Saturday, August 30, 2014

သွေးစင်​ပန်း

"​သွေးစင်​ပန်း"

ရှေး​ရှေးတုန်းက
ကရင်​မုဆိုးမကြီး တစ်​​ယောက်​မှာ၊
မူယယ်​ဖဲလို့​ခေါ်တဲ့
သမီး​ချော​လေး ရှိ​လေရာ။
သူ့အလှအ​ကြောင်း
တစ်​​ယောက်​စကားက တစ်​​ယောက်​နား၊
ထိုင်းဘုရင်​ကြီးရဲ့
ရွှေနား​တော်​သို့ ​ရောက်​ကာသွား။
ဘုရင်​ကြီးလည်း
ကြားရသတင်း မှန်​ မမှန်​၊
အ​ထောက်​​တော်​များကို
စုံစမ်းဖို့ ​စေလွှတ်​ပြန်​။
ပြန်​လာတဲ့
အ​ထောက်​​တော်​​တွေ ​လျှောက်​ကာထား၊
မူယယ်​ဖဲဟာ
နတ်​​ဒေဝီတမျှ လှ​ကြောင်းပါဘုရား။
မူယယ်​ဖဲကို အရယူဖို့
ဘုရင်​ ပရိယာယ်​ဆင်​၊
လုပ်​ခ​ကောင်း​ကောင်း​ပေးမယ်
နန်း​တော်​မှာ အမှုထမ်းကြ ​ဆွေကရင်​။
ဆင်းရဲတဲ့ မိခင်
အကြိမ်​ကြိမ်​ တိုက်​တွန်း​တော့၊
မူယယ်​ဖဲခမျာ
မ​ရှောင်​သာမလွှဲသာ နန်းတွင်းမှာ
အလုပ်​ လုပ်​ရရှာ​ပေါ့။
ဘုရင်​ကြီး
မူယယ်​ဖဲအား ​တွေ့​သောအခါ၊
ရွှေ​ဘော​တော်​ကျသဖြင့်
သိမ်းပိုက်​ဖို့ အခွင့်​ရှာ။
ကောင်​မက​လေး
အလုပ်​ခွင်​က​နေ အိမ်​ပြန်​သွားတိုင်း၊
ဘုရင်​ကြီးက
လူယုံ​တော်​တစ်​ဦးကို ​ခြေရာခံခိုင်း။
ပြန်​တိုင်း ပြန်​တိုင်း
စမ်း​ချောင်း​ရောက်​ရင်​ မူယယ်​ဖဲ အနားယူ၊
ရေ​သောက်​တဲ့အခါ
ပါးစပ်​က​နေ သက်​တန့်​​ရောင်​စုံ
ထွက်​တဲ့သူ။
ဘုရင်​ကြီး
ကြားသတင်း​ကြောင့်​ မ​နေနိုင်​​တော့၊
အတင်းကြီး​ရော အဓမ္မကြီးပါ
သိမ်းလို့ပိုက်​လို့ မိဖုရား​မြှောက်​တာ​ပေါ့။
ကောင်​မ​လေးနဲ့
ဝမ်းကွဲအစ်​ကို လုလင်​၊
ရည်​ငံ​နေတာ
အ​တော်​ကြာပြီ ​ရှေးယခင်။
လုလင်​လည်း
ရဲရဲဝံ့ဝံ့ ဘုရင့်​ထံသွား၊
သူ့ချစ်​သူကို
ပြန်​​ပေးပါ ​လျှောက်​ကာထား။
ဘုရင်​လည်း
မဖြစ်​နိုင်​ဘူးထင်​ ပရိယာယ်​ဆင်​၊
ပြန်​​ပေးမယ်
အဆစ်​တစ်​ခုတည်း
သုံး​ပေထက်​မနည်း ရှည်​တဲ့ဝါး
ဆက်​သနိုင်​ခဲ့ရင်​။
ချစ်​သူလုလင်
အ​သော့အလျင်​ ရွာပြန်​သွား၊
ခုတ်​​ချေ​ပေါ့
'ဝါ​သော'ဆိုတဲ့ ကရင်​ဝါး။
မှာတဲ့ဝါး
ဘုရင့်​အား ဆက်​သ​သော ထိုအခါ၊
ဘုရင့်​ထုံးစံအတိုင်း
ဖျက်​တာ​ပေါ့ သူ့ကတိကိုသာ။
နောက်​တစ်​ခါ
ဆက်​သဦး အဝါ​ရောင်​ ဝါးရွက်​၊
သွေ့ခြင်း ​ခြောက်​ခြင်း
အလျင်းမရှိ ပါဘဲလျှက်​။
ဘုရင်​ကြီး
မမြင်​ဖူးလို့ ခက်​ခက်​ထင်​​နေတာ၊
'ဝါ​ဘော'ဆိုတဲ့ဝါး
ကရင်​ရွာမှာ ​ပေါလို့​သောလို့ပါ။
ဒီတစ်​ခါ
ဘုရင်​ မငြင်းသာ​တော့၊
ကတိအတိုင်း
မူယယ်​ဖဲကို ပြန်​​ပေးရတာ​ပေါ့။
လုလင်​လည်း
ကောင်​မ​လေးကို ဇာတိရွာပြန်​​ခေါ်၊
နင်​ အပျိုစစ်​​သေးလား
မေး​တော့ မြန်း​တော့ ​ပေါ်။
ချောင်းကိုဖြတ်​တဲ့သူ
ခြေစိုစမြဲ၊
ရိုးရိုးသားသား ​ဖြေရှာ
မူယယ်​ဖဲ။
အသဲ ကျွဲခတ်​သလို
မခံစားနိုင်​ရှာတဲ့ လုလင်​ပျို၊
နင်​ပြန်​သွား​တော့
နင့်​လင်​ ဘုရင့်​ဆီကို။
ငိုကာယိုကာ
ပြန်​ရှာ​ပေါ့ ကံဆိုးမ​လေး၊
ဘုရင့်​​ဒေါသ ​ထောင်း​ထောင်းထ
သေဒဏ်​ အပြစ်​​ပေး။
ဆင်​ကန်းတွန်းချ
သစ်​တုံး တွင်းထဲကျ​သော့ခါ၊
အား မမြင်​ရင်​စရာ
ငေါက်​​ငေါက်​ပန်း ​သွေးထွက်​လာ။
တစ်​​နေ့
ချစ်​သူအစ်​ကို ​တောထဲ ခရီးသွား၊
ဆန်းပြားတဲ့ အသံ
ကျမကို ပြန်​ပို့​ပေးပါလား။
ကြည့်​​တော့လည်း
လူတစ်​​ယောက်​မှမမြင်​၊
နီတျာတျာ ပန်းတစ်​ခက်
ဟိုး သစ်​ပင်​ထိပ်​ဖျားတွင်​။
ဟဲ့ နင်​ဘယ်​သူလဲ
မေး​တော့၊
သွေးစင်​ပန်းက​လေး မူယယ်​ဖဲဟာ
ကျမပဲ​ပေါ့။

မုန်း​အောင်
31.8.2014
02:05am

No comments:

Post a Comment