Friday, August 29, 2014

ဒင်း​တော့

ဒင်း​တော့

မျက်​စိက မြင်
မြင်​တယ်​ဆို ပြီး​ရော​ပေါ့။
နားက​နေ ကြား
ကြားတယ်​ဆို ပြီး​ရော​ပေါ့။
လျှာက​နေ စား
စားတယ်​ဆို ပြီး​ရော​ပေါ့။
ခု​တော့
မပြီးနိုင်​ မစီးနိုင်
အထိ​အ​တွေ့၊ အကြားအမြင်
စားချင်​ ​မွှေးချင်
ကြားကဝင်​ ခံစားရ​အောင်
စားရတာလည်း ဒင်းမဟုတ်
မြင်​ရတာလည်း ဒင်းမဟုတ်
နမ်းရတာလည်း ဒင်းမဟုတ်
အားအားယား ဒင်းဝင်​ရှုပ်
ဆို​ပြောရခက်​တဲ့ အို မ​နောယုတ်​။

မုန်း​အောင်
26.7.2014
10:29

No comments:

Post a Comment