လွတ်လပ်ရေး
လောကနိယာမနဲ့ ဖွင့်လို့မရ
ဘာသာရေးအဆုံးအမနဲ့ ဖွင့်လို့မရ
ငြိမ်းချမ်းရေးစကားဝိုင်းနဲ့ ဖွင့်လို့မရ
နားထောင်လို့ကောင်းတဲ့
ရဲရဲတောက်မိန့်ခွန်းနဲ့ ဖွင့်လို့မရ
သူ့သွေးကိုယ့်သွေး
သူ့အသက်ကိုယ့်အသက်
သူ့ဘဝကိုယ့်ဘဝ
စတေးပြီးမှ ဖွင့်လို့ရတဲ့
သံမဏိတံခါးတစ်ချပ်။ ။
မိုဃ်းဇော်
Freedom
With Law of Nature, unable to open it
With the religious teaching, unable to open it
With peace dialogue, unable to open it
With a nice bold speech, unable to open it
Only by sacrificing
his blood, my blood
his life, my life
his existance, my existnce
Able to open it.
It's a steel leaf of door.
Moe Zaw
Translated by Mone Aung
ကဗျာဆရာမုန်းအောင်၏ကိုယ်တိုင်ရေးသားသောကဗျာများနှင့်နှစ်သက်သောကဗျာများအားစုစည်းထားပါသည်။
Tuesday, September 30, 2014
Sunday, September 28, 2014
လွမ်းချင်းည
လွမ်းချင်းည
ဝေးကွာနေတဲ့အခါ
အလွမ်းတွေ အိပ်နေခဲ့ရင်
ဖွဖွ တိုးတိုး
တစ်ရေးနှိုးပေးပါ...
အချစ်စစ်ရဲ့ရင်ဘတ်ဆိုတာ
အကြိမ်ကြိမ်နွမ်းလျပါစေ
သံယောဇဉ်တွေ
မဆွေးမြည့်တတ်ဘူးလေ...
အခရာ
24.9.2014
Song of Longing
When we're apart
If longing deeply sleeps
lightly, gently wake it up please
However exhausted, true love's heart
is a body-sort
Samyojana can ne're rot.
Akhaya
Translated by Mone Aung
ဝေးကွာနေတဲ့အခါ
အလွမ်းတွေ အိပ်နေခဲ့ရင်
ဖွဖွ တိုးတိုး
တစ်ရေးနှိုးပေးပါ...
အချစ်စစ်ရဲ့ရင်ဘတ်ဆိုတာ
အကြိမ်ကြိမ်နွမ်းလျပါစေ
သံယောဇဉ်တွေ
မဆွေးမြည့်တတ်ဘူးလေ...
အခရာ
24.9.2014
Song of Longing
When we're apart
If longing deeply sleeps
lightly, gently wake it up please
However exhausted, true love's heart
is a body-sort
Samyojana can ne're rot.
Akhaya
Translated by Mone Aung
ဘဝတူ
ဘဝတူ
ရုပ်ရှင်ရုံထဲ
သူ့ကိုခွာပေးဖူးတဲ့နေကြာစေ့ခွံများပမာ
ကျွန်တော်ဟာ ရင်ကွဲပက်လက်ကျန်ခဲ့ပြီ။
လင်းဝေဟင်မိုး
Fellow-sufferers
In the movie theater,
Like the sunflower
seed-coats I took off for her;
She left me behind in desolation utter.
Lin Wai Hin Moe
Translated by Mone Aung
ရုပ်ရှင်ရုံထဲ
သူ့ကိုခွာပေးဖူးတဲ့နေကြာစေ့ခွံများပမာ
ကျွန်တော်ဟာ ရင်ကွဲပက်လက်ကျန်ခဲ့ပြီ။
လင်းဝေဟင်မိုး
Fellow-sufferers
In the movie theater,
Like the sunflower
seed-coats I took off for her;
She left me behind in desolation utter.
Lin Wai Hin Moe
Translated by Mone Aung
Thursday, September 18, 2014
အချစ်
အချစ်
ဘီယာဘူးကို ဖောက်ရင်
ဖောင်းခနဲ ပွင့်သံနဲ့အတူ
အမြှုပ်တွေ ဖိတ်လျှံလာမှာ စိုးမိ။
ဘူးထဲက အရည်တွေ
မင်းနှစ်သက်နိုင်မလား။
အကျိုးဆက်တွေက
အဆိုးဆုံး မဖြစ်နိုင်တောင်
ကောင်းချင်မှ ကောင်းလိမ့်။
မင့်လိုအင်ကို ဖတ်ရှုဖို့ရာ
မင့်မျက်ဝန်းများက မှုန်ဝါးလွန်းလှ။
မင့်ဆန္ဒကို ဖွင့်ဟဖို့
ငါမေးမယ်ဆို ရိုင်းပျ။
အမြှုပ်တွေ မင်းမြင်တဲ့ခဏ
လက်လှမ်းလာရင် ကောင်းပ။
မဟုတ်ဘဲ နောက်ဆုတ်သွားခဲ့ရင်
မင်းနဲ့ငါ စပ်ကြား
အလှမ်းပိုဝေးသွားရုံသာ။
အသင့်ဆုံးက
ဘူးကိုမဖောက်ဘဲ ထားလိုက်မှ။
မုန်းအောင်
27.4.1994
24:00
Red-stoneသို့
ဘီယာဘူးကို ဖောက်ရင်
ဖောင်းခနဲ ပွင့်သံနဲ့အတူ
အမြှုပ်တွေ ဖိတ်လျှံလာမှာ စိုးမိ။
ဘူးထဲက အရည်တွေ
မင်းနှစ်သက်နိုင်မလား။
အကျိုးဆက်တွေက
အဆိုးဆုံး မဖြစ်နိုင်တောင်
ကောင်းချင်မှ ကောင်းလိမ့်။
မင့်လိုအင်ကို ဖတ်ရှုဖို့ရာ
မင့်မျက်ဝန်းများက မှုန်ဝါးလွန်းလှ။
မင့်ဆန္ဒကို ဖွင့်ဟဖို့
ငါမေးမယ်ဆို ရိုင်းပျ။
အမြှုပ်တွေ မင်းမြင်တဲ့ခဏ
လက်လှမ်းလာရင် ကောင်းပ။
မဟုတ်ဘဲ နောက်ဆုတ်သွားခဲ့ရင်
မင်းနဲ့ငါ စပ်ကြား
အလှမ်းပိုဝေးသွားရုံသာ။
အသင့်ဆုံးက
ဘူးကိုမဖောက်ဘဲ ထားလိုက်မှ။
မုန်းအောင်
27.4.1994
24:00
Red-stoneသို့
စစ်
စစ်
အချစ်စည်း ပြေကာ
စစ်မီးတွေ ငြီးငြီးတောက်
သွေး၊ မျက်ရည်တွေ ပိုးပိုးပေါက်
ပျောက်သွားကြ အသက်တွေ
ခြောက်ခြားစရာ့ ရက်တွေ...
ယမ်းခိုးတဝေဝေမှာ
အထမ်းအပိုးနဲ့ သူတွေ
သွေးညှီနံ့တွေနဲ့
ဘေးဘီလန့်နေသူတွေ
ဝက်ဆွဲ ကြက်ဆွဲ ကလေးဆွဲ
တပြေးတည်း ပြေးနေရသူတွေ
အိုကြီး အိုမ ကြမှ
ပိုပြီး ဘုရားနဲ့ဝေးရသူတွေ
ကျန်ခဲ့သူ သမီး၊သား
ဇနီးမယားကို
အပြီးထားသွားရရှာသူတွေ
ဇာတိရွာပါလို့
ဘာကြည့်ကာ ပြောရမှန်း မသိရှာသူတွေ
နွေနေပူပူမှာ
ခြေ အိမ်တိုင် ထူသူတွေ
မိုးတပေါက်ပေါက်မှာ
အမိုးအောက် မရောက်ရရှာသူတွေ
ဆောင်းအအေးမှာ
ကျောင်းကလေးနဲ့ ဝေးရရှာသူတွေ
... ... ... သူတွေ
... ... ... သူတွေ
... ... ... သူတွေ
ထမင်းမဝတာ အသာထား
ခေါင်းပြားအောင်
ဘယ်တော့များမှ အိပ်ရမယ်ပ
ခြုံပုတ်ကို
ဘုံလုပ်သူတွေရဲ့
တုန်လှုပ်ဖွယ့် စကား...
