Sunday, August 31, 2014

Czech Republic

Czech Republic

မိုက်​ခရိုစကုပ်​ထဲမှာ

ဟောဒီမှာ
စွန့်​ပစ်​ပျက်​စီး​နေတဲ့ လရဲ့
စိတ်​ကူးယဉ်​​နေ ရှု​မျှော်​ခင်း​တွေ။
ဟောဒီမှာ
ထွန်​ယက်​ထားတဲ့ ​မြေစာခဲ အပုံအပင်​။
ပြီး​တော့ အကျဉ်းခန်းများ၊
ဈေး​ပေါ​ပေါနဲ့ အသက်​​ပေးသွားတဲ့
တိုက်​ခိုက်​​ရေးသမားများ။

ဟောဒီမှာ
ကျော်​ကြားတဲ့ နှင်းဖုံး သင်္ချိုင်းများ။
သြ ကျယ်​​ပြောလှတဲ့ တို့​မြေယာ​တွေရဲ့
ပုန်​ကန်​သံ တိုးသဲ့သဲ့ကို
ငါကြားရဲ့။
In the microscope

Here too are dreaming landscapes,
lunar, derelict.
Here too are the masses,
tillers of the soil.
And cells, fighters
who lay down their lives
for a song.

Here too are cemeteries,
fame and snow.
And I hear murmuring,
the revolt of immense estates.

Miroslav Holub
translated by Ian Milner

?

?

ခို
ခံ


ချက်​ချာ
ချင့်​ချိန်
ချ

မုန်း​အောင်
10.2.2014
15:15

ဖတ်​စာ(၃)

ဖတ်​စာ(၃)

ဘဝဂ်
ဘဝင်
ဘဝ


နဂို
နရက်

မုန်း​အောင်
10.2.2014
14:10

ဖတ်​စာ(၂)

ဖတ်​စာ(၂)


ရင့်
ရိုင်း

ယုတ်
ယိမ်း
ယိုင်

မုန်း​အောင်
10.2.2014
14:00

ဖတ်​စာ(၁)

ဖတ်​စာ(၁)

က
ကြွ
ကြွား

ကျား
ကျ
-

မုန်း​အောင်
10.2.2014
13:20

Saturday, August 30, 2014

သွေးစင်​ပန်း

"​သွေးစင်​ပန်း"

