Saturday, August 30, 2014

The Heart of a Woman

အီရတ်​ကဗျာ
မိန်းမတစ်​​ယောက်​ရဲ့ နှလုံးသား

မိန်းမတစ်​​ယောက်​ရဲ့ နှလုံးသားဆိုတာ
ပတ်​စပို့မပါဘဲ ငါဝင်​နိုင်​တဲ့
တစ်​ခုတည်း​သော နိုင်​ငံ၊
ဘာရဲ တစ်​​ကောင်​တစ်​မြီးမှ မရှိတဲ့
နိုင်​ငံ​လေ။
ကိုယ့်​ကို ကဒ်​​တောင်းမယ့်​ ရဲလည်းမရှိ
မှောင်​ခိုသွင်းလာတဲ့ အ​ပျော်​​တွေ၊
ပိတ်​ပင်​ခံထားရတဲ့ ကဗျာ​တွေ၊
အနံ့အရသာရှိလှတဲ့ ​ကြေကွဲမှု​တွေ
အပြည့်​နဲ့ ငါ့ခရီး​ဆောင်​အိတ်​ကို
ရှာမယ့်​ ရဲလည်းမရှိတဲ့နိုင်​ငံ​ပေါ့။
မိန်းမတစ်​​ယောက်​ရဲ့ နှလုံးသားဆိုတာ
လက်​နက်​​တွေ အ​မြောက်​အများစုပုံမထားတဲ့
သူနိုင်​ငံအတွက်
သူ့နိုင်​ငံသားကို
အတင်းဝင်​ စစ်​မတိုက်​ခိုင်းတဲ့
တစ်​ခုတည်း​သောတိုင်းပြည်​​ပေါ့။
 
ပြန်​-မုန်း​အောင်
The Heart of a Woman
By Lateef Helmet
Translated by Soheil Najm

The heart of a woman is the only country
That I can enter without a passport,
Where no policeman
Asks me for my card
Or searches my suitcase
Full of contraband joys
Forbidden poems
And delicious sorrows.
The heart of a woman is the only country
That does not heap up heavy weapons
Nor force its citizen to fight its wars.      



     

No comments:

Post a Comment