သမိုင်းစာမျက်နှာ မဟောင်းသေးလည်း
သင်ခန်းစာ မယူတတ်ကြသေးဘူးလားကွယ်တို့
အသက်တွေ ပေးရတာများလှ
လက်ညှိုးတွေ ကွေးကြတုန်းလားကွယ်တို့
မချစ်ခင်လည်း ရှိပါစေ
အပြစ်မမြင် ကြပါနဲ့တော့
အို
စစ်လူတို့
ချစ်သူတို့ကို မခွဲပါနဲ့
ချစ်သူတို့ကို မခွဲကြပါနဲ့
ချစ်သူတို့ မကွဲကွာကြပါစေနဲ့တော့...
မုန်းအောင်
အချစ်စည်း ပြေကာ
စစ်မီးတွေ ငြီးငြီးတောက်
သွေး၊ မျက်ရည်တွေ ပိုးပိုးပေါက်
ပျောက်သွားကြ အသက်တွေ
ခြောက်ခြားစရာ့ ရက်တွေ...
ယမ်းခိုးတဝေဝေမှာ
အထမ်းအပိုးနဲ့ သူတွေ
သွေးညှီနံ့တွေနဲ့
ဘေးဘီလန့်နေသူတွေ
ဝက်ဆွဲ ကြက်ဆွဲ ကလေးဆွဲ
တပြေးတည်း ပြေးနေရသူတွေ
အိုကြီး အိုမ ကြမှ
ပိုပြီး ဘုရားနဲ့ဝေးရသူတွေ
ကျန်ခဲ့သူ သမီး၊သား
ဇနီးမယားကို
အပြီးထားသွားရရှာသူတွေ
ဇာတိရွာပါလို့
ဘာကြည့်ကာ ပြောရမှန်း မသိရှာသူတွေ
နွေနေပူပူမှာ
ခြေ အိမ်တိုင် ထူသူတွေ
မိုးတပေါက်ပေါက်မှာ
အမိုးအောက် မရောက်ရရှာသူတွေ
ဆောင်းအအေးမှာ
ကျောင်းကလေးနဲ့ ဝေးရရှာသူတွေ
... ... ... သူတွေ
... ... ... သူတွေ
... ... ... သူတွေ
ထမင်းမဝတာ အသာထား
ခေါင်းပြားအောင်
ဘယ်တော့များမှ အိပ်ရမယ်ပ
ခြုံပုတ်ကို
ဘုံလုပ်သူတွေရဲ့
တုန်လှုပ်ဖွယ့် စကား...
သမိုင်းစာမျက်နှာ မဟောင်းသေးလည်း
သင်ခန်းစာ မယူတတ်ကြသေးဘူးလားကွယ်တို့
အသက်တွေ ပေးရတာများလှ
လက်ညှိုးတွေ ကွေးကြတုန်းလားကွယ်တို့
မချစ်ခင်လည်း ရှိပါစေ
အပြစ်မမြင် ကြပါနဲ့တော့
အို
စစ်လူတို့
ချစ်သူတို့ကို မခွဲပါနဲ့
ချစ်သူတို့ကို မခွဲကြပါနဲ့
ချစ်သူတို့ မကွဲကွာကြပါစေနဲ့တော့...
မုန်းအောင်
Tuesday, September 16, 2014
BLACK SEPTEMBER
BLACK SEPTEMBER
B lood
L ie
A nger
C ry
K iller
S ob
E legy
P ain
T ear
E nmity
M animal
B utcher
E x-ecutioner
R age
Mone Aung
17.9.2014
02:16
B lood
L ie
A nger
C ry
K iller
S ob
E legy
P ain
T ear
E nmity
M animal
B utcher
E x-ecutioner
R age
Mone Aung
17.9.2014
02:16
Monday, September 15, 2014
အရိန္ဒမာလှံ
အရိန္ဒမာလှံ
(၁၁)
အချိုရှာသူတို့
လာကြ ဒီကို
ငါ့နှလုံးသားကို မျိုပါ
စောသူရအောင် ကိုယ်၌က
အရိန္ဒမာလှံ ဖြစ်လို့။
မုန်းအောင်
9-16.3.1995
(၁၁)
အချိုရှာသူတို့
လာကြ ဒီကို
ငါ့နှလုံးသားကို မျိုပါ
စောသူရအောင် ကိုယ်၌က
အရိန္ဒမာလှံ ဖြစ်လို့။
မုန်းအောင်
9-16.3.1995
အရိန္ဒမာလှံ(၁၀)
အရိန္ဒမာလှံ
(၁၀)
လမ်းဖောက်ရာ အရပ်၌
ငါသည် လမ်းပျောက်ခဲ့ပြီ။
(တဂိုး)
ငါက
လမ်းအဆွေးမှာ
ပန်းနဲ့ဝေးနေပြီလား
မဟုတ်လောက်သေး
လုံးဝမဟုတ်သေး
ပန်းမပျောက်ပါဘူး
လမ်းမလျှောက်နိုင်သေးတာ
နမ်းလောက်စရာ ရနံ့
ငါ့မှာ မသင်းပျံ့သေးဘူးထင်လို့။
မသိသူတို့ ကျော်သွားပါစေ
သိသူတို့ ဖော်စားကြ
ကိုယ်ဘဝကိုယ်
မြှုပ်နှံစိုက်ပျိုးထားတာပေါ့
ငါဟာ
ဆေးဖက်ဝင် အပင်တစ်မျိုးပါ။
ခင်ဗျားတို့ စားချင်ရင်
သကြားလုံးလဲ ဖြစ်လိုက်ဦးမတဲ့
အချိုမစားဖူးတဲ့ စောသူရအောင်က။
ဒီကမ္ဘာသေတ္တာကြီးထဲမှာ
ငါက ပရုပ်လုံးတစ်လုံးပေါ့
ပိုးဟပ်တွေက မုန်းတီးတယ်။
ခင်ဗျားတို့ ဘယ်လောက်ထိ
သစ်နိုင်ကြသလဲ
ဒီနှစ်စိုက်တဲ့စပါး
မနှစ်က မျိုးချန်ထားခဲ့လို့။
ငါကလဲ သစ်မှကြိုက်တဲ့ကောင်
(အဖြစ်သည်းလိုက်တာ)
နယ်သစ်ပယ်သစ် ရှာချင်တယ်
ဂီတသစ်ကို နားဆင်ချင်တယ်
သေရည်သစ်နဲ့ မူးယစ်ချင်တယ်
စိတ်ကူးသစ်နဲ့ ရှေ့ဆက်ချင်တယ်
အပျိုသစ်နဲ့ ရစ်နွယ်နေချင်တယ်
သစ်လိုက်ချင်
ဖြစ်လိုက်ချင်တာတွေ။
ဖြစ်နေရတော့လည်း
ဒိန္နက်သည်းမလို
သုံးလေးလင်မပြောင်း
ကမ္ဘာအဟောင်းကြီးထဲ နေထိုင်တယ်။
မောင်းနေကျလို့ ဖုန်ထောင်းထောင်း
ဓာတ်ပြားဟောင်းကြီး အပ်ကြောင်းထပ်
အသက်ရူကျပ်လို့ နေတော့တယ်။
နှစ်ချို့မြေအောင်း
ညအိုဟောင်းထဲ
သေရည်ဟောင်းနဲ့ ပေါင်းဖက်နေတယ်။
မဆေးဖြစ်တဲ့ ခွက်
မှိုတွေတက်လို့ ယင်တယောင်းယောင်း
စိတ်ကူးဟောင်းနဲ့ ညောင်းညာနေတယ်။
