Friday, August 29, 2014

စော

စော

မျောက်​တစ်​​ကောင်​ပါဆိုမှ
အ​မောက်​​ထောင်​ပြရမတဲ့လား
ခွေးလည်း ​ခွေးအ​လျောက်
မတ်​ရပ်​​လျှောက်​လို့အမြင်​မ​တော်
ခွေးသိက္ခာ အ​စော်​ကားခံရသလို
ကျားဆိုလည်းကျား
အသားစားရဖို့
အ​ချောင်​ရမယ်​ဆိုရုံနဲ့
ဟောင်​ပြရမလားကွယ်​တို့
ငါဟာ ကရင်
အထင်​အမြင်​ ​သေး​သေးကြီးကြီး
ငါ့နာမည်​​ရှေ့မှာ
စော ဆိုရင်​ပြီးတယ်
ငါ့​သွေးဟာ
ရှင်​ဘုရင်​ထက်​​တောင်​ ​ဈေးကြီး​လေရဲ့

မုန်း​အောင်

No comments:

Post a Comment