Friday, August 29, 2014

မိုးလင်းမယ်​မှမကြံခင်

မိုးလင်းမယ်​မှ မကြံခင်
ဆိုး သတင်း​တွေလျှံတဲ့​ခေတ်
ချစ်​ချင်​စိတ်​က​လေး ဖယ်
ပြေးဟယ်​၊ လွှားဟယ်
သွားဟယ်​၊ လာဟယ်
ရုန်းဟယ်​၊ ကန်​ဟယ်
ဆဲဟယ်​၊ ဆူဟယ်
ပြောဟယ်​၊ ​ဟောဟယ်နဲ့
တကိုယ်​စာ နိုင်​ငံ​ရေး
ဉာတကာ နိုင်​ငံ​ရေး
တစ်​​လောကာ နိုင်​ငံ​ရေး
ဘယ်​​လောက်​ပင်​ ထွက်​​ပြေး​ပြေး
ဝေး​ဝေး​ပြေးမရတဲ့ နိုင်​ငံ​ရေး
ညအိပ်​ရာဝင်​ချိန်​​လေး
အချစ်​ မင်းရဲ့အသက်​ရှူသံ​ဘေးမှာ
မှေးပရ​စေလားကွယ်

မုန်း​အောင်
6.7.2014
11:40




No comments:

Post a Comment