ပုလင်းခွံဟောင်းလို
စိတ်ကဟောင်း
ဣတ္ထိယအဟောင်းမှ ချစ်မိနေတယ်။
စောသူရအောင်တစ်ယောက်
ဆေးရုံအဟောင်းကြီးလို
ပြင်းရိစွာ လဲကျနေပုံများ
ခုတော့ တကယ်ခံစားသွားရပြီ
မသစ်ရင်နေပါစေ
စစ်မှန်ရင်ပဲ လက်ခံကျေနပ်ပါပြီတဲ့။
မုန်းအောင်
ဆက်ရန်
(၁၀)
လမ်းဖောက်ရာ အရပ်၌
ငါသည် လမ်းပျောက်ခဲ့ပြီ။
(တဂိုး)
ငါက
လမ်းအဆွေးမှာ
ပန်းနဲ့ဝေးနေပြီလား
မဟုတ်လောက်သေး
လုံးဝမဟုတ်သေး
ပန်းမပျောက်ပါဘူး
လမ်းမလျှောက်နိုင်သေးတာ
နမ်းလောက်စရာ ရနံ့
ငါ့မှာ မသင်းပျံ့သေးဘူးထင်လို့။
မသိသူတို့ ကျော်သွားပါစေ
သိသူတို့ ဖော်စားကြ
ကိုယ်ဘဝကိုယ်
မြှုပ်နှံစိုက်ပျိုးထားတာပေါ့
ငါဟာ
ဆေးဖက်ဝင် အပင်တစ်မျိုးပါ။
ခင်ဗျားတို့ စားချင်ရင်
သကြားလုံးလဲ ဖြစ်လိုက်ဦးမတဲ့
အချိုမစားဖူးတဲ့ စောသူရအောင်က။
ဒီကမ္ဘာသေတ္တာကြီးထဲမှာ
ငါက ပရုပ်လုံးတစ်လုံးပေါ့
ပိုးဟပ်တွေက မုန်းတီးတယ်။
ခင်ဗျားတို့ ဘယ်လောက်ထိ
သစ်နိုင်ကြသလဲ
ဒီနှစ်စိုက်တဲ့စပါး
မနှစ်က မျိုးချန်ထားခဲ့လို့။
ငါကလဲ သစ်မှကြိုက်တဲ့ကောင်
(အဖြစ်သည်းလိုက်တာ)
နယ်သစ်ပယ်သစ် ရှာချင်တယ်
ဂီတသစ်ကို နားဆင်ချင်တယ်
သေရည်သစ်နဲ့ မူးယစ်ချင်တယ်
စိတ်ကူးသစ်နဲ့ ရှေ့ဆက်ချင်တယ်
အပျိုသစ်နဲ့ ရစ်နွယ်နေချင်တယ်
သစ်လိုက်ချင်
ဖြစ်လိုက်ချင်တာတွေ။
ဖြစ်နေရတော့လည်း
ဒိန္နက်သည်းမလို
သုံးလေးလင်မပြောင်း
ကမ္ဘာအဟောင်းကြီးထဲ နေထိုင်တယ်။
မောင်းနေကျလို့ ဖုန်ထောင်းထောင်း
ဓာတ်ပြားဟောင်းကြီး အပ်ကြောင်းထပ်
အသက်ရူကျပ်လို့ နေတော့တယ်။
နှစ်ချို့မြေအောင်း
ညအိုဟောင်းထဲ
သေရည်ဟောင်းနဲ့ ပေါင်းဖက်နေတယ်။
မဆေးဖြစ်တဲ့ ခွက်
မှိုတွေတက်လို့ ယင်တယောင်းယောင်း
စိတ်ကူးဟောင်းနဲ့ ညောင်းညာနေတယ်။
ပုလင်းခွံဟောင်းလို
စိတ်ကဟောင်း
ဣတ္ထိယအဟောင်းမှ ချစ်မိနေတယ်။
စောသူရအောင်တစ်ယောက်
ဆေးရုံအဟောင်းကြီးလို
ပြင်းရိစွာ လဲကျနေပုံများ
ခုတော့ တကယ်ခံစားသွားရပြီ
မသစ်ရင်နေပါစေ
စစ်မှန်ရင်ပဲ လက်ခံကျေနပ်ပါပြီတဲ့။
မုန်းအောင်
ဆက်ရန်
အရိန္ဒမာလှံ(၉)
အရိန္ဒမာလှံ
(၉)
ထူးမြတ်တဲ့ မေတ္တာတရားဟာ
ဆံနွယ်တစ်ချောင်းရဲ့ဖြားယောင်းမှုမှာ
ဝပ်တွားမနေဘူး။
စီးကရက်မီးခိုးငွေ့ထက်တောင်မှ
ပျောက်ကွယ်ဖို့ မြန်ဆန်တဲ့
မင်းရင်ခုန်သံကို
ပြန်နားမဆင်ချင်တော့ဘူး။
လေက လက်ဆော့သမို့
ငါ့ဆံပင်တွေ ဖွာလန်ကြဲသွားပုံမျိုး
ဆိုင်ကလုန်းထက်အားကောင်းတဲ့
မင်းစကားလုံးများကြောင့်
ငါ့ဘဝ အစိတ်စိတ် အမွှာမွှာ
ကွဲကြေပြန့်လွင့်နေရမလား
သွားစမ်းပါ။
မင်းမျက်စောင်းမြွေပေါက်လို့
ဒူးခေါက်ခွက်ရဲ့အားတွေ
အချည်းနှီးမဲ့ရတော့မှာလား
သွားစမ်းပါ။
မင်းမျက်ရည်တွေ ထွင်းဖောက်လို့
ငါ့စိတ်တွေ ကြွင်းချိုင့်ဖြစ်နေရမလား
သွားစမ်းပါ။
မင်းမျက်ဝန်းတွေ မဖမ်းစားနိုင်တော့ဘူး
မင်းနှုတ်ခမ်းကို မတမ်းတတော့ဘူး
မင်းလမ်းကိုလည်း မလျှောက်နိုင်တော့ဘူး
ယောင်္ကျားဟေ့ ယောင်္ကျား
ဒီလို လေတစ်လုံး မိုးတစ်လုံးနဲ့
သုံးရာသီ ဖျားနာနေတဲ့ကောင်။
ခန်းခြောက်နေတဲ့ ချောင်းကလေးများတောင်
မိုးရာသီကျ
နိုးထစီးဆင်းနိုင်သေးတာ
မင်းကော အချိန်မရွေးပြန်မချစ်နိုင်ဘူးလား
ပြောစမ်းပါဦး
အဲဒီလို ထင်တစ်လုံးနဲ့
နှလုံးနာစရာ မုန်ဖို့ကောင်းတဲ့ကောင်။
အချစ်ဆိုတာ
မနှစ်ကရယ်လို့ မရှိဘူး
အမြဲသစ်လွင်နေတာ အချစ်
အဲဒီလို မဖြစ်ညစ်ကျယ်အတွေးများနဲ့
ကိုယ့်နှလုံးသားကိုယ်
နှစ်သိမ့်လှည့်ဖြားနေတဲ့ကောင်။
အဖြစ်ဆိုးတွေကို
အနှစ်ကိုးဆယ်မှာထားခဲ့
အချစ်တိုးလို့ ရှေ့ဆက်မယ်
ဒီလိုလဲ လက်ဖြန့်ချင်တဲ့ကောင်။
ဟောင်ရုံသာ ဟောင်ရဲ
မကိုက်ခဲတဲ့ ခွေးလို
သွေးနီးဖို့ သတ္တိမရှိတဲ့ကောင်။
အဲဒီကောင်ဟာ
ကြောင်တစ်ကောင်လို နေထိုင်တယ်။
မုန်းအောင်
ဆက်ရန်
(၉)
ထူးမြတ်တဲ့ မေတ္တာတရားဟာ
ဆံနွယ်တစ်ချောင်းရဲ့ဖြားယောင်းမှုမှာ
ဝပ်တွားမနေဘူး။
စီးကရက်မီးခိုးငွေ့ထက်တောင်မှ
ပျောက်ကွယ်ဖို့ မြန်ဆန်တဲ့
