Saturday, September 13, 2014

အရိန္ဒမာလှံ(၇)

အရိန္ဒမာလှံ
(၇)
ဟိုတုန်းက
ငါဒီလို
ရူးခဲ့ဖူးသ​ပေါ့။

ဘဝဟာ ကျွဲချိုဖြစ်​လို့မို့
လေးခွပဲ ထွင်းထွင်း
ပဒိုးလုပ်​ပြီး မှုတ်​မှုတ်
မင်းလက်​ဆုပ်​ထဲမှာ
ဖြစ်​​စေချင်​တာ ဖြစ်​နိုင်​တာချည်းပဲ
ဒီလိုလဲ
ငါ ရူးခဲ့ဖူးသ​ပေါ့။

ဘုရားသခင်​ထက်
အ​မေက ငါ့ကိုပိုချစ်​တယ်
ငါက အ​မေ့ထက်
မင်းကို ပိုချစ်​တယ်
ဒီလိုလဲ
ငါ ရူးခဲ့ဖူးသ​ပေါ့။

ကျောင်းသင်​ခန်းစာ​တွေကျ
အတန်းမှန်​မှန်​ မတက်​ချင်​​ပေမယ့်
မင်း သင်​ခန်းစာ​တွေကျ
ကြေညက်​​အောင်​ ​လေ့ကျက်​​နေခဲ့တယ်
ဒီလိုလဲ
ငါ ရူးခဲ့ဖူးသ​ပေါ့။

စောင်းတာမှန်​သမျှ
သ​ဘောမကျ​ပေမယ့်
မင်းမျက်​​စောင်း​လေးကျ
ရင်​ခုန်​ရပြန်​တယ်
ဒီလိုလဲ
ငါ ရူးခဲ့ဖူးသ​ပေါ့။

ရွဲ့တာမှန်​သမျှ
ဘာမှကြည့်​မ​ကောင်းဘူး
ဒါ​ပေမယ့်
မင်းနှုတ်​ခမ်းက​လေး ရွဲ့လိုက်​တာကျ
ကြည့်​လို့လှသွားတယ်
ဒီလိုလဲ
ငါ ရူးခဲ့ဖူးသ​ပေါ့။

စီစီရီရီ ရှိ​နေမှ
စီစီရီရီ မြင်​ရမှ
ရင်​ထဲက ကြည်​နူးတယ်
အချစ်​ရယ်
မညီမညာ မင်းသွားထပ်​က​လေးကို
မြတ်​နိုး​နေတတ်​ပြန်​​ရော
ဒီလိုလဲ
ငါ ရူးခဲ့ဖူးသ​ပေါ့။

ပိုတာမှန်​သမျှ
လျှံလျှံကျ​ပေမယ့်
မင်းအချွဲပိုလဲ
ရင်​ထဲ တွဲခို​နေပြန်​တယ်
ဒီလိုလဲ
ငါ ရူးခဲ့ဖူးသ​ပေါ့။

မိုးကြိုးပစ်​သံကို
မ​ကြောက်​လန့်​တတ်​​ပေမယ့်
မင်းရဲ့အပြင်းစားသတ္တုသံကြားရင်
ပြားပြားဝပ်​မတတ်​ ​ကြောက်​ဒူးတုန်
ပီဘိယုန်​သူငယ်​​လေးလို
ဒီလိုလဲ
ငါ ရူးခဲ့ဖူးသ​ပေါ့။

ခုများ
ပြင်းသနားတယ်
ပြင်းသနားတယ်​တဲ့
ဘာလဲ
ထင်းရှားရင်​ ​ရေနံဆီသုံးဖို့
စဉ်းစားဦးမလို့လား။

မုန်း​အောင်
ဆက်​ရန်

No comments:

Post a Comment