ရှေး​ရှေးတုန်းက
ကရင်​မုဆိုးမကြီး တစ်​​ယောက်​မှာ၊
မူယယ်​ဖဲလို့​ခေါ်တဲ့
သမီး​ချော​လေး ရှိ​လေရာ။
သူ့အလှအ​ကြောင်း
တစ်​​ယောက်​စကားက တစ်​​ယောက်​နား၊
ထိုင်းဘုရင်​ကြီးရဲ့
ရွှေနား​တော်​သို့ ​ရောက်​ကာသွား။
ဘုရင်​ကြီးလည်း
ကြားရသတင်း မှန်​ မမှန်​၊
အ​ထောက်​​တော်​များကို
စုံစမ်းဖို့ ​စေလွှတ်​ပြန်​။
ပြန်​လာတဲ့
အ​ထောက်​​တော်​​တွေ ​လျှောက်​ကာထား၊
မူယယ်​ဖဲဟာ
နတ်​​ဒေဝီတမျှ လှ​ကြောင်းပါဘုရား။
မူယယ်​ဖဲကို အရယူဖို့
ဘုရင်​ ပရိယာယ်​ဆင်​၊
လုပ်​ခ​ကောင်း​ကောင်း​ပေးမယ်
နန်း​တော်​မှာ အမှုထမ်းကြ ​ဆွေကရင်​။
ဆင်းရဲတဲ့ မိခင်
အကြိမ်​ကြိမ်​ တိုက်​တွန်း​တော့၊
မူယယ်​ဖဲခမျာ
မ​ရှောင်​သာမလွှဲသာ နန်းတွင်းမှာ
အလုပ်​ လုပ်​ရရှာ​ပေါ့။
ဘုရင်​ကြီး
မူယယ်​ဖဲအား ​တွေ့​သောအခါ၊
ရွှေ​ဘော​တော်​ကျသဖြင့်
သိမ်းပိုက်​ဖို့ အခွင့်​ရှာ။
ကောင်​မက​လေး
အလုပ်​ခွင်​က​နေ အိမ်​ပြန်​သွားတိုင်း၊
ဘုရင်​ကြီးက
လူယုံ​တော်​တစ်​ဦးကို ​ခြေရာခံခိုင်း။
ပြန်​တိုင်း ပြန်​တိုင်း
စမ်း​ချောင်း​ရောက်​ရင်​ မူယယ်​ဖဲ အနားယူ၊
ရေ​သောက်​တဲ့အခါ
ပါးစပ်​က​နေ သက်​တန့်​​ရောင်​စုံ
ထွက်​တဲ့သူ။
ဘုရင်​ကြီး
ကြားသတင်း​ကြောင့်​ မ​နေနိုင်​​တော့၊
အတင်းကြီး​ရော အဓမ္မကြီးပါ
သိမ်းလို့ပိုက်​လို့ မိဖုရား​မြှောက်​တာ​ပေါ့။
ကောင်​မ​လေးနဲ့
ဝမ်းကွဲအစ်​ကို လုလင်​၊
ရည်​ငံ​နေတာ
အ​တော်​ကြာပြီ ​ရှေးယခင်။
လုလင်​လည်း
ရဲရဲဝံ့ဝံ့ ဘုရင့်​ထံသွား၊
သူ့ချစ်​သူကို
ပြန်​​ပေးပါ ​လျှောက်​ကာထား။
ဘုရင်​လည်း
မဖြစ်​နိုင်​ဘူးထင်​ ပရိယာယ်​ဆင်​၊
ပြန်​​ပေးမယ်
အဆစ်​တစ်​ခုတည်း
သုံး​ပေထက်​မနည်း ရှည်​တဲ့ဝါး
ဆက်​သနိုင်​ခဲ့ရင်​။
ချစ်​သူလုလင်
အ​သော့အလျင်​ ရွာပြန်​သွား၊
ခုတ်​​ချေ​ပေါ့
'ဝါ​သော'ဆိုတဲ့ ကရင်​ဝါး။
မှာတဲ့ဝါး
ဘုရင့်​အား ဆက်​သ​သော ထိုအခါ၊
ဘုရင့်​ထုံးစံအတိုင်း
ဖျက်​တာ​ပေါ့ သူ့ကတိကိုသာ။
နောက်​တစ်​ခါ
ဆက်​သဦး အဝါ​ရောင်​ ဝါးရွက်​၊
သွေ့ခြင်း ​ခြောက်​ခြင်း
အလျင်းမရှိ ပါဘဲလျှက်​။
ဘုရင်​ကြီး
မမြင်​ဖူးလို့ ခက်​ခက်​ထင်​​နေတာ၊
'ဝါ​ဘော'ဆိုတဲ့ဝါး
ကရင်​ရွာမှာ ​ပေါလို့​သောလို့ပါ။
ဒီတစ်​ခါ
ဘုရင်​ မငြင်းသာ​တော့၊
ကတိအတိုင်း
မူယယ်​ဖဲကို ပြန်​​ပေးရတာ​ပေါ့။
လုလင်​လည်း
ကောင်​မ​လေးကို ဇာတိရွာပြန်​​ခေါ်၊
နင်​ အပျိုစစ်​​သေးလား
မေး​တော့ မြန်း​တော့ ​ပေါ်။
ချောင်းကိုဖြတ်​တဲ့သူ
ခြေစိုစမြဲ၊
ရိုးရိုးသားသား ​ဖြေရှာ
မူယယ်​ဖဲ။
အသဲ ကျွဲခတ်​သလို
မခံစားနိုင်​ရှာတဲ့ လုလင်​ပျို၊
နင်​ပြန်​သွား​တော့
နင့်​လင်​ ဘုရင့်​ဆီကို။
ငိုကာယိုကာ
ပြန်​ရှာ​ပေါ့ ကံဆိုးမ​လေး၊
ဘုရင့်​​ဒေါသ ​ထောင်း​ထောင်းထ
သေဒဏ်​ အပြစ်​​ပေး။
ဆင်​ကန်းတွန်းချ
သစ်​တုံး တွင်းထဲကျ​သော့ခါ၊
အား မမြင်​ရင်​စရာ
ငေါက်​​ငေါက်​ပန်း ​သွေးထွက်​လာ။
တစ်​​နေ့
ချစ်​သူအစ်​ကို ​တောထဲ ခရီးသွား၊
ဆန်းပြားတဲ့ အသံ
ကျမကို ပြန်​ပို့​ပေးပါလား။
ကြည့်​​တော့လည်း
လူတစ်​​ယောက်​မှမမြင်​၊
နီတျာတျာ ပန်းတစ်​ခက်
ဟိုး သစ်​ပင်​ထိပ်​ဖျားတွင်​။
ဟဲ့ နင်​ဘယ်​သူလဲ
မေး​တော့၊
သွေးစင်​ပန်းက​လေး မူယယ်​ဖဲဟာ
ကျမပဲ​ပေါ့။