မင်းရင်ခုန်သံကို
ပြန်နားမဆင်ချင်တော့ဘူး။
လေက လက်ဆော့သမို့
ငါ့ဆံပင်တွေ ဖွာလန်ကြဲသွားပုံမျိုး
ဆိုင်ကလုန်းထက်အားကောင်းတဲ့
မင်းစကားလုံးများကြောင့်
ငါ့ဘဝ အစိတ်စိတ် အမွှာမွှာ
ကွဲကြေပြန့်လွင့်နေရမလား
သွားစမ်းပါ။
မင်းမျက်စောင်းမြွေပေါက်လို့
ဒူးခေါက်ခွက်ရဲ့အားတွေ
အချည်းနှီးမဲ့ရတော့မှာလား
သွားစမ်းပါ။
မင်းမျက်ရည်တွေ ထွင်းဖောက်လို့
ငါ့စိတ်တွေ ကြွင်းချိုင့်ဖြစ်နေရမလား
သွားစမ်းပါ။
မင်းမျက်ဝန်းတွေ မဖမ်းစားနိုင်တော့ဘူး
မင်းနှုတ်ခမ်းကို မတမ်းတတော့ဘူး
မင်းလမ်းကိုလည်း မလျှောက်နိုင်တော့ဘူး
ယောင်္ကျားဟေ့ ယောင်္ကျား
ဒီလို လေတစ်လုံး မိုးတစ်လုံးနဲ့
သုံးရာသီ ဖျားနာနေတဲ့ကောင်။
ခန်းခြောက်နေတဲ့ ချောင်းကလေးများတောင်
မိုးရာသီကျ
နိုးထစီးဆင်းနိုင်သေးတာ
မင်းကော အချိန်မရွေးပြန်မချစ်နိုင်ဘူးလား
ပြောစမ်းပါဦး
အဲဒီလို ထင်တစ်လုံးနဲ့
နှလုံးနာစရာ မုန်ဖို့ကောင်းတဲ့ကောင်။
အချစ်ဆိုတာ
မနှစ်ကရယ်လို့ မရှိဘူး
အမြဲသစ်လွင်နေတာ အချစ်
အဲဒီလို မဖြစ်ညစ်ကျယ်အတွေးများနဲ့
ကိုယ့်နှလုံးသားကိုယ်
နှစ်သိမ့်လှည့်ဖြားနေတဲ့ကောင်။
အဖြစ်ဆိုးတွေကို
အနှစ်ကိုးဆယ်မှာထားခဲ့
အချစ်တိုးလို့ ရှေ့ဆက်မယ်
ဒီလိုလဲ လက်ဖြန့်ချင်တဲ့ကောင်။
ဟောင်ရုံသာ ဟောင်ရဲ
မကိုက်ခဲတဲ့ ခွေးလို
သွေးနီးဖို့ သတ္တိမရှိတဲ့ကောင်။
အဲဒီကောင်ဟာ
ကြောင်တစ်ကောင်လို နေထိုင်တယ်။
မုန်းအောင်
ဆက်ရန်
အရိနဒမာလှံ(၈)
အရိန္ဒမာလှံ
(၈)
ငါမှားယွင်းခဲ့တယ်ဆိုရင်
လူ့အဖြစ် ရရှိခဲ့တာကိုက
မှားယွင်းခဲ့လို့ပေါ့။
ငါ့လုပ်ရပ်အပေါ်မှာ
ဘယ်တုန်းကမှ
မှားယွင်းတယ်လို့ ငါမယူဆခဲ့ဖူးဘူး။
နောင်တရတယ်ဆိုတာ
ထပ်မံမှားယွင်းမှုမျိုးပဲ။
ဘေးလူရဲ့ အမြင်ဆိုတာ
ဦးနှောက်နဲ့တင် ဆင်ခြင်ကြည့်ကြတာပါ
နှလုံးသားထဲ ဝင်ကြည့်ကြတာမျိုးမဟုတ်ဘူး။
အလေးထားလောက်ပေမယ့်
လေးစားလောက်အောင်တော့ မဟုတ်သေးပါဘူး။
သူတို့အမြင်ကြိုးတွေနဲ့
တို့ကိုယ်တို့ ထူးမခတ်သင့်ဘူးလေ။
လူတွေဟာ
အနာဂတ်ရဲ့ အလျားကို
အဖြောင့်တိုင်းကြမလို့တဲ့
ပစ္စက္ခရင်ခုန်သံကိုတော့
ခံစားဖို့ မေ့လျော့နေကြရဲ့။
အို ချစ်သူ
မင်းနဲ့ငါ
အဲဒီ အစားထဲ
အူတူတူ ပါသွားကြပြီ။
မုန်းအောင်
ဆက်ရန်
(၈)
ငါမှားယွင်းခဲ့တယ်ဆိုရင်
လူ့အဖြစ် ရရှိခဲ့တာကိုက
မှားယွင်းခဲ့လို့ပေါ့။
ငါ့လုပ်ရပ်အပေါ်မှာ
ဘယ်တုန်းကမှ
မှားယွင်းတယ်လို့ ငါမယူဆခဲ့ဖူးဘူး။
နောင်တရတယ်ဆိုတာ
ထပ်မံမှားယွင်းမှုမျိုးပဲ။
ဘေးလူရဲ့ အမြင်ဆိုတာ
ဦးနှောက်နဲ့တင် ဆင်ခြင်ကြည့်ကြတာပါ
နှလုံးသားထဲ ဝင်ကြည့်ကြတာမျိုးမဟုတ်ဘူး။
အလေးထားလောက်ပေမယ့်
လေးစားလောက်အောင်တော့ မဟုတ်သေးပါဘူး။
သူတို့အမြင်ကြိုးတွေနဲ့
တို့ကိုယ်တို့ ထူးမခတ်သင့်ဘူးလေ။
လူတွေဟာ
အနာဂတ်ရဲ့ အလျားကို
အဖြောင့်တိုင်းကြမလို့တဲ့
ပစ္စက္ခရင်ခုန်သံကိုတော့
ခံစားဖို့ မေ့လျော့နေကြရဲ့။
အို ချစ်သူ
မင်းနဲ့ငါ
အဲဒီ အစားထဲ
အူတူတူ ပါသွားကြပြီ။
မုန်းအောင်
ဆက်ရန်
Saturday, September 13, 2014
အရိန္ဒမာလှံ(၇)
အရိန္ဒမာလှံ
(၇)
ဟိုတုန်းက
ငါဒီလို
ရူးခဲ့ဖူးသပေါ့။
ဘဝဟာ ကျွဲချိုဖြစ်လို့မို့
လေးခွပဲ ထွင်းထွင်း
ပဒိုးလုပ်ပြီး မှုတ်မှုတ်
မင်းလက်ဆုပ်ထဲမှာ
ဖြစ်စေချင်တာ ဖြစ်နိုင်တာချည်းပဲ
ဒီလိုလဲ
ငါ ရူးခဲ့ဖူးသပေါ့။
ဘုရားသခင်ထက်
အမေက ငါ့ကိုပိုချစ်တယ်
ငါက အမေ့ထက်
မင်းကို ပိုချစ်တယ်
ဒီလိုလဲ
ငါ ရူးခဲ့ဖူးသပေါ့။
ကျောင်းသင်ခန်းစာတွေကျ
အတန်းမှန်မှန် မတက်ချင်ပေမယ့်
မင်း သင်ခန်းစာတွေကျ
ကြေညက်အောင် လေ့ကျက်နေခဲ့တယ်
ဒီလိုလဲ
ငါ ရူးခဲ့ဖူးသပေါ့။
စောင်းတာမှန်သမျှ
သဘောမကျပေမယ့်
မင်းမျက်စောင်းလေးကျ
ရင်ခုန်ရပြန်တယ်
ဒီလိုလဲ
ငါ ရူးခဲ့ဖူးသပေါ့။
ရွဲ့တာမှန်သမျှ
ဘာမှကြည့်မကောင်းဘူး
ဒါပေမယ့်
မင်းနှုတ်ခမ်းကလေး ရွဲ့လိုက်တာကျ
ကြည့်လို့လှသွားတယ်
ဒီလိုလဲ
ငါ ရူးခဲ့ဖူးသပေါ့။
