Tuesday, September 30, 2014

လွတ်​လပ်ေး

လွတ်​လပ်​​ရေး

လောကနိယာမနဲ့ ဖွင့်​လို့မရ
ဘာသာ​ရေးအဆုံးအမနဲ့ ဖွင့်​လို့မရ
ငြိမ်းချမ်း​ရေးစကားဝိုင်းနဲ့ ဖွင့်​လို့မရ
နား​ထောင်​လို့​ကောင်းတဲ့
ရဲရဲ​တောက်​မိန့်​ခွန်းနဲ့ ဖွင့်​လို့မရ
သူ့​သွေးကိုယ့်​​သွေး
သူ့အသက်​ကိုယ့်​အသက်
သူ့ဘဝကိုယ့်​ဘဝ
စ​တေးပြီးမှ ဖွင့်​လို့ရတဲ့
သံမဏိတံခါးတစ်​ချပ်​။    ။

မိုဃ်း​ဇော်

Freedom

With Law of Nature, unable to open it
With the religious teaching, unable to open it
With peace dialogue, unable to open it
With a nice bold speech, unable to open it
Only by sacrificing
his blood, my blood
his life, my life
his existance, my existnce
Able to open it.
It's a steel leaf of door.

Moe Zaw
Translated by Mone Aung

Sunday, September 28, 2014

လွမ်းချင်းည

လွမ်းချင်းည

ဝေးကွာ​နေတဲ့အခါ
အလွမ်း​တွေ အိပ်​​နေခဲ့ရင်
ဖွဖွ တိုးတိုး
တစ်​​ရေးနှိုး​ပေးပါ...
အချစ်​စစ်​ရဲ့ရင်​ဘတ်​ဆိုတာ
အကြိမ်​ကြိမ်​နွမ်းလျပါ​စေ
သံ​ယောဇဉ်​​တွေ
မ​ဆွေးမြည့်​တတ်​ဘူး​လေ...

အခရာ
24.9.2014

Song of Longing

When we're apart
If longing deeply sleeps
lightly, gently wake it up please
However exhausted, true love's heart
is a body-sort
Samyojana can ne're rot.

Akhaya
Translated by Mone Aung

ဘဝတူ

ဘဝတူ

ရုပ်​ရှင်​ရုံထဲ
သူ့ကိုခွာ​ပေးဖူးတဲ့​နေကြာ​စေ့ခွံများပမာ
ကျွန်​​တော်​ဟာ ရင်​ကွဲပက်​လက်​ကျန်​ခဲ့ပြီ။

လင်း​ဝေဟင်​မိုး
Fellow-sufferers

In the movie theater,
Like the sunflower
seed-coats I took off for her;
She left me behind in desolation utter.

Lin Wai Hin Moe
Translated by Mone Aung

Thursday, September 18, 2014

အချစ်

အချစ်

ဘီယာဘူးကို ​ဖောက်​ရင်
ဖောင်းခနဲ ပွင့်​သံနဲ့အတူ
အမြှုပ်​​တွေ ဖိတ်​လျှံလာမှာ စိုးမိ။
ဘူးထဲက အရည်​​တွေ
မင်းနှစ်​သက်​နိုင်​မလား။
အကျိုးဆက်​​တွေက
အဆိုးဆုံး မဖြစ်​နိုင်​​တောင်
ကောင်းချင်​မှ ​ကောင်းလိမ့်​။
မင့်​လိုအင်​ကို ဖတ်​ရှုဖို့ရာ
မင့်​မျက်​ဝန်းများက မှုန်​ဝါးလွန်းလှ။
မင့်​ဆန္ဒကို ဖွင့်​ဟဖို့
ငါ​မေးမယ်​ဆို ရိုင်းပျ။
အမြှုပ်​​တွေ မင်းမြင်​တဲ့ခဏ
လက်​လှမ်းလာရင်​ ​ကောင်းပ။
မဟုတ်​ဘဲ ​နောက်​ဆုတ်​သွားခဲ့ရင်
မင်းနဲ့ငါ စပ်​ကြား
အလှမ်းပို​ဝေးသွားရုံသာ။
အသင့်​ဆုံးက
ဘူးကိုမ​ဖောက်​ဘဲ ထားလိုက်​မှ။

မုန်း​အောင်
27.4.1994
24:00
Red-stoneသို့

စစ်

စစ်

အချစ်​စည်း ​ပြေကာ
စစ်​မီး​တွေ ငြီးငြီး​တောက်
သွေး၊ မျက်​ရည်​​တွေ ပိုးပိုး​ပေါက်
ပျောက်​သွားကြ အသက်​​တွေ
ခြောက်​ခြားစရာ့ ရက်​​တွေ...

