အရိန္ဒမာလှံ
(၉)
ထူးမြတ်တဲ့ မေတ္တာတရားဟာ
ဆံနွယ်တစ်ချောင်းရဲ့ဖြားယောင်းမှုမှာ
ဝပ်တွားမနေဘူး။
စီးကရက်မီးခိုးငွေ့ထက်တောင်မှ
ပျောက်ကွယ်ဖို့ မြန်ဆန်တဲ့
မင်းရင်ခုန်သံကို
ပြန်နားမဆင်ချင်တော့ဘူး။
လေက လက်ဆော့သမို့
ငါ့ဆံပင်တွေ ဖွာလန်ကြဲသွားပုံမျိုး
ဆိုင်ကလုန်းထက်အားကောင်းတဲ့
မင်းစကားလုံးများကြောင့်
ငါ့ဘဝ အစိတ်စိတ် အမွှာမွှာ
ကွဲကြေပြန့်လွင့်နေရမလား
သွားစမ်းပါ။
မင်းမျက်စောင်းမြွေပေါက်လို့
ဒူးခေါက်ခွက်ရဲ့အားတွေ
အချည်းနှီးမဲ့ရတော့မှာလား
သွားစမ်းပါ။
မင်းမျက်ရည်တွေ ထွင်းဖောက်လို့
ငါ့စိတ်တွေ ကြွင်းချိုင့်ဖြစ်နေရမလား
သွားစမ်းပါ။
မင်းမျက်ဝန်းတွေ မဖမ်းစားနိုင်တော့ဘူး
မင်းနှုတ်ခမ်းကို မတမ်းတတော့ဘူး
မင်းလမ်းကိုလည်း မလျှောက်နိုင်တော့ဘူး
ယောင်္ကျားဟေ့ ယောင်္ကျား
ဒီလို လေတစ်လုံး မိုးတစ်လုံးနဲ့
သုံးရာသီ ဖျားနာနေတဲ့ကောင်။
ခန်းခြောက်နေတဲ့ ချောင်းကလေးများတောင်
မိုးရာသီကျ
နိုးထစီးဆင်းနိုင်သေးတာ
မင်းကော အချိန်မရွေးပြန်မချစ်နိုင်ဘူးလား
ပြောစမ်းပါဦး
အဲဒီလို ထင်တစ်လုံးနဲ့
နှလုံးနာစရာ မုန်ဖို့ကောင်းတဲ့ကောင်။
အချစ်ဆိုတာ
မနှစ်ကရယ်လို့ မရှိဘူး
အမြဲသစ်လွင်နေတာ အချစ်
အဲဒီလို မဖြစ်ညစ်ကျယ်အတွေးများနဲ့
ကိုယ့်နှလုံးသားကိုယ်
နှစ်သိမ့်လှည့်ဖြားနေတဲ့ကောင်။
အဖြစ်ဆိုးတွေကို
အနှစ်ကိုးဆယ်မှာထားခဲ့
အချစ်တိုးလို့ ရှေ့ဆက်မယ်
ဒီလိုလဲ လက်ဖြန့်ချင်တဲ့ကောင်။
ဟောင်ရုံသာ ဟောင်ရဲ
မကိုက်ခဲတဲ့ ခွေးလို
သွေးနီးဖို့ သတ္တိမရှိတဲ့ကောင်။
အဲဒီကောင်ဟာ
ကြောင်တစ်ကောင်လို နေထိုင်တယ်။
မုန်းအောင်
ဆက်ရန်
No comments:
Post a Comment