်​လိုရွှီး
ရီးမှယုံဘူး။
မုန်း​အောင်
4.8.2013
14:10