ယမ်းခိုးတ​ဝေ​ဝေမှာ
အထမ်းအပိုးနဲ့ သူ​တွေ
သွေးညှီနံ့​တွေနဲ့
ဘေးဘီလန့်​​နေသူ​တွေ
ဝက်​ဆွဲ ကြက်​ဆွဲ က​လေးဆွဲ
တ​ပြေးတည်း ​ပြေး​နေရသူ​တွေ
အိုကြီး အိုမ ကြမှ
ပိုပြီး ဘုရားနဲ့​ဝေးရသူ​တွေ
ကျန်​ခဲ့သူ သမီး၊သား
ဇနီးမယားကို
အပြီးထားသွားရရှာသူ​တွေ
ဇာတိရွာပါလို့
ဘာကြည့်​ကာ ​ပြောရမှန်း မသိရှာသူ​တွေ
နွေ​နေပူပူမှာ
ခြေ အိမ်​တိုင်​ ထူသူ​တွေ
မိုးတ​ပေါက်​​ပေါက်​မှာ
အမိုး​အောက်​ မ​ရောက်​ရရှာသူ​တွေ
ဆောင်းအ​အေးမှာ
ကျောင်းက​လေးနဲ့ ​ဝေးရရှာသူ​တွေ
... ... ... သူ​တွေ
... ... ... သူ​တွေ
... ... ... သူ​တွေ

ထမင်းမဝတာ အသာထား
ခေါင်းပြား​အောင်
ဘယ်​​တော့များမှ အိပ်​ရမယ်​ပ
ခြုံပုတ်​ကို
ဘုံလုပ်​သူ​တွေရဲ့
တုန်​လှုပ်​ဖွယ့်​ စကား...

သမိုင်းစာမျက်​နှာ မ​ဟောင်း​သေးလည်း
သင်​ခန်းစာ မယူတတ်​ကြ​သေးဘူးလားကွယ်​တို့
အသက်​​တွေ ​ပေးရတာများလှ
လက်​ညှိုး​တွေ ​ကွေးကြတုန်းလားကွယ်​တို့

မချစ်​ခင်​လည်း ရှိပါ​စေ
အပြစ်​မမြင်​ ကြပါနဲ့​တော့

အို
စစ်​လူတို့
ချစ်​သူတို့ကို မခွဲပါနဲ့
ချစ်​သူတို့ကို မခွဲကြပါနဲ့
ချစ်​သူတို့ မကွဲကွာကြပါ​စေနဲ့​တော့...

မုန်း​အောင်

Tuesday, September 16, 2014

BLACK SEPTEMBER

BLACK SEPTEMBER

B lood
L ie
A nger
C ry
K iller
S ob
E legy
P ain
T ear
E nmity
M animal
B utcher
E x-ecutioner
R age

Mone Aung
17.9.2014
02:16

Monday, September 15, 2014

အရိန္ဒမာလှံ

အရိန္ဒမာလှံ
(၁၁)
အချိုရှာသူတို့
လာကြ ဒီကို
ငါ့နှလုံးသားကို မျိုပါ
စောသူရ​အောင်​ ကိုယ်​၌က
အရိန္ဒမာလှံ ဖြစ်​လို့။

မုန်း​အောင်
9-16.3.1995

အရိန္ဒမာလှံ(၁၀)

အရိန္ဒမာလှံ
(၁၀)
လမ်း​ဖောက်​ရာ အရပ်​၌
ငါသည်​ လမ်း​ပျောက်​ခဲ့ပြီ။
(တဂိုး)

ငါက
လမ်းအ​ဆွေးမှာ
ပန်းနဲ့​ဝေး​နေပြီလား
မဟုတ်​​လောက်​​သေး
လုံးဝမဟုတ်​​သေး
ပန်းမ​ပျောက်​ပါဘူး
လမ်းမ​လျှောက်​နိုင်​​သေးတာ
နမ်း​လောက်​စရာ ရနံ့
ငါ့မှာ မသင်းပျံ့​သေးဘူးထင်​လို့။

မသိသူတို့ ​ကျော်​သွားပါ​စေ
သိသူတို့ ​ဖော်​စားကြ
ကိုယ်​ဘဝကိုယ်
မြှုပ်​နှံစိုက်​ပျိုးထားတာ​ပေါ့
ငါဟာ
ဆေးဖက်​ဝင်​ အပင်​တစ်​မျိုးပါ။

ခင်​ဗျားတို့ စားချင်​ရင်
သကြားလုံးလဲ ဖြစ်​လိုက်​ဦးမတဲ့
အချိုမစားဖူးတဲ့ ​စောသူရ​အောင်​က။

ဒီကမ္ဘာ​သေတ္တာကြီးထဲမှာ
ငါက ပရုပ်​လုံး​တစ်​လုံး​ပေါ့
ပိုးဟပ်​​တွေက မုန်းတီးတယ်​။

ခင်​ဗျားတို့ ဘယ်​​လောက်ထိ
သစ်​နိုင်​ကြသလဲ
ဒီနှစ်​စိုက်​တဲ့စပါး
မနှစ်​က မျိုးချန်​ထားခဲ့လို့။
ငါကလဲ သစ်​မှကြိုက်​တဲ့​ကောင်
(အဖြစ်​သည်းလိုက်​တာ)
နယ်​သစ်​ပယ်​သစ်​ ရှာချင်​တယ်
ဂီတသစ်​ကို နားဆင်​ချင်​တယ်
သေရည်​သစ်​နဲ့ မူးယစ်​ချင်​တယ်
စိတ်​ကူးသစ်​နဲ့ ​ရှေ့ဆက်​ချင်​တယ်
အပျိုသစ်​နဲ့ ရစ်​နွယ်​​နေချင်​တယ်
သစ်​လိုက်​ချင်
ဖြစ်​လိုက်​ချင်​တာ​တွေ။
ဖြစ်​​နေရ​တော့လည်း
ဒိန္နက်​သည်းမလို
သုံး​လေးလင်​မ​ပြောင်း
ကမ္ဘာအ​ဟောင်းကြီးထဲ ​နေထိုင်​တယ်​။

