Saturday, September 13, 2014

အရိန္ဒမာလှံ(၄)

အရိန္ဒမာလှံ
(၄)
လစ်​ကာ​လော်​ဂျီ
လစ်​ကာ​လော်​ဂျီနဲ့
အော်​ဂလီဆန်​တဲ့​နေ့ရက်​​တွေကို
ထ​ရော်​လီတစ်​စင်း​ပေါ် တင်​​ပေးလိုက်​ချင်​ရဲ့။

တစ်​နံတစ်​လျား မကြည့်​ပါနဲ့
အမှန်​တရားနည်းနည်း ထည့်​ကြည့်​ပါ
စောသူရ​အောင်​ဆိုတာ
လူ​ချောလူလှ
လူ့ကလျာဏ​လေးအဖြစ်​ မြင်​ရမယ်
ဘယ်​တုန်းကမှ ဘဝကို ​ရွှေရည်​စိမ်​မထားခဲ့ဖူးဘူး။

ရွဲကုန်​သည်​ဇာတ်​မှာ​တော့
လက်​နဲ့ပွတ်​သပ်​ရုံနဲ့
ရွှေခွက်​လို့ သိသွားတယ်
ဟောဒီ​ကောင်​ရဲ့ အညှိတက်​ဘဝကို
ဘယ်​သူက ပွတ်​သပ်​ကြည့်​သလဲ
ကဲ  လာစမ်းပါ
အဖိုးဖြတ်​မရတဲ့ အမြတ်​တရား​တွေ
စားသုံးထားပါတယ်
ဆတ်​သား​ခြောက်​လို
အရက်​နဲ့ မြည်းဖို့သက်​သက်​မဟုတ်​ဘူး။

ဟောဒိ လူလိမ္မာ​လေးက
တစ်​ကြိမ်​တစ်​ခါမျှ
ကိုယ့်​ဘဝကိုယ်​ မချိန်​တွယ်​ခဲ့ဘူး
ကိုယ့်​ကိုယ်​ကိုယ်​ မလိမ်​လည်​ခဲ့ဘူး
အရူးအမူး ပတပ်​ရပ်​ ထမခုန်​​ပေမယ့်
အိမ်​​မြောင်​မြီးပြတ်​လို
တဆတ်​ဆတ်​တုန်​​နေတဲ့
ယုန်​ဖြူနှလုံးသား​လေးရှိ​ကြောင်း
(ခင်​ဗျားတို့ကို)
သတင်း​ကောင်းပါးလိုက်​ပါရဲ့။

မုန်း​အောင်
ဆက်​ရန်

No comments:

Post a Comment