မုန်း​အောင်
31.8.2014
02:05am

Shattering Cloud

Shattering Cloud

Mother
in bed
living in a fantasy world
chattering with her online boyfriends.

Father
listening to the radio
lying amid the scattering weeklies
a cup of coffee getting cold
puffing cigarette smoke into the air.

Children
studying their lessons?
or playing computer games?
or sharpening knives?

Mone Aung
10.9.2013

XXXIX from The Arab Apocalypse

အာရပ်​ကမ္ဘာ ပျက်​စီးခြင်း

သက်​ရှိ​တွေက အ​လောင်း​တွေ​ပေါ်မှာ ပုပ်​​ဆွေးတဲ့အခါ
တိုက်​ပွဲဝင်​သူ​တွေရဲ့သွားများ ဓား​တွေဖြစ်​သွားတဲ့အခါ
စကားလုံး​တွေ အဓိပ္ပာယ်​​ပျောက်​ကာ အာဆင်းနစ်​အဆိပ်​ဖြစ်​သွားတဲ့အခါ
ကျူး​ကျော်​သူ​တွေရဲ့ လက်​သည်း​ခြေသည်း​တွေ တိရစ္ဆာန်​ လက်​သည်း​ခြေသည်း​တွေ ဖြစ်​သွားတဲ့အခါ
မိတ်​​ဆွေ​ဟောင်း​တွေက လူသတ်​ပွဲကြီးနွှဲကြဖို့ အလျင်​လိုလာကြတဲ့အခါ
အောင်​နိုင်​သူ​တွေရဲ့မျက်​လုံးများ သက်​ရှိကျည်​​တွေဖြစ်​လာတဲ့အခါ
ဓမ္မဆရာ​တွေက တူကို​ကောက်​ကိုင်​ကာ ကားစင်​တင်​ သတ်​ကြဖြတ်​ကြတဲ့အခါ
အာဏာပိုင်​​တွေက ရန်​သူကို တံခါးဖွင့်​​ပေးတဲ့အခါ
တောင်​​ပေါ်သား​တွေရဲ့​ခြေ​ထောက်​​တွေ ဆင်​​တွေအလား ​လေးလံလာတဲ့အခါ
နှင်းဆီပန်း​တွေက သုဿန်​တစပြင်​မှာသာ​ပေါက်​​တော့တဲ့အခါ
ပါလက်​စတိုင်းသားရဲ့အသည်းကို သူမ​သေခင်​စားကြတဲ့အခါ
နေကိုယ်​တိုင်​က မသာလွှမ်းတဲ့အဝတ်​စဖြစ်​ဖို့ကလွဲ ဘာရည်​ရွယ်​ချက်​မှမရှိ​တော့တဲ့အခါ

လူသားဒီ​ရေ တက်​တက်​လာတယ်​။

ပြန်​ မုန်း​အောင်
XXXIX from The Arab Apocalypse
By Etel Adnan
When the living rot on the bodies of the dead
When the combatants' teeth become knives
When words lose their meaning and become arsenic
When the aggressors' nails become claws
When old friends hurry to join the carnage
When the victors' eyes become live shells
When clergymen pick up the hammer and crucify
When officials open the door to the enemy
When the mountain peoples' feet weigh like elephants
When roses grow only in cemeteries
When they eat the Palestinian's liver before he's even dead
When the sun itself has no other purpose than being a shroud

the human tide moves on.