မောင်း​နေကျလို့ ဖုန်​​ထောင်း​ထောင်း
ဓာတ်​ပြား​ဟောင်းကြီး အပ်​​ကြောင်းထပ်
အသက်​ရူကျပ်​လို့ ​နေ​တော့တယ်​။

နှစ်​ချို့​မြေ​အောင်း
ညအို​ဟောင်းထဲ
သေရည်​​ဟောင်းနဲ့ ​ပေါင်းဖက်​​နေတယ်​။

မ​ဆေးဖြစ်​တဲ့ ခွက်
မှို​တွေတက်​လို့ ယင်​တ​ယောင်း​ယောင်း
စိတ်​ကူး​ဟောင်းနဲ့ ​ညောင်းညာ​နေတယ်​။

ပုလင်းခွံ​ဟောင်းလို
စိတ်​က​ဟောင်း
ဣတ္ထိယအ​ဟောင်းမှ ချစ်​မိ​နေတယ်​။

စောသူရ​အောင်​တစ်​​ယောက်
ဆေးရုံအ​ဟောင်းကြီးလို
ပြင်းရိစွာ လဲကျ​နေပုံများ
ခု​တော့ တကယ်​ခံစားသွားရပြီ
မသစ်​ရင်​​နေပါ​စေ
စစ်​မှန်​ရင်​ပဲ လက်​ခံ​ကျေနပ်​ပါပြီတဲ့။

မုန်း​အောင်
ဆက်​ရန်

အရိန္ဒမာလှံ(၉)

အရိန္ဒမာလှံ
(၉)
ထူးမြတ်​တဲ့ ​မေတ္တာတရားဟာ
ဆံနွယ်​တစ်​​ချောင်းရဲ့ဖြား​ယောင်းမှုမှာ
ဝပ်​တွားမ​နေဘူး။

စီးကရက်​မီးခိုး​ငွေ့ထက်​​တောင်​မှ
ပျောက်​ကွယ်​ဖို့ မြန်​ဆန်​တဲ့
မင်းရင်​ခုန်​သံကို
ပြန်​နားမဆင်​ချင်​​တော့ဘူး။

လေက လက်​​ဆော့သမို့
ငါ့ဆံပင်​​တွေ ဖွာလန်​ကြဲသွားပုံမျိုး
ဆိုင်​ကလုန်းထက်​အား​ကောင်းတဲ့
မင်းစကားလုံးများ​ကြောင့်
ငါ့ဘဝ အစိတ်​စိတ်​ အမွှာမွှာ
ကွဲ​ကြေပြန့်​လွင့်​​နေရမလား
သွားစမ်းပါ။

မင်းမျက်​​စောင်း​မြွေ​ပေါက်​လို့
ဒူး​ခေါက်​ခွက်​ရဲ့အား​တွေ
အချည်းနှီးမဲ့ရ​တော့မှာလား
သွားစမ်းပါ။

မင်းမျက်​ရည်​​တွေ ထွင်း​ဖောက်​လို့
ငါ့စိတ်​​တွေ ကြွင်းချိုင့်​ဖြစ်​​နေရမလား
သွားစမ်းပါ။

မင်းမျက်​ဝန်း​တွေ မဖမ်းစားနိုင်​​တော့ဘူး
မင်းနှုတ်​ခမ်းကို မတမ်းတ​တော့ဘူး
မင်းလမ်းကိုလည်း မ​လျှောက်​နိုင်​​တော့ဘူး
ယောင်္ကျား​ဟေ့ ​ယောင်္ကျား
ဒီလို​ ​လေတစ်​လုံး မိုးတစ်​လုံးနဲ့
သုံးရာသီ ဖျားနာ​နေတဲ့​ကောင်​။

ခန်း​ခြောက်​​နေတဲ့ ​ချောင်းက​လေးများ​တောင်
မိုးရာသီကျ
နိုးထစီးဆင်းနိုင်​​သေးတာ
မင်း​ကော အချိန်​မ​ရွေးပြန်​မချစ်​နိုင်​ဘူးလား
ပြောစမ်းပါဦး
အဲဒီလို ထင်​တစ်​လုံးနဲ့
နှလုံးနာစရာ မုန်​ဖို့​ကောင်းတဲ့​ကောင်​။

အချစ်​ဆိုတာ
မနှစ်​ကရယ်​လို့ မရှိဘူး
အမြဲသစ်​လွင်​​နေတာ အချစ်
အဲဒီလို မဖြစ်​ညစ်​ကျယ်​အ​တွေးများနဲ့
ကိုယ့်​နှလုံးသားကိုယ်
နှစ်​သိမ့်​လှည့်​ဖြား​နေတဲ့​ကောင်​။

အဖြစ်​ဆိုး​တွေကို
အနှစ်​ကိုးဆယ်​မှာထားခဲ့
အချစ်​တိုးလို့ ​ရှေ့ဆက်​မယ်
ဒီလိုလဲ လက်​ဖြန့်​ချင်​တဲ့​ကောင်​။