စီစီရီရီ ရှိနေမှ
စီစီရီရီ မြင်ရမှ
ရင်ထဲက ကြည်နူးတယ်
အချစ်ရယ်
မညီမညာ မင်းသွားထပ်ကလေးကို
မြတ်နိုးနေတတ်ပြန်ရော
ဒီလိုလဲ
ငါ ရူးခဲ့ဖူးသပေါ့။
ပိုတာမှန်သမျှ
လျှံလျှံကျပေမယ့်
မင်းအချွဲပိုလဲ
ရင်ထဲ တွဲခိုနေပြန်တယ်
ဒီလိုလဲ
ငါ ရူးခဲ့ဖူးသပေါ့။
မိုးကြိုးပစ်သံကို
မကြောက်လန့်တတ်ပေမယ့်
မင်းရဲ့အပြင်းစားသတ္တုသံကြားရင်
ပြားပြားဝပ်မတတ် ကြောက်ဒူးတုန်
ပီဘိယုန်သူငယ်လေးလို
ဒီလိုလဲ
ငါ ရူးခဲ့ဖူးသပေါ့။
ခုများ
ပြင်းသနားတယ်
ပြင်းသနားတယ်တဲ့
ဘာလဲ
ထင်းရှားရင် ရေနံဆီသုံးဖို့
စဉ်းစားဦးမလို့လား။
မုန်းအောင်
ဆက်ရန်
(၇)
ဟိုတုန်းက
ငါဒီလို
ရူးခဲ့ဖူးသပေါ့။
ဘဝဟာ ကျွဲချိုဖြစ်လို့မို့
လေးခွပဲ ထွင်းထွင်း
ပဒိုးလုပ်ပြီး မှုတ်မှုတ်
မင်းလက်ဆုပ်ထဲမှာ
ဖြစ်စေချင်တာ ဖြစ်နိုင်တာချည်းပဲ
ဒီလိုလဲ
ငါ ရူးခဲ့ဖူးသပေါ့။
ဘုရားသခင်ထက်
အမေက ငါ့ကိုပိုချစ်တယ်
ငါက အမေ့ထက်
မင်းကို ပိုချစ်တယ်
ဒီလိုလဲ
ငါ ရူးခဲ့ဖူးသပေါ့။
ကျောင်းသင်ခန်းစာတွေကျ
အတန်းမှန်မှန် မတက်ချင်ပေမယ့်
မင်း သင်ခန်းစာတွေကျ
ကြေညက်အောင် လေ့ကျက်နေခဲ့တယ်
ဒီလိုလဲ
ငါ ရူးခဲ့ဖူးသပေါ့။
စောင်းတာမှန်သမျှ
သဘောမကျပေမယ့်
မင်းမျက်စောင်းလေးကျ
ရင်ခုန်ရပြန်တယ်
ဒီလိုလဲ
ငါ ရူးခဲ့ဖူးသပေါ့။
ရွဲ့တာမှန်သမျှ
ဘာမှကြည့်မကောင်းဘူး
ဒါပေမယ့်
မင်းနှုတ်ခမ်းကလေး ရွဲ့လိုက်တာကျ
ကြည့်လို့လှသွားတယ်
ဒီလိုလဲ
ငါ ရူးခဲ့ဖူးသပေါ့။
စီစီရီရီ ရှိနေမှ
စီစီရီရီ မြင်ရမှ
ရင်ထဲက ကြည်နူးတယ်
အချစ်ရယ်
မညီမညာ မင်းသွားထပ်ကလေးကို
မြတ်နိုးနေတတ်ပြန်ရော
ဒီလိုလဲ
ငါ ရူးခဲ့ဖူးသပေါ့။
ပိုတာမှန်သမျှ
လျှံလျှံကျပေမယ့်
မင်းအချွဲပိုလဲ
ရင်ထဲ တွဲခိုနေပြန်တယ်
ဒီလိုလဲ
ငါ ရူးခဲ့ဖူးသပေါ့။
မိုးကြိုးပစ်သံကို
မကြောက်လန့်တတ်ပေမယ့်
မင်းရဲ့အပြင်းစားသတ္တုသံကြားရင်
ပြားပြားဝပ်မတတ် ကြောက်ဒူးတုန်
ပီဘိယုန်သူငယ်လေးလို
ဒီလိုလဲ
ငါ ရူးခဲ့ဖူးသပေါ့။
ခုများ
ပြင်းသနားတယ်
ပြင်းသနားတယ်တဲ့
ဘာလဲ
ထင်းရှားရင် ရေနံဆီသုံးဖို့
စဉ်းစားဦးမလို့လား။
မုန်းအောင်
ဆက်ရန်
အရိန္ဒမာလှံ(၅)
အရိန္ဒမာလှံ
(၅)
စောသူရအောင်တစ်ယောက်
ကံဆိုးလိုက်ပုံကတော့လား
ယောင်္ကျားလေးဟေ့လို့
အမေ့ရင်ပျားအုံထဲကနေ
လောကကြီးဆီ
ဘဝကို ယုံကြည်စွာပေါင်နှံလိုက်ချိန်ဟာ
ဒီဇင်ဘာ ၁၃
နေ့တစ်နေ့ကုန်ဆုံးဖို့နီးနီး
၂၄နာရီထိုးဖို့ ချဉ်းကပ်
စက္ကန့်ပိုင်းပဲလိုတော့တယ်။
၁၃ရက်ဖွားရဲ့
ကံတူအကျိုးပေးပုံများ
ချစ်သူကလည်း
ဇန်နဝါရီ ၁၃မှာ လမ်းခွဲသွားတယ်။
သူ့စာထဲမှာတော့
လမ်းခွဲစို့လို့ ဆိုတယ်
အမှန်က တစ်လမ်းတည်းမှမလျှောက်ခဲ့ဖူးတာ
သစ်ရိပ်တစ်ခုအောက်မှာ
အချစ်ဆိပ် မူးရုံလောက်သာ။
ဗင်းဆင့်ဗင်ဂိုးခမျာ
သားသည်အမေ မုဆိုးမလေးကိုမှ
ချစ်ခဲ့ရပေမယ့်
မီးခဲ လက်ပေါ်တင်နိုင်တဲ့ခဏတောင်မှ
တွေ့ခွင့်မရသူပါတဲ့ကွယ်။
မသေခင် သူ့ဘဝ
အညတြ ပန်းချီဆရာ
ပြည့်တန်ဆာမကတောင် ထားချန်ခံခဲ့ရ
ချစ်ကံနည်းပုံများ ပြောပါတယ်။
ဟောဒီက ငတိခမျာကိုကော
ဘယ်မိဇလာတို့ ထားခဲ့ဦးမလဲ။
အချစ်ရေ
မင်းကို ငါ
ကြေကွဲစွာ ပျော်ရွှင်ပြဖို့
ချစ်ခဲ့ရတာ မဟုတ်ဘူး။
မုန်းအောင်
ဆက်ရန်
(၅)
စောသူရအောင်တစ်ယောက်
ကံဆိုးလိုက်ပုံကတော့လား
ယောင်္ကျားလေးဟေ့လို့
အမေ့ရင်ပျားအုံထဲကနေ
လောကကြီးဆီ
ဘဝကို ယုံကြည်စွာပေါင်နှံလိုက်ချိန်ဟာ
ဒီဇင်ဘာ ၁၃
နေ့တစ်နေ့ကုန်ဆုံးဖို့နီးနီး
၂၄နာရီထိုးဖို့ ချဉ်းကပ်
စက္ကန့်ပိုင်းပဲလိုတော့တယ်။
၁၃ရက်ဖွားရဲ့
ကံတူအကျိုးပေးပုံများ
ချစ်သူကလည်း
ဇန်နဝါရီ ၁၃မှာ လမ်းခွဲသွားတယ်။
သူ့စာထဲမှာတော့
လမ်းခွဲစို့လို့ ဆိုတယ်
အမှန်က တစ်လမ်းတည်းမှမလျှောက်ခဲ့ဖူးတာ
သစ်ရိပ်တစ်ခုအောက်မှာ
အချစ်ဆိပ် မူးရုံလောက်သာ။
ဗင်းဆင့်ဗင်ဂိုးခမျာ
သားသည်အမေ မုဆိုးမလေးကိုမှ
ချစ်ခဲ့ရပေမယ့်
မီးခဲ လက်ပေါ်တင်နိုင်တဲ့ခဏတောင်မှ
တွေ့ခွင့်မရသူပါတဲ့ကွယ်။
မသေခင် သူ့ဘဝ