The Prey

အီရတ်​ကဗျာ
သား​ကောင်

ဒဏ်​ရာရသား​ကောင်​​နောက်​က
လင်းယုန်​တစ်​အုပ်​လို
တစ်​ဦးကိုတစ်​ဦး မုန်းတီးရွံရှာ​ပေမယ့်
ဒေါသ​တွေက အီရတ်​အ​ပေါ် စုပုံကျ၊
ည ည
နှုတ်​ခမ်း​တွေမှာ ​သွေး​စ စွန်း​ပေ​နေပါကလားလို့
သတိမထားမိဘဲ
အ​မှောင်​ရဲ့​တောင်​ပံ​အောက်​က
သားရဲတွင်း​တွေဆီ ပြန်​ပြန်​လာကြ၊
မနက်​မိုးလင်းမှ
ညတုန်းက ပွဲ​တော်​ကြီးတည်​ခဲ့တဲ့
သား​ကောင်​ဟာ
သူတို့သား​တွေရဲ့ အသားပါလားရယ်​လို့
သိရတဲ့အခါ
ရှက်​စရာအဖြစ်​က
သူတို့လိပ်​ပြာ​တွေကို နှုတ်​ပစ်​လိမ့်​မယ်​။
ပြန်​-မုန်း​အောင်
The Prey
By Adil Abdullah
Translated by Soheil Najm

Like a flock of eagles on their wounded prey
The furies have descended on Iraq
In spite of all their hatred for each other.
Each night they return to their lairs
Under the wing of darkness,
Oblivious to the blood
That smears their mouths.
But shame will seize their souls
When they discover, in the morning light
The prey they feasted on last night
Was the flesh of their own children.

The Heart of a Woman

အီရတ်​ကဗျာ
မိန်းမတစ်​​ယောက်​ရဲ့ နှလုံးသား

မိန်းမတစ်​​ယောက်​ရဲ့ နှလုံးသားဆိုတာ
ပတ်​စပို့မပါဘဲ ငါဝင်​နိုင်​တဲ့
တစ်​ခုတည်း​သော နိုင်​ငံ၊
ဘာရဲ တစ်​​ကောင်​တစ်​မြီးမှ မရှိတဲ့
နိုင်​ငံ​လေ။
ကိုယ့်​ကို ကဒ်​​တောင်းမယ့်​ ရဲလည်းမရှိ
မှောင်​ခိုသွင်းလာတဲ့ အ​ပျော်​​တွေ၊
ပိတ်​ပင်​ခံထားရတဲ့ ကဗျာ​တွေ၊
အနံ့အရသာရှိလှတဲ့ ​ကြေကွဲမှု​တွေ
အပြည့်​နဲ့ ငါ့ခရီး​ဆောင်​အိတ်​ကို
ရှာမယ့်​ ရဲလည်းမရှိတဲ့နိုင်​ငံ​ပေါ့။
မိန်းမတစ်​​ယောက်​ရဲ့ နှလုံးသားဆိုတာ
လက်​နက်​​တွေ အ​မြောက်​အများစုပုံမထားတဲ့
သူနိုင်​ငံအတွက်
သူ့နိုင်​ငံသားကို
အတင်းဝင်​ စစ်​မတိုက်​ခိုင်းတဲ့
တစ်​ခုတည်း​သောတိုင်းပြည်​​ပေါ့။
 
ပြန်​-မုန်း​အောင်
The Heart of a Woman
By Lateef Helmet
Translated by Soheil Najm

The heart of a woman is the only country
That I can enter without a passport,
Where no policeman
Asks me for my card
Or searches my suitcase
Full of contraband joys
Forbidden poems
And delicious sorrows.
The heart of a woman is the only country
That does not heap up heavy weapons
Nor force its citizen to fight its wars.      



     

The birds will still sing

Luxembourgကဗျာ
ငှက်​​တွေ ​တေးဆက်​ဆို​ပေလိမ့်

ငါ့အကိုင်းအခက်​​တွေကို ချိုးဖဲ့
အပိုင်းပိုင်း ငါ့ကိုမြင်
ငါ့အမြစ်​​တွေထဲ
ငှက်​​တွေ ​တေးဆက်​ဆို​ပေလိမ့်