ဟောင်​ရုံသာ ​ဟောင်​ရဲ
မကိုက်​ခဲတဲ့ ​ခွေးလို
သွေးနီးဖို့ သတ္တိမရှိတဲ့​ကောင်​။

အဲဒီ​ကောင်​ဟာ
ကြောင်​တစ်​​ကောင်​လို ​နေထိုင်​တယ်​။

မုန်း​အောင်
ဆက်​ရန်

အရိနဒမာလှံ(၈)

အရိန္ဒမာလှံ
(၈)
ငါမှားယွင်းခဲ့တယ်​ဆိုရင်
လူ့အဖြစ်​ ရရှိခဲ့တာကိုက
မှားယွင်းခဲ့လို့​ပေါ့။
ငါ့လုပ်​ရပ်​အ​ပေါ်မှာ
ဘယ်​တုန်းကမှ
မှားယွင်းတယ်​လို့ ငါမယူဆခဲ့ဖူးဘူး။
နောင်​တရတယ်​ဆိုတာ
ထပ်​မံမှားယွင်းမှုမျိုးပဲ။

ဘေးလူရဲ့ အမြင်​ဆိုတာ
ဦး​နှောက်​နဲ့တင်​ ဆင်​ခြင်​ကြည့်​ကြတာပါ
နှလုံးသားထဲ ဝင်​ကြည့်​ကြတာမျိုးမဟုတ်​ဘူး။
အ​လေးထား​လောက်​​ပေမယ့်
လေးစား​လောက်​​အောင်​​တော့ မဟုတ်​​သေးပါဘူး။
သူတို့အမြင်​ကြိုး​တွေနဲ့
တို့ကိုယ်​တို့ ထူးမခတ်​သင့်​ဘူး​လေ။

လူ​တွေဟာ
အနာဂတ်​ရဲ့ အလျားကို
အ​ဖြောင့်​တိုင်းကြမလို့တဲ့
ပစ္စက္ခရင်​ခုန်​သံကို​တော့
ခံစားဖို့ ​မေ့​လျော့​နေကြရဲ့။
အို ချစ်​သူ
မင်းနဲ့ငါ
အဲဒီ အစားထဲ
အူတူတူ ပါသွားကြပြီ။

မုန်း​အောင်
ဆက်​ရန်

Saturday, September 13, 2014

အရိန္ဒမာလှံ(၇)

အရိန္ဒမာလှံ
(၇)
ဟိုတုန်းက
ငါဒီလို
ရူးခဲ့ဖူးသ​ပေါ့။

ဘဝဟာ ကျွဲချိုဖြစ်​လို့မို့
လေးခွပဲ ထွင်းထွင်း
ပဒိုးလုပ်​ပြီး မှုတ်​မှုတ်
မင်းလက်​ဆုပ်​ထဲမှာ
ဖြစ်​​စေချင်​တာ ဖြစ်​နိုင်​တာချည်းပဲ
ဒီလိုလဲ
ငါ ရူးခဲ့ဖူးသ​ပေါ့။

ဘုရားသခင်​ထက်
အ​မေက ငါ့ကိုပိုချစ်​တယ်
ငါက အ​မေ့ထက်
မင်းကို ပိုချစ်​တယ်
ဒီလိုလဲ
ငါ ရူးခဲ့ဖူးသ​ပေါ့။

ကျောင်းသင်​ခန်းစာ​တွေကျ
အတန်းမှန်​မှန်​ မတက်​ချင်​​ပေမယ့်
မင်း သင်​ခန်းစာ​တွေကျ
ကြေညက်​​အောင်​ ​လေ့ကျက်​​နေခဲ့တယ်
ဒီလိုလဲ
ငါ ရူးခဲ့ဖူးသ​ပေါ့။

စောင်းတာမှန်​သမျှ
သ​ဘောမကျ​ပေမယ့်
မင်းမျက်​​စောင်း​လေးကျ
ရင်​ခုန်​ရပြန်​တယ်
ဒီလိုလဲ
ငါ ရူးခဲ့ဖူးသ​ပေါ့။

ရွဲ့တာမှန်​သမျှ
ဘာမှကြည့်​မ​ကောင်းဘူး
ဒါ​ပေမယ့်
မင်းနှုတ်​ခမ်းက​လေး ရွဲ့လိုက်​တာကျ
ကြည့်​လို့လှသွားတယ်
ဒီလိုလဲ
ငါ ရူးခဲ့ဖူးသ​ပေါ့။

စီစီရီရီ ရှိ​နေမှ
စီစီရီရီ မြင်​ရမှ
ရင်​ထဲက ကြည်​နူးတယ်
အချစ်​ရယ်
မညီမညာ မင်းသွားထပ်​က​လေးကို
မြတ်​နိုး​နေတတ်​ပြန်​​ရော
ဒီလိုလဲ
ငါ ရူးခဲ့ဖူးသ​ပေါ့။

ပိုတာမှန်​သမျှ
လျှံလျှံကျ​ပေမယ့်
မင်းအချွဲပိုလဲ
ရင်​ထဲ တွဲခို​နေပြန်​တယ်
ဒီလိုလဲ
ငါ ရူးခဲ့ဖူးသ​ပေါ့။

