Friday, August 29, 2014

တိမ်​ကွဲ

တိမ်​ကွဲ

မိခင်
အိပ်​ရာထဲဝင်
စိတ်​ကူးယဉ်​ကမ္ဘာ​လေးတည်​​ဆောက်
အွန်​လိုင်း​ပေါ်မှာ
ရည်းစားဆယ်​ကိုး​ယောက်​နဲ့
ချက်​လို့...
အ​ဖေ
ရေဒီယို အနားချ
ဂျာနယ်​​တွေ ဗရပွ
ကော်​ဖီခွက်​က ​အေးစက်
စီးကရက်​မီးခိုး​တွေ တလူလူတက်​လို့...
က​လေး​တွေ
စာ​ရေး​နေတာလား?
ဂိမ်းပ​လေး​နေသလား?
ဓားများ​သွေး​နေကြ​ရော့လား?

မုန်း​အောင်
5.9.2013
23:45

No comments:

Post a Comment