The birds will still sing

Break my branches
saw me into bits
the birds will still sing
in my roots

Anise Koltz
translated by John Montague

50-50

၅၀-၅၀

ကောင်​မ​လေး
"ဒီ​လောကကြီးထဲမှာ ငါ့တစ်​​ယောက်​တည်း
ကိုယ့်​အိပ်​ရာကို မျှအိပ်​မယ့်​သူလည်း မရှိ
ကိုယ့်​လက်​ကို ဆုပ်​ကိုင်​မယ့်​သူလည်း မရှိ
အမှန်​​တော့ဟယ်
ငါ့မှာ ဘဲကိုမရှိတာ"

ကောင်​​လေး
"နင့်​ပြဿနာက
နင့်​မှာ ​ခေါင်းမရှိတာဟဲ့
နင့်​မှာသာ ​ခေါင်းရှိရင်
နင်​သာ ဦး​နှောက်​သုံးမယ်​ဆိုရင်
ငါ နင်​နဲ့ မကြာမကြာ ​နေ​ပေးမှာ​ပေါ့"

ကောင်​မ​လေး
"ဒါဖြင့်​ ငါဘာလုပ်​ရမလဲ၊ ​ဘေဘီ"

ကောင်​​လေး
"နင့်​ အိပ်​ရာကို မျှ့
ပြီး​တော့ နင့်​​ငွေကို​ရောပ"

50-50

I'm all alone in this world, she said,
Ain't got nobody to share my bed,
Ain't got nobody to hold my hand-
The truth of matter's
I ain't got no man.

Big Boy opended his mouth and said,
Trouble with you is
You ain't got no head!
If you had a head and used your mind
You could have me with you
All the time.

She answer, Babe, what must I do?

He said, Share your bed-
And your money, too.

Langston Hughes

My Voice

Afghanistanကဗျာ
"ငါ့အသံ"

ငါ့နှုတ်​ခမ်း​ပေါ်မှာ အသံတိတ်​​တေးတစ်​ပုဒ်​နဲ့
ငါ့​ကျော​ပေါ်မှာ နိုင်​ငံခြားဖြစ်​​ကျောပိုးအိတ်​တစ်​လုံးနဲ့
ရပ်​​ဝေး​မြေက ငါလာတယ်

ဘဝမြစ်​ထဲ စုန်​ဆင်းလိုက်​​တော့မှ
(ဂျွန်​နာ လိုပဲ)
ဝေလငါး အမြိုခံထားရတဲ့
ငါ့အသံကို ​တွေ့တယ်

ငါ့တကယ့်​ဘဝက ငါ့အသံထဲမှာ ​နေတယ်

*ဂျွန်​နာနဲ့​ဝေလငါးပုံပြင်​ ဓမ္မ​ဟောင်းကျမ်းမှာရှိ
ကြမ္မာဆိုးသယ်​လာသူ
My Voice

I come from a distant land
With a foreign knapsack on my back
With a silenced song on my lips

As I travelled down the river of my life
I saw my voice
(like Jonah)
swallowed by a whale

And my very life lived in my voice

Kabul, December 1987
Partaw Naderi
translated by Sarah Maguire
and Yama Yari

My children

Kurdistanကဗျာ
ကျွန်​မ က​လေး​တွေ

သူတို့​ပြောတာ ကြားရ၊ ကျွန်​မ သားသမီး​တွေ
အင်္ဂလိပ်​စကား ကျွမ်းလိုက်​တာ၊ ကာဒစ်​​တော့ က​ဘောက်​တိက​ဘောက်​ချာ

သူတို့နဲ့ အမြင်​မတူတိုင်း
သူတို့ချင်း နှစ်​သိမ့်​စကားက
Don't worry about mum, she's Kutdishတဲ့

အိမ်​ထဲမှာ ကျွန်​မဟာ
တိုင်းခြားသူ​လေလား

My children

I can hear them talking, my children
flutent English and broken Kurdish.

And whenever I disagree with them
they will comfort each other by saying:
Don't worry about mum, she' Kurdish.*

Will I be the foreigner in my own
home?