မိုးကြိုးပစ်​သံကို
မ​ကြောက်​လန့်​တတ်​​ပေမယ့်
မင်းရဲ့အပြင်းစားသတ္တုသံကြားရင်
ပြားပြားဝပ်​မတတ်​ ​ကြောက်​ဒူးတုန်
ပီဘိယုန်​သူငယ်​​လေးလို
ဒီလိုလဲ
ငါ ရူးခဲ့ဖူးသ​ပေါ့။

ခုများ
ပြင်းသနားတယ်
ပြင်းသနားတယ်​တဲ့
ဘာလဲ
ထင်းရှားရင်​ ​ရေနံဆီသုံးဖို့
စဉ်းစားဦးမလို့လား။

မုန်း​အောင်
ဆက်​ရန်

အရိန္ဒမာလှံ(၆)

အရိန္ဒမာလှံ
(၆)
ဝဋ်​ရှိလို့သာ
တို့ ချစ်​ခဲ့ကြတာ​ပေါ့​နော်​။

အရိန္ဒမာလှံ(၅)

အရိန္ဒမာလှံ
(၅)
စောသူရ​အောင်​တစ်​​ယောက်
ကံဆိုးလိုက်​ပုံက​တော့လား
ယောင်္ကျား​လေး​ဟေ့လို့
အ​မေ့ရင်​ပျားအုံထဲက​နေ
လောကကြီးဆီ
ဘဝကို ယုံကြည်​စွာ​ပေါင်​နှံလိုက်​ချိန်​ဟာ
ဒီဇင်​ဘာ ၁၃
နေ့တစ်​​နေ့ကုန်​ဆုံးဖို့နီးနီး
၂၄နာရီထိုးဖို့ ချဉ်းကပ်
စက္ကန့်​ပိုင်းပဲလို​တော့တယ်​။

၁၃ရက်​ဖွားရဲ့
ကံတူအကျိုး​ပေးပုံများ
ချစ်​သူကလည်း
ဇန်​နဝါရီ ၁၃မှာ လမ်းခွဲသွားတယ်​။

သူ့စာထဲမှာ​တော့
လမ်းခွဲစို့လို့ ဆိုတယ်
အမှန်​က တစ်​လမ်းတည်းမှမ​လျှောက်​ခဲ့ဖူးတာ
သစ်​ရိပ်​တစ်​ခု​အောက်​မှာ
အချစ်​ဆိပ်​ မူးရုံ​လောက်​သာ။

ဗင်းဆင့်​ဗင်​ဂိုးခမျာ
သားသည်​အ​မေ မုဆိုးမ​လေးကိုမှ
ချစ်​ခဲ့ရ​ပေမယ့်
မီးခဲ လက်​​ပေါ်တင်​နိုင်​တဲ့ခဏ​တောင်​မှ
တွေ့ခွင့်​မရသူပါတဲ့ကွယ်​။

မ​သေခင်​ သူ့ဘဝ
အညတြ ပန်းချီဆရာ
ပြည့်​တန်​ဆာမက​တောင်​ ထားချန်​ခံခဲ့ရ
ချစ်​ကံနည်းပုံများ ​ပြောပါတယ်​။
ဟောဒီက ငတိခမျာကို​ကော
ဘယ်​မိဇလာတို့ ထားခဲ့ဦးမလဲ။

အချစ်​​ရေ
မင်းကို ငါ
ကြေကွဲစွာ ​ပျော်​ရွှင်​ပြဖို့
ချစ်​ခဲ့ရတာ မဟုတ်​ဘူး။

မုန်း​အောင်
ဆက်​ရန်

အရိန္ဒမာလှံ(၄)

အရိန္ဒမာလှံ
(၄)
လစ်​ကာ​လော်​ဂျီ
လစ်​ကာ​လော်​ဂျီနဲ့
အော်​ဂလီဆန်​တဲ့​နေ့ရက်​​တွေကို
ထ​ရော်​လီတစ်​စင်း​ပေါ် တင်​​ပေးလိုက်​ချင်​ရဲ့။

တစ်​နံတစ်​လျား မကြည့်​ပါနဲ့
အမှန်​တရားနည်းနည်း ထည့်​ကြည့်​ပါ
စောသူရ​အောင်​ဆိုတာ
လူ​ချောလူလှ
လူ့ကလျာဏ​လေးအဖြစ်​ မြင်​ရမယ်
ဘယ်​တုန်းကမှ ဘဝကို ​ရွှေရည်​စိမ်​မထားခဲ့ဖူးဘူး။

ရွဲကုန်​သည်​ဇာတ်​မှာ​တော့
လက်​နဲ့ပွတ်​သပ်​ရုံနဲ့
ရွှေခွက်​လို့ သိသွားတယ်
ဟောဒီ​ကောင်​ရဲ့ အညှိတက်​ဘဝကို
ဘယ်​သူက ပွတ်​သပ်​ကြည့်​သလဲ
ကဲ  လာစမ်းပါ
အဖိုးဖြတ်​မရတဲ့ အမြတ်​တရား​တွေ
စားသုံးထားပါတယ်
ဆတ်​သား​ခြောက်​လို
အရက်​နဲ့ မြည်းဖို့သက်​သက်​မဟုတ်​ဘူး။