အညတြ ပန်းချီဆရာ
ပြည့်တန်ဆာမကတောင် ထားချန်ခံခဲ့ရ
ချစ်ကံနည်းပုံများ ပြောပါတယ်။
ဟောဒီက ငတိခမျာကိုကော
ဘယ်မိဇလာတို့ ထားခဲ့ဦးမလဲ။
အချစ်ရေ
မင်းကို ငါ
ကြေကွဲစွာ ပျော်ရွှင်ပြဖို့
ချစ်ခဲ့ရတာ မဟုတ်ဘူး။
မုန်းအောင်
ဆက်ရန်
အရိန္ဒမာလှံ(၄)
အရိန္ဒမာလှံ
(၄)
လစ်ကာလော်ဂျီ
လစ်ကာလော်ဂျီနဲ့
အော်ဂလီဆန်တဲ့နေ့ရက်တွေကို
ထရော်လီတစ်စင်းပေါ် တင်ပေးလိုက်ချင်ရဲ့။
တစ်နံတစ်လျား မကြည့်ပါနဲ့
အမှန်တရားနည်းနည်း ထည့်ကြည့်ပါ
စောသူရအောင်ဆိုတာ
လူချောလူလှ
လူ့ကလျာဏလေးအဖြစ် မြင်ရမယ်
ဘယ်တုန်းကမှ ဘဝကို ရွှေရည်စိမ်မထားခဲ့ဖူးဘူး။
ရွဲကုန်သည်ဇာတ်မှာတော့
လက်နဲ့ပွတ်သပ်ရုံနဲ့
ရွှေခွက်လို့ သိသွားတယ်
ဟောဒီကောင်ရဲ့ အညှိတက်ဘဝကို
ဘယ်သူက ပွတ်သပ်ကြည့်သလဲ
ကဲ လာစမ်းပါ
အဖိုးဖြတ်မရတဲ့ အမြတ်တရားတွေ
စားသုံးထားပါတယ်
ဆတ်သားခြောက်လို
အရက်နဲ့ မြည်းဖို့သက်သက်မဟုတ်ဘူး။
ဟောဒိ လူလိမ္မာလေးက
တစ်ကြိမ်တစ်ခါမျှ
ကိုယ့်ဘဝကိုယ် မချိန်တွယ်ခဲ့ဘူး
ကိုယ့်ကိုယ်ကိုယ် မလိမ်လည်ခဲ့ဘူး
အရူးအမူး ပတပ်ရပ် ထမခုန်ပေမယ့်
အိမ်မြောင်မြီးပြတ်လို
တဆတ်ဆတ်တုန်နေတဲ့
ယုန်ဖြူနှလုံးသားလေးရှိကြောင်း
(ခင်ဗျားတို့ကို)
သတင်းကောင်းပါးလိုက်ပါရဲ့။
မုန်းအောင်
ဆက်ရန်
(၄)
လစ်ကာလော်ဂျီ
လစ်ကာလော်ဂျီနဲ့
အော်ဂလီဆန်တဲ့နေ့ရက်တွေကို
ထရော်လီတစ်စင်းပေါ် တင်ပေးလိုက်ချင်ရဲ့။
တစ်နံတစ်လျား မကြည့်ပါနဲ့
အမှန်တရားနည်းနည်း ထည့်ကြည့်ပါ
စောသူရအောင်ဆိုတာ
လူချောလူလှ
လူ့ကလျာဏလေးအဖြစ် မြင်ရမယ်
ဘယ်တုန်းကမှ ဘဝကို ရွှေရည်စိမ်မထားခဲ့ဖူးဘူး။
ရွဲကုန်သည်ဇာတ်မှာတော့
လက်နဲ့ပွတ်သပ်ရုံနဲ့
ရွှေခွက်လို့ သိသွားတယ်
ဟောဒီကောင်ရဲ့ အညှိတက်ဘဝကို
ဘယ်သူက ပွတ်သပ်ကြည့်သလဲ
ကဲ လာစမ်းပါ
အဖိုးဖြတ်မရတဲ့ အမြတ်တရားတွေ
စားသုံးထားပါတယ်
ဆတ်သားခြောက်လို
အရက်နဲ့ မြည်းဖို့သက်သက်မဟုတ်ဘူး။
ဟောဒိ လူလိမ္မာလေးက
တစ်ကြိမ်တစ်ခါမျှ
ကိုယ့်ဘဝကိုယ် မချိန်တွယ်ခဲ့ဘူး
ကိုယ့်ကိုယ်ကိုယ် မလိမ်လည်ခဲ့ဘူး
အရူးအမူး ပတပ်ရပ် ထမခုန်ပေမယ့်
အိမ်မြောင်မြီးပြတ်လို
တဆတ်ဆတ်တုန်နေတဲ့
ယုန်ဖြူနှလုံးသားလေးရှိကြောင်း
(ခင်ဗျားတို့ကို)
သတင်းကောင်းပါးလိုက်ပါရဲ့။
မုန်းအောင်
ဆက်ရန်
အရ္နိ္ဒမာလှံ(၃)
အရိန္ဒမာလှံ
(၃)
ကမ ၻာႀကီးဆိုတာက
မီးညှိထားတဲ့ ဆေးပြင်းလိပ်ပ
ဆေးမှုန်တစ်စ အဖြစ်နဲ့
ငါရောက်ရှိခဲ့တာ
အနှစ်နှစ်ဆယ် ကြာခဲ့ပြီ။
ပြောလိုက်ကြပုံကတော့
လောကကြီးက ပျော်စရာ ပျော်စရာနဲ့
တကယ့်ဘဝမှာ
ဒုက္ခနဲ့သာ အရင်းအနှီးလုပ်
ကြေကွဲမှု နှစ်ထပ်တိုးတွေ ဆပ်မကုန်နိုင်သေး
ယူခဲ့မိတဲ့ အပျော်ကြွေး နည်းနည်းအတွက်ဖြစ်မယ်။
ကမ ၻာႀကီးဟာ
ငါ့အတွက်တော့ ပဲမှော်အဖျင်းပါပဲ
စောသူရအောင်လည်း ငါ့အတွက်တော့
ပဲမှော်အဖျင်းပါပဲ
တကယ်တော့လည်း
ဒီအဖျင်းတွေဟာ
မြင်းတွေရဲ့အစာပေါ့၊
အချစ်ရေ
ငါ့မြင်းရေ
မင်းအတွက် ငါ့ကို အစာပြုတော့။
မုန်းအောင်
ဆက်ရန်
(၃)
ကမ ၻာႀကီးဆိုတာက
မီးညှိထားတဲ့ ဆေးပြင်းလိပ်ပ
ဆေးမှုန်တစ်စ အဖြစ်နဲ့
ငါရောက်ရှိခဲ့တာ
အနှစ်နှစ်ဆယ် ကြာခဲ့ပြီ။
ပြောလိုက်ကြပုံကတော့
လောကကြီးက ပျော်စရာ ပျော်စရာနဲ့
တကယ့်ဘဝမှာ
ဒုက္ခနဲ့သာ အရင်းအနှီးလုပ်
ကြေကွဲမှု နှစ်ထပ်တိုးတွေ ဆပ်မကုန်နိုင်သေး
ယူခဲ့မိတဲ့ အပျော်ကြွေး နည်းနည်းအတွက်ဖြစ်မယ်။
ကမ ၻာႀကီးဟာ
ငါ့အတွက်တော့ ပဲမှော်အဖျင်းပါပဲ
စောသူရအောင်လည်း ငါ့အတွက်တော့
ပဲမှော်အဖျင်းပါပဲ
တကယ်တော့လည်း
ဒီအဖျင်းတွေဟာ
မြင်းတွေရဲ့အစာပေါ့၊
အချစ်ရေ
ငါ့မြင်းရေ
မင်းအတွက် ငါ့ကို အစာပြုတော့။
မုန်းအောင်
ဆက်ရန်
အရိန္ဒမာလှံ(၂)
အရိန္ဒမာလှံ
(၂)
ငါ့အမေဟာ
သူ့မျက်ရည်တွေ
သူလှုပ်နှိုးရမယ့်အဖြစ်ကို
သိသိကြီးနဲ့များ
သူ့သားအိမ်ထဲမှာ
ငါ့ကို လွယ်ထားခဲ့ဝန့်တာလေ။
အမေက
ပျားအုံတစ်အုံ လိုချင်ခဲ့တယ်။
ငါက
ဘဝကို ဓားပေါ်ပုံတင်ခဲ့တယ်။
အမေက
သနပ်ခါး ဖုံဖုံလူးပေးတယ်။
