Friday, August 29, 2014

ငါ့ရဲ့သူမည

ငါရဲ့ သူမည

သတိရစိတ်
အိပ်​ခက်​ညမှာ၊ ကဗျာမ​ရေး
တေးလည်းမဆို၊ ​ဆေးလိပ်​တိုတို့
ဟိုမှာ ဒီမှာ ပြန့်​ပြန့်​ကျဲ။

ဒီအချိန်​ဆို
ငါ့လိုအိပ်​ခက်
ညဉ့်​နက်​နက်​မှာ
စိတ်​​ယောက်​ယက်​ခတ်
လမ်းထွက်​​လျှောက်​လို့​နေသလား။

သို့မဟုတ်​လျှင်
သင်္ချာစာအုပ်
ခေါင်းကိုကုပ်​လို့
စိတ်​ရှုပ်​လာပြီး
O.D.E က
ငြီး​ငွေ့စရာ
ဘာ​တွေမှန်းကို
မသိဆိုကာ ချဉ်​ထုပ်​စားလို့​နေသလား။

သို့မဟုတ်​က
သူမချစ်​သူ၊ အ​ဝေးလူဆီ
စိတ်​ရည်​လွမ်းတ၊ နှုတ်​ခမ်းကိုက်​ဟ
လျလျညှဉ်းညှဉ်း
သက်​ပြင်း​မော​တွေ ချ​နေမလား။

သို့မဟုတ်​တုံ
အာရုံလွင့်​​မျော
မေ့​မောနှစ်​ခြိုက်
အိပ်​စက်​ခိုက်​လား။

အို ဘာမသိ
သတိမခြုပ်​၊ စိတ်​ရုပ်​မရ
ထိုင်​ထ ထထိုင်
ငေးငိုင်​တစ်​ချက်
အိပ်​တန်းပျက်​ဆိုး
မအိပ်​နိုးသည်
တစ်​မိုး​သောက်​စွ
သူမ ငါ့ကို ခိုးတဲ့ည။

မုန်း​အောင်
6.9.1995
12:27am

No comments:

Post a Comment