ဟောဒိ လူလိမ္မာ​လေးက
တစ်​ကြိမ်​တစ်​ခါမျှ
ကိုယ့်​ဘဝကိုယ်​ မချိန်​တွယ်​ခဲ့ဘူး
ကိုယ့်​ကိုယ်​ကိုယ်​ မလိမ်​လည်​ခဲ့ဘူး
အရူးအမူး ပတပ်​ရပ်​ ထမခုန်​​ပေမယ့်
အိမ်​​မြောင်​မြီးပြတ်​လို
တဆတ်​ဆတ်​တုန်​​နေတဲ့
ယုန်​ဖြူနှလုံးသား​လေးရှိ​ကြောင်း
(ခင်​ဗျားတို့ကို)
သတင်း​ကောင်းပါးလိုက်​ပါရဲ့။

မုန်း​အောင်
ဆက်​ရန်

အရ္နိ္ဒမာလှံ(၃)

အရိန္ဒမာလှံ
(၃)
ကမ ၻာႀကီးဆိုတာက
မီးညှိထားတဲ့ ​ဆေးပြင်းလိပ်​ပ
ဆေးမှုန်​တစ်​စ အဖြစ်​နဲ့
ငါ​ရောက်​ရှိခဲ့တာ
အနှစ်​နှစ်​ဆယ်​ ကြာခဲ့ပြီ။

ပြောလိုက်​ကြပုံက​တော့
လောကကြီးက ​ပျော်​စရာ ​ပျော်​စရာနဲ့
တကယ့်​ဘဝမှာ
ဒုက္ခနဲ့သာ အရင်းအနှီးလုပ်
ကြေကွဲမှု​ နှစ်​ထပ်​တိုး​တွေ ဆပ်​မကုန်​နိုင်​​သေး
ယူခဲ့မိတဲ့ အ​ပျော်​​ကြွေး နည်းနည်းအတွက်​ဖြစ်​မယ်​။

ကမ ၻာႀကီးဟာ
ငါ့အတွက်​​တော့ ပဲ​မှော်​အဖျင်းပါပဲ
စောသူရ​အောင်​လည်း ငါ့အတွက်​​တော့
ပဲ​မှော်​အဖျင်းပါပဲ
တကယ်​​တော့လည်း
ဒီအဖျင်း​တွေဟာ
မြင်း​တွေရဲ့အစာ​ပေါ့၊
အချစ်​​ရေ
ငါ့မြင်း​ရေ
မင်းအတွက်​ ငါ့ကို အစာပြု​တော့။

မုန်း​အောင်
ဆက်​ရန်

အရိန္ဒမာလှံ(၂)

အရိန္ဒမာလှံ
(၂)
ငါ့အ​မေဟာ
သူ့မျက်​ရည်​​တွေ
သူလှုပ်​နှိုးရမယ့်​အဖြစ်​ကို
သိသိကြီးနဲ့များ
သူ့သားအိမ်​ထဲမှာ
ငါ့ကို လွယ်​ထားခဲ့ဝန့်​တာ​လေ။

အ​မေက
ပျားအုံတစ်​အုံ လိုချင်​ခဲ့တယ်​။
ငါက
ဘဝကို ဓား​ပေါ်ပုံတင်​ခဲ့တယ်​။

အ​မေက
သနပ်​ခါး ဖုံဖုံလူး​ပေးတယ်​။
ငါက
ယားလို့ဆိုပြီး ဖျက်​ပစ်​တယ်​။

အ​မေက
လမ်း​ဟောင်းကို နှင်​ခိုင်းတယ်​။
ငါက
လမ်း​ပြောင်းကာ စိုင်းခဲ့တယ်​။

အ​မေက
နို့ရည်​ကို တိုက်​​ကျွေးခဲ့တယ်​။
ငါ့မှာ
မျက်​ရည်​​တွေနဲ့ ဗိုက်ေ​လး​နေ​တော့တယ်​။

အ​မေ့ခမျာ
လိုချင်​တာက ပုလဲ
ရလာတာ ခဲဖြစ်​​နေခဲ့။

မှန်​တာဆိုရရင်​ အ​မေရယ်
သားက
အ​မေ့ကို ဆန့်​ကျင်​​နေတာ မဟုတ်​ရပါဘူး
သားဘဝ​လေး
ဆန့်​ငင်​​နေမှာ စိုးလို့ပါ အ​မေ။

သားသိပါတယ်​ အ​မေ
ကျွေးလို့ရတာ အကုန်​​မွေးဖို့
သားကို လူဖြစ်​ခွင့်​ ​ပေးခဲ့တာ မဟုတ်​ဘူးဆိုတာ
ဒါ​ပေမယ့်​လည်း အ​မေရယ်
အ​မေ့ အငိုမျက်​ဝန်းအိမ်​ထဲမှာ
သားကို စိန်​ခဲထက်​ အဖိုးတန်​​အောင်​ ထားခဲ့ပြီ မဟုတ်​လား။