ငါက
ယားလို့ဆိုပြီး ဖျက်ပစ်တယ်။
အမေက
လမ်းဟောင်းကို နှင်ခိုင်းတယ်။
ငါက
လမ်းပြောင်းကာ စိုင်းခဲ့တယ်။
အမေက
နို့ရည်ကို တိုက်ကျွေးခဲ့တယ်။
ငါ့မှာ
မျက်ရည်တွေနဲ့ ဗိုက်လေးနေတော့တယ်။
အမေ့ခမျာ
လိုချင်တာက ပုလဲ
ရလာတာ ခဲဖြစ်နေခဲ့။
မှန်တာဆိုရရင် အမေရယ်
သားက
အမေ့ကို ဆန့်ကျင်နေတာ မဟုတ်ရပါဘူး
သားဘဝလေး
ဆန့်ငင်နေမှာ စိုးလို့ပါ အမေ။
သားသိပါတယ် အမေ
ကျွေးလို့ရတာ အကုန်မွေးဖို့
သားကို လူဖြစ်ခွင့် ပေးခဲ့တာ မဟုတ်ဘူးဆိုတာ
ဒါပေမယ့်လည်း အမေရယ်
အမေ့ အငိုမျက်ဝန်းအိမ်ထဲမှာ
သားကို စိန်ခဲထက် အဖိုးတန်အောင် ထားခဲ့ပြီ မဟုတ်လား။
နှစ်တွေဆိုတာ
အမေ့အချစ်ကို ထားပစ်ခဲ့ဖို့လား
အမေ့ရင်ကို ပုန်ကန်စစ်ခင်း
အနှစ်နှစ်ဆယ် တင်းတင်းပြည့်ပြီအမေ။
အမေရယ်
သားဟာ အမေ့လည်ရွဲ ပုလဲတစ်ကုံးမဟုတ်ဘဲ
အမေ့ရင်မှာ ချိတ်ဆွဲထားတဲ့ ဗုံးတစ်လုံးလို့ပဲ
သားကို ကျိန်ဆဲလိုက်ပါတော့ အမေ
စကားတောင် မာမာမပြောတဲ့ အမေ့ကိုလေ။
သားကို အားမလို အားမရနဲ့
ဟောဒီက အစိမ်းတုံးကြီး
ဘယ်တော့ခွဲပါ့ မလဲတဲ့
တကယ်တော့လည်း အမေက
ကျောက်စိမ်းကရမယ့် အကျိုးကို
မျှော်ကိုးလို့မဟုတ်
ကျောက်တန်ဖိုးသာ ကြီးမြင့်စေလိုတာ
အမေ့ ကြီးမြတ်စေတနာတွေ။
သားရဲ့
ရယ်မောနေတဲ့ ကြေကွဲမှုကို
အတုမဲ့ မိန်းမမြတ် အမေတစ်ယောက်သာ
ထရံပေါက် နေအလင်း
ဖုန်မှုန့်တွေ အရှင်းမြင်ရပုံမျိုး
မြင်တတ်သူလေ။
ငါ့အမေဟာ
ဆောခရတ္တိထက်
သတ္တိကြီးခဲ့တယ်
အဆိပ်ခွက်ကို
နှစ်ရှည်လများ သောက်မျိုနေခဲ့တယ်။
မုန်းအောင်
ဆက်ရန်
(၂)
ငါ့အမေဟာ
သူ့မျက်ရည်တွေ
သူလှုပ်နှိုးရမယ့်အဖြစ်ကို
သိသိကြီးနဲ့များ
သူ့သားအိမ်ထဲမှာ
ငါ့ကို လွယ်ထားခဲ့ဝန့်တာလေ။
အမေက
ပျားအုံတစ်အုံ လိုချင်ခဲ့တယ်။
ငါက
ဘဝကို ဓားပေါ်ပုံတင်ခဲ့တယ်။
အမေက
သနပ်ခါး ဖုံဖုံလူးပေးတယ်။
ငါက
ယားလို့ဆိုပြီး ဖျက်ပစ်တယ်။
အမေက
လမ်းဟောင်းကို နှင်ခိုင်းတယ်။
ငါက
လမ်းပြောင်းကာ စိုင်းခဲ့တယ်။
အမေက
နို့ရည်ကို တိုက်ကျွေးခဲ့တယ်။
ငါ့မှာ
မျက်ရည်တွေနဲ့ ဗိုက်လေးနေတော့တယ်။
အမေ့ခမျာ
လိုချင်တာက ပုလဲ
ရလာတာ ခဲဖြစ်နေခဲ့။
မှန်တာဆိုရရင် အမေရယ်
သားက
အမေ့ကို ဆန့်ကျင်နေတာ မဟုတ်ရပါဘူး
သားဘဝလေး
ဆန့်ငင်နေမှာ စိုးလို့ပါ အမေ။
သားသိပါတယ် အမေ
ကျွေးလို့ရတာ အကုန်မွေးဖို့
သားကို လူဖြစ်ခွင့် ပေးခဲ့တာ မဟုတ်ဘူးဆိုတာ
ဒါပေမယ့်လည်း အမေရယ်
အမေ့ အငိုမျက်ဝန်းအိမ်ထဲမှာ
သားကို စိန်ခဲထက် အဖိုးတန်အောင် ထားခဲ့ပြီ မဟုတ်လား။
နှစ်တွေဆိုတာ
အမေ့အချစ်ကို ထားပစ်ခဲ့ဖို့လား
အမေ့ရင်ကို ပုန်ကန်စစ်ခင်း
အနှစ်နှစ်ဆယ် တင်းတင်းပြည့်ပြီအမေ။
အမေရယ်
သားဟာ အမေ့လည်ရွဲ ပုလဲတစ်ကုံးမဟုတ်ဘဲ
အမေ့ရင်မှာ ချိတ်ဆွဲထားတဲ့ ဗုံးတစ်လုံးလို့ပဲ
သားကို ကျိန်ဆဲလိုက်ပါတော့ အမေ
စကားတောင် မာမာမပြောတဲ့ အမေ့ကိုလေ။
သားကို အားမလို အားမရနဲ့
ဟောဒီက အစိမ်းတုံးကြီး
ဘယ်တော့ခွဲပါ့ မလဲတဲ့
တကယ်တော့လည်း အမေက
ကျောက်စိမ်းကရမယ့် အကျိုးကို
မျှော်ကိုးလို့မဟုတ်
ကျောက်တန်ဖိုးသာ ကြီးမြင့်စေလိုတာ
အမေ့ ကြီးမြတ်စေတနာတွေ။
သားရဲ့
ရယ်မောနေတဲ့ ကြေကွဲမှုကို
အတုမဲ့ မိန်းမမြတ် အမေတစ်ယောက်သာ
ထရံပေါက် နေအလင်း
ဖုန်မှုန့်တွေ အရှင်းမြင်ရပုံမျိုး
မြင်တတ်သူလေ။
ငါ့အမေဟာ
ဆောခရတ္တိထက်
သတ္တိကြီးခဲ့တယ်
အဆိပ်ခွက်ကို
နှစ်ရှည်လများ သောက်မျိုနေခဲ့တယ်။
မုန်းအောင်
ဆက်ရန်
အရိန္ဒမာလှံ(၁)
အရိန္ဒမာလှံ
(၁)
လူ့ဘဝလောက်
ကြောက်စရာကောင်းတဲ့ အိပ်မက်
ရှိခဲ့မှာမဟုတ်ဘူး။
မုန်းအောင်
ဆက်ရန်
(၁)
လူ့ဘဝလောက်
ကြောက်စရာကောင်းတဲ့ အိပ်မက်
ရှိခဲ့မှာမဟုတ်ဘူး။
မုန်းအောင်
ဆက်ရန်
Wednesday, September 10, 2014
သင်္ချိုင်း
သင်္ချိုင်း
ရောင်ကိုင်းနေ
တစ္ဆေ ခြောက်လေတိုင်း။
ငါ့ရင်ဘတ်
သတ်မသေ
လူမတွေရဲ့ သင်္ချိုင်း။ ။
မုန်းအောင်
10.9.2014
19:40
cemetery
swollen
be haunted
my heart
