Friday, August 29, 2014

အချစ်​ မင်း

အချစ်​ မင်း

အချစ်​ မင်းကို
မြွေခြင်​​ထောင်​ အမှတ်​နဲ့
တစ်​ဦးတည်း ဝှက်​စားဖို့ ကြံခဲ့ဖူးတယ်​။
အချစ်​ မင်းကို
ကြောင်​တစ်​​ကောင်​ အမှတ်​နဲ့
ပွတ်​သပ်​ ​ချော့မြှူခဲ့ဖူးတယ်​။
အချစ်​ မင်းကို
ယုန်​တစ်​​ကောင်​ အမှတ်​နဲ့
လုံခြုံမှု​လေး​တွေ ​ပေးချင်​ခဲ့ဖူးတယ်​။
အချစ်​ မင်းကို
ငှက်​တစ်​​ကောင်​ အမှတ်​နဲ့
လွတ်​လပ်​စွာ ပျံသန်း​စေချင်​တယ်​။
အချစ်​ မင်းကို
ကြွက်​တစ်​​ကောင်​ အမှတ်​နဲ့
စကားသံများမှာ ဆူညံ​နေဖူးရဲ့။
အချစ်​ မင်းကို
မှန်​တစ်​ချပ်​ အမှတ်​နဲ့လည်း
ကိုယ့်​ရုပ်​ပုံလွှာကို ထင်​ဟပ်​ကြည့်​ခဲ့ဖူးတယ်​။
အချစ်​ မင်း​လေ
"သူမပါရင်
အပြင်​​ခြေတစ်​လှမ်း လှမ်းဖို့မဝံ့ပါ"လို့
ပြောတဲ့အခါ
ဒီကမ ၻာမွာ
အချစ်​ မင်းကိုးစားရာ
ကိုယ်​ပါလားရယ်​လို့
ည​တွေဟာ ​ပျော်​ခဲ့ဖူးပါရဲ့။
ဒါ​ပေမယ့်
အချစ်​၊ ကိုယ်
မယုံနိုင်​စရာ ထိတ်​လန့်​အံ့သြ
နု၍လှ​သော မင့်​​ခြေဖဝါး​အောက်​က
အိမ်​စီးဖိနပ်​တစ်​ရံသာဖြစ်​​ကြောင်း
ကိုယ့်​ဦး​ခေါင်းက သိလက်​ခံလိုက်​တဲ့ခဏ
အချစ်​ မင်း​လေ
ကိုယ်​ အမြတ်​နိုးဆုံးနမ်းခဲ့တဲ့
ကိုယ်​ အမုန်းဆုံးပန်းတစ်​ပွင့်​ပါပဲ။

မုန်း​အောင်
24.3.1994
23:20

No comments:

Post a Comment