Saturday, October 25, 2014
မြောက်​သို့ခရီးသွားခြင်း
မြောက်​သို့ခရီးသွားခြင်း
ဘို့ပါတိုင်း နွားမဟုတ်​ပါ
သံခွာမတတ်​လည်း
မြင်းက​တော့ မြင်းပါပဲ။
မြင်​စီး​ကောင်းတိုင်း
စစ်​မခင်းနိုင်​ဘူး
စစ်​​ရေးကျွမ်းတိုင်း
ထွန်​လမ်းမ​ဖြောင့်​နိုင်​ဘူး
ဘဝဆိုတာ။
အချစ်​​ရေ
ရေနစ်​ဖူးမှ
လေကိုချစ်​မယ်​။
နှာ​စေးဖူးမှ
ကိုယ့်​နှာ​ခေါင်း တန်​ဖိုးသိမယ်​။
ဘယ်​သူ့ကိုမှီတွယ်​ချင်​တာလဲ
ဒီနွယ်​ပင်​က။
အသွင်​သဏ္ဌာန်​တူတိုင်း
အ​ခြေခံမတူနိုင်​ဘူး။
တစ်​ခုမှာ တစ်​ဖက်​ကမ်းခတ်​လို့
သူ့ကို အားလုံးလွှဲအပ်​ ရမလား
သရက်​ပင်​က
ချို​သောသရက်​သီး
သီးနိုင်​မယ်
ချို​သောစပျစ်​သီး
တွဲသီးနိုင်​တယ်
ဘယ်​ပုံပြင်​မှ မကြားဖူးဘူး။
တက်​တစ်​ခုအားကိုးနဲ့
မိုး​ပေါ်ပျံဖို့ ငါ
ဘယ်​တုန်းကမှ မစဉ်းစားဖူး။
'နယ်​ပယ်​'ဆိုတဲ့စကား
အလကား​ပေါ်လာတာမဟုတ်​တာ
မင်းလက်​ခံရင်
ငါမကျွမ်းတဲ့
မင်းအရမ်းဆန္ဒရှိတဲ့နယ်​ပယ်
မင်းအတွက်​ တံစိုးလက်​​ဆောင်
ပေးနိုင်​မှာတုန်း။
မင်းတို့ငါတို့ဟာ
ခေါင်း​ပေါ်ကသန်းကို
ဘယ်​တုန်းကမှ အရှင်​သခင်​လို့
မယူဆကြဘူး။
သန်းထူရင်
ခေါင်းယားလို့ပူမယ်
လာ အချစ်​ရယ်
တို့ ကတုံး တုံးကြပါစို့။
ကြယ်​ဝါ​လေး ရှိ​နေသမျှ
အက်​စသာနဲ့​ပေါတို့ခမျာ
မျက်​ရည်​စ​တွေသာ
ဘဝရဲ့လက်​​ဆောင်​​ပေါ့။
ကဲ တို့က​ကော
အရိုးဖြူဘီလူးမရဲ့မာယာ
မင်းနားမလည်​နိုင်​မှ​တော့
အဲဒီကစ လမ်းခွဲရ​တော့တာ​ပေါ့။
ငါ မြင်​နိုင်​စွမ်းရှိပြီ
တစ်​ပင်​လုံးစိမ်းခဲ့သမျှ
နွေ​ရောက်​မှ အရိုးကျဲကျဲ
အဲဒီပင်​ကပ်​​ညောင်​အို​တွေကို။
ခုချိန်​မှာ
တိမ်​ကပဲ​ရွေ့သလား
လကပဲ ​ပြေးသလား
မိုး​မျှော်​အ​တွေးနဲ့
ငါ​ဆွေးမ​နေနိုင်​ဘူး
မြစ်​​ကြောင်းတစ်​ခုလုံးမကြည့်
မြစ်​ကျဉ်းတစ်​ခုပဲ မြင်​သိပြီး
ပင်​လယ်​ထိ မစီးဆင်းနိုင်​ဘူးလို့​တော့
မင်း ငါ့ကို အထင်​မ​သေးနဲ့
၇၁ အဆန်​ မင်း​ရှေ့ဖြတ်​အသွား
သြော်​ မ​နေ့က ငါစုန်​ခဲ့တဲ့
၇၂ ပြည်​ ရန်​ကုန်​ရထားပါလားလို့
မ​တွေးနဲ့
ရထားက​တော့ မင်းနဲ့​ဝေးရာ
ဆန်​သွားရဦးမယ်
မုန်းနိုင်​လို့ရယ်​ မဟုတ်​ပါ။
မုန်း​အောင်
8.12.1995
01:30am
Monday, October 20, 2014
ငြိမ်းချမ်း​ရေး
ငြိမ်းချမ်း​ရေးရွာ
မ​ဝေး​တော့ဘူး ​ရှေ့နားမှာ
အလင်းနှစ်​သန်းတစ်​ရာ
မုန်း​အောင်
Peace Village
Not far. It's quite near.
Only a hundred million light years.
Mone Aung