နှစ်​​တွေဆိုတာ
အ​မေ့အချစ်​​ကို ထားပစ်​ခဲ့ဖို့လား
အ​မေ့ရင်​ကို ပုန်​ကန်​စစ်​ခင်း
အနှစ်​နှစ်​ဆယ်​ တင်းတင်းပြည့်​ပြီအ​မေ။

အ​မေရယ်
သားဟာ အ​မေ့လည်​ရွဲ ပုလဲတစ်​ကုံးမဟုတ်​ဘဲ
အ​မေ့ရင်​မှာ ချိတ်​ဆွဲထားတဲ့ ဗုံးတစ်​လုံးလို့ပဲ
သားကို ကျိန်​ဆဲလိုက်​ပါ​တော့ အ​မေ
စကား​တောင်​ မာမာမ​ပြောတဲ့ အ​မေ့ကို​လေ။

သားကို အားမလို အားမရနဲ့
ဟောဒီက အစိမ်းတုံးကြီး
ဘယ်​​တော့ခွဲပါ့ မလဲတဲ့
တကယ်​​တော့လည်း အ​မေက
ကျောက်​စိမ်းကရမယ့်​ အကျိုးကို
မျှော်​ကိုးလို့မဟုတ်
ကျောက်​တန်​ဖိုးသာ ကြီးမြင့်​​စေလိုတာ
အ​မေ့ ကြီးမြတ်​​စေတနာ​တွေ။

သားရဲ့
ရယ်​​မော​နေတဲ့ ​ကြေကွဲမှုကို
အတုမဲ့ မိန်းမမြတ်​ အ​မေတစ်​​ယောက်​သာ
ထရံ​ပေါက်​ ​နေအလင်း
ဖုန်​မှုန့်​​တွေ အရှင်းမြင်​ရပုံမျိုး
မြင်​တတ်​သူ​လေ။

ငါ့အ​မေဟာ
ဆောခရတ္တိထက်
သတ္တိကြီးခဲ့တယ်
အဆိပ်​ခွက်​ကို
နှစ်​ရှည်​လများ ​သောက်​မျို​နေခဲ့တယ်​။

မုန်း​အောင်
ဆက်​ရန်

အရိန္ဒမာလှံ(၁)

အရိန္ဒမာလှံ

(၁)
လူ့ဘဝ​လောက်
ကြောက်​စရာ​ကောင်းတဲ့ အိပ်​မက်
ရှိခဲ့မှာမဟုတ်​ဘူး။

မုန်း​အောင်
ဆက်​ရန်

Wednesday, September 10, 2014

သင်္ချိုင်း

သင်္ချိုင်း

ရောင်​ကိုင်း​နေ
တ​စ္ဆေ ​ခြောက်​​လေတိုင်း။
ငါ့ရင်​ဘတ်
သတ်​မ​သေ
လူမ​တွေရဲ့ သင်္ချိုင်း။   ။

မုန်း​အောင်
10.9.2014
19:40

cemetery

swollen
be haunted
my heart
cemetery
of my exes
who never die

Mone Aung

Monday, September 8, 2014

ငါ့လူမှု​ရေး

ငါ့လူမှု​ရေး

မိုး​ရေ​တွေ
မုန်းတယ်​၊
နှင်း​ပေါက်​​တွေ
ကြောက်​တယ်​၊
ချွေးစက်​​တွေ
ရွံ့တယ်​၊
ရှောင်​လွှဲမ​နေတတ်​တဲ့အခါ
သုံးရာသီ ဖျားနာ​နေ​တော့တယ်​။

မုန်း​အောင်
29.6.1994
21:45

My social relations

What hateful raindrops!
What dreadful dew-drops!
What unpleasant sweat!
How can I avoid them?
I've been struggling with illness
all my life.

Mone Aung

Friday, September 5, 2014

မျိုးရိုး

မျိုးရိုး

ငါ့ အဖိုး
ယာခရိုးမှာ
ရိုးရိုးကုပ်​ကုပ်
သူ့သားစားဖို့ အလုပ်​လုပ်​ခဲ့။
ငါ့ အ​ဖေ
မြေဖြူတစ်​​ချောင်းနဲ့
တစ်​နဲ့နှစ်​​ပေါင်း သုံးရသတဲ့
ငါ့ကို
ဘဝမှာ အသုံးကျသူ ဖြစ်​​စေချင်​ခဲ့။
ငါ
စာတစ်​​ကြောင်း​တော့
ဖြောင့်​​အောင်​​ရေးရမယ်
ငါ့သား​တွေဟာ
ငါ့ဘဝရဲ့ အက္ခရာ​တွေဖြစ်​တယ်​။

မုန်း​အောင်
Lineage

Grandpa
on his farm
modeatly
did for his son.
Father,
who taught
with chalk
one and two makes three,
wants me to be useful in life.
I myself
have to write a word at least
My sons are
the characters of my life.

Mone Aung

လူ

လူ

အ​နေမနီးလည်း
မြေကြီးက​တော့ တဆက်​တည်းပါ။

တစ်​မိစီ​ပေါက်​လည်း
တစ်​မိုး​အောက်​က ​ခြေ​ထောက်​​တွေ။

အ​ရောင်​ကွဲလည်း
အ​မှောင်​ထဲက ညီအစ်​ကို။

မုန်း​အောင်
Man

Though different places,
We live on the earth.

