Friday, August 29, 2014

မျှေ်​လင့်​ခြင်းဘူတာရုံ

မျှော်​လင့်​ခြင်းဘူတာရုံ

လက်​ခုပ်​နဲ့ ​ရေခပ်​​တော့
လက်​ကြားက ​ရေယို
လက်​စိုတာပဲ အဖတ်​တင်​တယ်
ကြေကွဲရခြင်းများနဲ့ ​မွေ့​လျော်
ပျော်​ရွှင်​တဲ့ အချိန်​ဆိုတာ
တစိမ့်​စိမ့်​ ​ကြေကွဲ​နေတဲ့အခါမှာ​ပေါ့
ငါ့​နေထိုင်​မှုဟာ
ငါ မကြာခဏ ဖတ်​ရှု​နေတဲ့
ဘာသာ​ရေးကျမ်း​တွေနဲ့ လမ်းခွဲ
အမှား​တွေနဲ့ မိုက်​မဲရတာ
လှိုက်​လှိုက်​လှဲလှဲ ရွှင်​ကြည်​တယ်
ပုဂ္ဂလအပြစ်​အပုံအပင်​နဲ့
ကင်​ပွန်းတပ်​ခံထားရတာ
သီးခြားဂုဏ်​ယူစရာ​ပေါ့
သူမတို့ ထားထားသွား​တော့
ရည်းစားများသူဖြစ်​လာတယ်
မယုံကြည်​ရင်​ ဘာမှမလုပ်​​တော့
လူရာမဝင်​သူဖြစ်​လာတယ်
သူ ယုံကြည်​တာ ငါ မယုံကြည်​​တော့
ငါသာ လူမိုက်​ဖြစ်​လာတယ်
အစာခွက်​ပြပြီး
ပုဆိန်​နဲ့ ​ခေါင်းထုတတ်​​တော့
အ​ပေါင်းအသင်းဆိုတာလည်း
ဟင်းချိုလို ပူတုန်းခဏ​ကောင်းတယ်
ဒီလိုနဲ့
အရက်​ခွက်​​တွေကို
အသည်း ​ကျွေးပစ်​လိုက်​တယ်
အ​တွေးသစ်​ရလာမယ့်​ ည​တွေကို
အိပ်​မပစ်​ရက်​​အောင်​ချစ်​လာတယ်
မျှော်​လင့်​ခြင်း ဘူတာရုံ
တစ်​စီးထွက်​ရင်​ တစ်​စီးဝင်​မယ်
စိတ်​ရှည်​ဖို့ပဲ လို​တော့တယ်

မုန်း​အောင်
၁၉၉၄

No comments:

Post a Comment