Saturday, August 30, 2014

XXXIX from The Arab Apocalypse

အာရပ်​ကမ္ဘာ ပျက်​စီးခြင်း

သက်​ရှိ​တွေက အ​လောင်း​တွေ​ပေါ်မှာ ပုပ်​​ဆွေးတဲ့အခါ
တိုက်​ပွဲဝင်​သူ​တွေရဲ့သွားများ ဓား​တွေဖြစ်​သွားတဲ့အခါ
စကားလုံး​တွေ အဓိပ္ပာယ်​​ပျောက်​ကာ အာဆင်းနစ်​အဆိပ်​ဖြစ်​သွားတဲ့အခါ
ကျူး​ကျော်​သူ​တွေရဲ့ လက်​သည်း​ခြေသည်း​တွေ တိရစ္ဆာန်​ လက်​သည်း​ခြေသည်း​တွေ ဖြစ်​သွားတဲ့အခါ
မိတ်​​ဆွေ​ဟောင်း​တွေက လူသတ်​ပွဲကြီးနွှဲကြဖို့ အလျင်​လိုလာကြတဲ့အခါ
အောင်​နိုင်​သူ​တွေရဲ့မျက်​လုံးများ သက်​ရှိကျည်​​တွေဖြစ်​လာတဲ့အခါ
ဓမ္မဆရာ​တွေက တူကို​ကောက်​ကိုင်​ကာ ကားစင်​တင်​ သတ်​ကြဖြတ်​ကြတဲ့အခါ
အာဏာပိုင်​​တွေက ရန်​သူကို တံခါးဖွင့်​​ပေးတဲ့အခါ
တောင်​​ပေါ်သား​တွေရဲ့​ခြေ​ထောက်​​တွေ ဆင်​​တွေအလား ​လေးလံလာတဲ့အခါ
နှင်းဆီပန်း​တွေက သုဿန်​တစပြင်​မှာသာ​ပေါက်​​တော့တဲ့အခါ
ပါလက်​စတိုင်းသားရဲ့အသည်းကို သူမ​သေခင်​စားကြတဲ့အခါ
နေကိုယ်​တိုင်​က မသာလွှမ်းတဲ့အဝတ်​စဖြစ်​ဖို့ကလွဲ ဘာရည်​ရွယ်​ချက်​မှမရှိ​တော့တဲ့အခါ

လူသားဒီ​ရေ တက်​တက်​လာတယ်​။

ပြန်​ မုန်း​အောင်
XXXIX from The Arab Apocalypse
By Etel Adnan
When the living rot on the bodies of the dead
When the combatants' teeth become knives
When words lose their meaning and become arsenic
When the aggressors' nails become claws
When old friends hurry to join the carnage
When the victors' eyes become live shells
When clergymen pick up the hammer and crucify
When officials open the door to the enemy
When the mountain peoples' feet weigh like elephants
When roses grow only in cemeteries
When they eat the Palestinian's liver before he's even dead
When the sun itself has no other purpose than being a shroud

the human tide moves on.

No comments:

Post a Comment