Choman Hardi
*စာလုံး​စောင်း

Friday, August 29, 2014

မိုးလင်းမယ်​မှမကြံခင်

မိုးလင်းမယ်​မှ မကြံခင်
ဆိုး သတင်း​တွေလျှံတဲ့​ခေတ်
ချစ်​ချင်​စိတ်​က​လေး ဖယ်
ပြေးဟယ်​၊ လွှားဟယ်
သွားဟယ်​၊ လာဟယ်
ရုန်းဟယ်​၊ ကန်​ဟယ်
ဆဲဟယ်​၊ ဆူဟယ်
ပြောဟယ်​၊ ​ဟောဟယ်နဲ့
တကိုယ်​စာ နိုင်​ငံ​ရေး
ဉာတကာ နိုင်​ငံ​ရေး
တစ်​​လောကာ နိုင်​ငံ​ရေး
ဘယ်​​လောက်​ပင်​ ထွက်​​ပြေး​ပြေး
ဝေး​ဝေး​ပြေးမရတဲ့ နိုင်​ငံ​ရေး
ညအိပ်​ရာဝင်​ချိန်​​လေး
အချစ်​ မင်းရဲ့အသက်​ရှူသံ​ဘေးမှာ
မှေးပရ​စေလားကွယ်

မုန်း​အောင်
6.7.2014
11:40




စော

စော

မျောက်​တစ်​​ကောင်​ပါဆိုမှ
အ​မောက်​​ထောင်​ပြရမတဲ့လား
ခွေးလည်း ​ခွေးအ​လျောက်
မတ်​ရပ်​​လျှောက်​လို့အမြင်​မ​တော်
ခွေးသိက္ခာ အ​စော်​ကားခံရသလို
ကျားဆိုလည်းကျား
အသားစားရဖို့
အ​ချောင်​ရမယ်​ဆိုရုံနဲ့
ဟောင်​ပြရမလားကွယ်​တို့
ငါဟာ ကရင်
အထင်​အမြင်​ ​သေး​သေးကြီးကြီး
ငါ့နာမည်​​ရှေ့မှာ
စော ဆိုရင်​ပြီးတယ်
ငါ့​သွေးဟာ
ရှင်​ဘုရင်​ထက်​​တောင်​ ​ဈေးကြီး​လေရဲ့

မုန်း​အောင်

အချစ်​ မင်း

အချစ်​ မင်း

အချစ်​ မင်းကို
မြွေခြင်​​ထောင်​ အမှတ်​နဲ့
တစ်​ဦးတည်း ဝှက်​စားဖို့ ကြံခဲ့ဖူးတယ်​။
အချစ်​ မင်းကို
ကြောင်​တစ်​​ကောင်​ အမှတ်​နဲ့
ပွတ်​သပ်​ ​ချော့မြှူခဲ့ဖူးတယ်​။
အချစ်​ မင်းကို
ယုန်​တစ်​​ကောင်​ အမှတ်​နဲ့
လုံခြုံမှု​လေး​တွေ ​ပေးချင်​ခဲ့ဖူးတယ်​။
အချစ်​ မင်းကို
ငှက်​တစ်​​ကောင်​ အမှတ်​နဲ့
လွတ်​လပ်​စွာ ပျံသန်း​စေချင်​တယ်​။
အချစ်​ မင်းကို
ကြွက်​တစ်​​ကောင်​ အမှတ်​နဲ့
စကားသံများမှာ ဆူညံ​နေဖူးရဲ့။
အချစ်​ မင်းကို
မှန်​တစ်​ချပ်​ အမှတ်​နဲ့လည်း
ကိုယ့်​ရုပ်​ပုံလွှာကို ထင်​ဟပ်​ကြည့်​ခဲ့ဖူးတယ်​။
အချစ်​ မင်း​လေ
"သူမပါရင်
အပြင်​​ခြေတစ်​လှမ်း လှမ်းဖို့မဝံ့ပါ"လို့
ပြောတဲ့အခါ
ဒီကမ ၻာမွာ
အချစ်​ မင်းကိုးစားရာ
ကိုယ်​ပါလားရယ်​လို့
ည​တွေဟာ ​ပျော်​ခဲ့ဖူးပါရဲ့။
ဒါ​ပေမယ့်
အချစ်​၊ ကိုယ်
မယုံနိုင်​စရာ ထိတ်​လန့်​အံ့သြ
နု၍လှ​သော မင့်​​ခြေဖဝါး​အောက်​က
အိမ်​စီးဖိနပ်​တစ်​ရံသာဖြစ်​​ကြောင်း
ကိုယ့်​ဦး​ခေါင်းက သိလက်​ခံလိုက်​တဲ့ခဏ
အချစ်​ မင်း​လေ
ကိုယ်​ အမြတ်​နိုးဆုံးနမ်းခဲ့တဲ့
ကိုယ်​ အမုန်းဆုံးပန်းတစ်​ပွင့်​ပါပဲ။