Though born from different wombs,
We breathe under the same sky.

Though different colours,
We are brothers in the dark.

Mone Aung

Thursday, September 4, 2014

ဇာတိရုပ်

ဇာတိရုပ်

လေကြမ်းသယ်​လို့​ပြေး
ဆောင်းတဲ့ခ​မောက်​ လွင့်​​ဝေး​ဝေး
ခေါင်းဖြူတ​ဖွေး​ဖွေး

မုန်း​အောင်
True Colours

The bamboo hat blown away
Ah, the guy's gone grey!

Mone Aung

အန္ဓ

အန္ဓ

မိုးစိုပုစဉ်း
ပင့်​ကူ ဝင်္ကဘာထဲ
တဝဲလည်​လည်

မုန်း​အောင်

Ignoramus

A wet dragonfly
in the web
spins and spins and spins

Mone Aung

>

>

လူ
ဆင်
ရွှေ
ချွန်း

မုန်း​အောင်
>

man
elephant
gold
hook

Mone Aung

Tuesday, September 2, 2014

စည်းရိုးထဲကပန်း

စည်းရိုးထဲကပန်း

အမြင်​နီးလျက်
လှမ်းဆွတ်​ခက်​သည်
ငါ့ဘက်​ငိုက်​​သော ပန်းက​လေး။

မုန်း​အောင်
Flower in Fence

Though in sight,
hard to pick it
It's the flower
that droops over my side.

Mone Aung

အဝင်​​ကောင်း​သော

အဝင်​​ကောင်း​သော

ရမ်​တစ်​ပုလင်းက
သိပ်​ပြင်းလွန်းတယ်​။
ရေခဲစိမ်​ဆိုဒါ
အေးမြမြ​လေး။
  ဖန်​ခွက်​တစ်​လုံးထဲ
  စုရုံး​ရောစည်း
  ညည်း​လေးနဲ့ တို့အချစ်​​ပေါ့။

မုန်း​အောင်
Palatable

A bottle of rum
so strong
Soda on ice
so cold
Mix them
in a glass
Darling,
It's the love of us.

Mone Aung

Monday, September 1, 2014

Abd el-Hadi Fights Superpower

Abd el-Hadi Fights Superpower
By Taha Muhammad Ali

သူ့ဘဝမှာ
စာလည်းမဖတ်​တတ်​သလို
ရေးလည်း မ​ရေးတတ်​ပါဘူး။
သူ့ဘဝမှာ
သစ်​တစ်​ပင်​မှ မလှဲဖူးသလို
နွားတစ်​​ကောင်​မှလည်း လည်​မလှီးဘူးပါ။
သူဘဝမှာ
နယူး​ယော့တိုင်း အ​ကြောင်း
ကွယ်​ရာမှာ မဟဖူးပါ။
ဘယ်​သူ့ကိုမှ
အော်​ကျယ်​ဟစ်​ကျယ်​ မ​ပြောဖူးပါ၊
"ဝင်​ခဲ့ပါ ခင်​ဗျာ့
ခင်​ဗျား မငြင်းဆန်​နိုင်​ပါဘူး"ဆိုတဲ့စကားကလွဲရင်​။

ဒါ​ပေမယ့်
သူ့အမှုက ​မျှော်​လင့်​ချက်​မဲ့၊
သူ့ အ​နေအထားကလည်း
အ​တော့်​ကိုဆိုး။
သူ့အတွက်​​ပေးထားတဲ့
ဘုရားသခင်​ရဲ့ အခွင့်​အ​ရေး​တွေဆိုတာက
ပင်​လယ်​ထဲလွင့်​သွားတဲ့
သဲတစ်​ပွင့်​သာ။

ဂျူရီလူကြီးမင်းများခင်​ဗျာ
သူ့ရန်​သူ​တွေအ​ကြောင်း
ကျွန်​​တော့်​အမှုသည်​ဟာ
တစ်​စွန်းတစ်​စမှ မသိပါ။
ကျွန်​​တော်​ အခိုင်​အမာ​ပြောရဲပါတယ်
တကယ်​လို့ သူဟာ
လေယာဉ်​တင်​ သ​င်္ဘောလုပ်​ငန်းက
ဝန်​ထမ်းအားလုံးနဲ့ ဆုံတယ်​ဆိုလည်း
ဒီလူ​တွေကို
ကြက်​ဥတစ်​ခြမ်း​ကြော်​နဲ့
အိပ်​ထဲကထုတ်​လာစ ဒိန်​ချဉ်
လိုက်​ချ​ပေးဖို့ပါ ခင်​ဗျ။

In his life
he neither wrote nor read.
In his life he
didn't cut down a single tree,
didn't slit the throat
of a single calf.
In his life he didn't not speak
of the New York Times
behind its back,
didn't raise
his voice to a soul
except in his saying:
"Come in, please,
by God, you can't refuse."

Nevertheless-
his case is hopeless,
his situation
desperate.
His God-given rights are a grain of salt
tossed into the sea.

Ladies and gentlemen of the jury:
about his enemies
my client knows not a thing.
And I can assure you,
were he to encounter
the entire crew
of the aircraft carrier Enterprise,
he'd serve them eggs
sunny-side up,
and labneh
fresh from the bag.