မုန်း​အောင်
24.3.1994
23:20

မျှေ်​လင့်​ခြင်းဘူတာရုံ

မျှော်​လင့်​ခြင်းဘူတာရုံ

လက်​ခုပ်​နဲ့ ​ရေခပ်​​တော့
လက်​ကြားက ​ရေယို
လက်​စိုတာပဲ အဖတ်​တင်​တယ်
ကြေကွဲရခြင်းများနဲ့ ​မွေ့​လျော်
ပျော်​ရွှင်​တဲ့ အချိန်​ဆိုတာ
တစိမ့်​စိမ့်​ ​ကြေကွဲ​နေတဲ့အခါမှာ​ပေါ့
ငါ့​နေထိုင်​မှုဟာ
ငါ မကြာခဏ ဖတ်​ရှု​နေတဲ့
ဘာသာ​ရေးကျမ်း​တွေနဲ့ လမ်းခွဲ
အမှား​တွေနဲ့ မိုက်​မဲရတာ
လှိုက်​လှိုက်​လှဲလှဲ ရွှင်​ကြည်​တယ်
ပုဂ္ဂလအပြစ်​အပုံအပင်​နဲ့
ကင်​ပွန်းတပ်​ခံထားရတာ
သီးခြားဂုဏ်​ယူစရာ​ပေါ့
သူမတို့ ထားထားသွား​တော့
ရည်းစားများသူဖြစ်​လာတယ်
မယုံကြည်​ရင်​ ဘာမှမလုပ်​​တော့
လူရာမဝင်​သူဖြစ်​လာတယ်
သူ ယုံကြည်​တာ ငါ မယုံကြည်​​တော့
ငါသာ လူမိုက်​ဖြစ်​လာတယ်
အစာခွက်​ပြပြီး
ပုဆိန်​နဲ့ ​ခေါင်းထုတတ်​​တော့
အ​ပေါင်းအသင်းဆိုတာလည်း
ဟင်းချိုလို ပူတုန်းခဏ​ကောင်းတယ်
ဒီလိုနဲ့
အရက်​ခွက်​​တွေကို
အသည်း ​ကျွေးပစ်​လိုက်​တယ်
အ​တွေးသစ်​ရလာမယ့်​ ည​တွေကို
အိပ်​မပစ်​ရက်​​အောင်​ချစ်​လာတယ်
မျှော်​လင့်​ခြင်း ဘူတာရုံ
တစ်​စီးထွက်​ရင်​ တစ်​စီးဝင်​မယ်
စိတ်​ရှည်​ဖို့ပဲ လို​တော့တယ်

မုန်း​အောင်
၁၉၉၄

ကင်းကင်း​နေမှ

ကင်းကင်း​နေမှ
ခပ်​ကင်းကင်း​နေမှ
သင်းတို့ကိုသင်းတို့ ကိုလံဘတ်​ထင်​​နေသူ​တွေနဲ့။
ကင်းကင်း​နေမှ
ခပ်​ကင်းကင်း​နေမှ
မျောက်​ကို ​ရေ​လောင်းခိုင်းသူ​တွေနဲ့။
ကင်းကင်း​နေမှ
ခပ်​ကင်းကင်း​နေမှ
ဘောလုံး​နောက်​ ပြုံလိုက်​​နေသူ​တွေနဲ့။
ကင်းကင်း​နေမှ
ခပ်​ကင်းကင်း​နေမှ
ဝမ​ရေးတတ်​ခင်​ လူပါးဝနည်းတတ်​​နေတဲ့​ကောင်​​တွေနဲ့။
ကင်းကင်း​နေမှ
ခပ်​ကင်းကင်း​နေမှ
ကောင်းတဲ့အကြံ ​ကောင်းတဲ့အ​တွေး
တစ်​​ရွေးသားမှမရှိတဲ့ ငါသာ​ကောင်း​တွေနဲ့။
သင်းတို့နဲ့ကင်းကင်း
ချောက်​ထဲခုန်​ဆင်းကာ
ငါ့ဘာသာငါ အတွင်းအားကျင့်​​တော့မယ်​။

မုန်း​အောင်
19.8.2014
01:11

ဒင်း​တော့

ဒင်း​တော့

မျက်​စိက မြင်
မြင်​တယ်​ဆို ပြီး​ရော​ပေါ့။
နားက​နေ ကြား
ကြားတယ်​ဆို ပြီး​ရော​ပေါ့။
လျှာက​နေ စား
စားတယ်​ဆို ပြီး​ရော​ပေါ့။
ခု​တော့
မပြီးနိုင်​ မစီးနိုင်
အထိ​အ​တွေ့၊ အကြားအမြင်
စားချင်​ ​မွှေးချင်
ကြားကဝင်​ ခံစားရ​အောင်
စားရတာလည်း ဒင်းမဟုတ်
မြင်​ရတာလည်း ဒင်းမဟုတ်
နမ်းရတာလည်း ဒင်းမဟုတ်
အားအားယား ဒင်းဝင်​ရှုပ်
ဆို​ပြောရခက်​တဲ့ အို မ​နောယုတ်​။

မုန်း​အောင်
26.7.2014
10:29

ငါ့ရဲ့သူမည

ငါရဲ့ သူမည

သတိရစိတ်
အိပ်​ခက်​ညမှာ၊ ကဗျာမ​ရေး
တေးလည်းမဆို၊ ​ဆေးလိပ်​တိုတို့
ဟိုမှာ ဒီမှာ ပြန့်​ပြန့်​ကျဲ။

ဒီအချိန်​ဆို
ငါ့လိုအိပ်​ခက်
ညဉ့်​နက်​နက်​မှာ
စိတ်​​ယောက်​ယက်​ခတ်
လမ်းထွက်​​လျှောက်​လို့​နေသလား။

သို့မဟုတ်​လျှင်
သင်္ချာစာအုပ်
ခေါင်းကိုကုပ်​လို့
စိတ်​ရှုပ်​လာပြီး
O.D.E က
ငြီး​ငွေ့စရာ
ဘာ​တွေမှန်းကို
မသိဆိုကာ ချဉ်​ထုပ်​စားလို့​နေသလား။

သို့မဟုတ်​က
သူမချစ်​သူ၊ အ​ဝေးလူဆီ
စိတ်​ရည်​လွမ်းတ၊ နှုတ်​ခမ်းကိုက်​ဟ
လျလျညှဉ်းညှဉ်း
သက်​ပြင်း​မော​တွေ ချ​နေမလား။

သို့မဟုတ်​တုံ
အာရုံလွင့်​​မျော
မေ့​မောနှစ်​ခြိုက်
အိပ်​စက်​ခိုက်​လား။

အို ဘာမသိ
သတိမခြုပ်​၊ စိတ်​ရုပ်​မရ
ထိုင်​ထ ထထိုင်
ငေးငိုင်​တစ်​ချက်
အိပ်​တန်းပျက်​ဆိုး
မအိပ်​နိုးသည်
တစ်​မိုး​သောက်​စွ
သူမ ငါ့ကို ခိုးတဲ့ည။

မုန်း​အောင်
6.9.1995
12:27am

တိမ်​ကွဲ

တိမ်​ကွဲ

မိခင်
အိပ်​ရာထဲဝင်
စိတ်​ကူးယဉ်​ကမ္ဘာ​လေးတည်​​ဆောက်
အွန်​လိုင်း​ပေါ်မှာ
ရည်းစားဆယ်​ကိုး​ယောက်​နဲ့
ချက်​လို့...
အ​ဖေ
ရေဒီယို အနားချ
ဂျာနယ်​​တွေ ဗရပွ
ကော်​ဖီခွက်​က ​အေးစက်
စီးကရက်​မီးခိုး​တွေ တလူလူတက်​လို့...
က​လေး​တွေ
စာ​ရေး​နေတာလား?
ဂိမ်းပ​လေး​နေသလား?
ဓားများ​သွေး​နေကြ​ရော့လား?

မုန်း​အောင်
5.9.2013
23:45
ကျောင်း​မြေ အမွန်
ဒေါင်း​တွေ မတွန်​ကျူး။

ခွေးဖင်
ချေးမစင်​စား​တွေက
ကောင်းအ​ခြေ
ပြောင်းသ​လေ ဘယ်​လိုရွှီး
ရီးမှယုံဘူး။

မုန်း​အောင်
4.8.2013
14:10