cemetery
of my exes
who never die
Mone Aung
ရောင်ကိုင်းနေ
တစ္ဆေ ခြောက်လေတိုင်း။
ငါ့ရင်ဘတ်
သတ်မသေ
လူမတွေရဲ့ သင်္ချိုင်း။ ။
မုန်းအောင်
10.9.2014
19:40
cemetery
swollen
be haunted
my heart
cemetery
of my exes
who never die
Mone Aung
Monday, September 8, 2014
ငါ့လူမှုရေး
ငါ့လူမှုရေး
မိုးရေတွေ
မုန်းတယ်၊
နှင်းပေါက်တွေ
ကြောက်တယ်၊
ချွေးစက်တွေ
ရွံ့တယ်၊
ရှောင်လွှဲမနေတတ်တဲ့အခါ
သုံးရာသီ ဖျားနာနေတော့တယ်။
မုန်းအောင်
29.6.1994
21:45
My social relations
What hateful raindrops!
What dreadful dew-drops!
What unpleasant sweat!
How can I avoid them?
I've been struggling with illness
all my life.
Mone Aung
မိုးရေတွေ
မုန်းတယ်၊
နှင်းပေါက်တွေ
ကြောက်တယ်၊
ချွေးစက်တွေ
ရွံ့တယ်၊
ရှောင်လွှဲမနေတတ်တဲ့အခါ
သုံးရာသီ ဖျားနာနေတော့တယ်။
မုန်းအောင်
29.6.1994
21:45
My social relations
What hateful raindrops!
What dreadful dew-drops!
What unpleasant sweat!
How can I avoid them?
I've been struggling with illness
all my life.
Mone Aung
Friday, September 5, 2014
မျိုးရိုး
မျိုးရိုး
ငါ့ အဖိုး
ယာခရိုးမှာ
ရိုးရိုးကုပ်ကုပ်
သူ့သားစားဖို့ အလုပ်လုပ်ခဲ့။
ငါ့ အဖေ
မြေဖြူတစ်ချောင်းနဲ့
တစ်နဲ့နှစ်ပေါင်း သုံးရသတဲ့
ငါ့ကို
ဘဝမှာ အသုံးကျသူ ဖြစ်စေချင်ခဲ့။
ငါ
စာတစ်ကြောင်းတော့
ဖြောင့်အောင်ရေးရမယ်
ငါ့သားတွေဟာ
ငါ့ဘဝရဲ့ အက္ခရာတွေဖြစ်တယ်။
မုန်းအောင်
Lineage
Grandpa
on his farm
modeatly
did for his son.
Father,
who taught
with chalk
one and two makes three,
wants me to be useful in life.
I myself
have to write a word at least
My sons are
the characters of my life.
Mone Aung
ငါ့ အဖိုး
ယာခရိုးမှာ
ရိုးရိုးကုပ်ကုပ်
သူ့သားစားဖို့ အလုပ်လုပ်ခဲ့။
ငါ့ အဖေ
မြေဖြူတစ်ချောင်းနဲ့
တစ်နဲ့နှစ်ပေါင်း သုံးရသတဲ့
ငါ့ကို
ဘဝမှာ အသုံးကျသူ ဖြစ်စေချင်ခဲ့။
ငါ
စာတစ်ကြောင်းတော့
ဖြောင့်အောင်ရေးရမယ်
ငါ့သားတွေဟာ
ငါ့ဘဝရဲ့ အက္ခရာတွေဖြစ်တယ်။
မုန်းအောင်
Lineage
Grandpa
on his farm
modeatly
did for his son.
Father,
who taught
with chalk
one and two makes three,
wants me to be useful in life.
I myself
have to write a word at least
My sons are
the characters of my life.
Mone Aung
လူ
လူ
အနေမနီးလည်း
မြေကြီးကတော့ တဆက်တည်းပါ။
တစ်မိစီပေါက်လည်း
တစ်မိုးအောက်က ခြေထောက်တွေ။
အရောင်ကွဲလည်း
အမှောင်ထဲက ညီအစ်ကို။
မုန်းအောင်
Man
Though different places,
We live on the earth.
Though born from different wombs,
We breathe under the same sky.
Though different colours,
We are brothers in the dark.
Mone Aung
အနေမနီးလည်း
မြေကြီးကတော့ တဆက်တည်းပါ။
တစ်မိစီပေါက်လည်း
တစ်မိုးအောက်က ခြေထောက်တွေ။
အရောင်ကွဲလည်း
အမှောင်ထဲက ညီအစ်ကို။
မုန်းအောင်
Man
Though different places,
We live on the earth.
Though born from different wombs,
We breathe under the same sky.
Though different colours,
We are brothers in the dark.
Mone Aung
Thursday, September 4, 2014
ဇာတိရုပ်
ဇာတိရုပ်
လေကြမ်းသယ်လို့ပြေး
ဆောင်းတဲ့ခမောက် လွင့်ဝေးဝေး
ခေါင်းဖြူတဖွေးဖွေး
မုန်းအောင်
True Colours
The bamboo hat blown away
Ah, the guy's gone grey!
Mone Aung
လေကြမ်းသယ်လို့ပြေး
ဆောင်းတဲ့ခမောက် လွင့်ဝေးဝေး
ခေါင်းဖြူတဖွေးဖွေး
မုန်းအောင်
True Colours
The bamboo hat blown away
Ah, the guy's gone grey!
Mone Aung
အန္ဓ
အန္ဓ
မိုးစိုပုစဉ်း
ပင့်ကူ ဝင်္ကဘာထဲ
တဝဲလည်လည်
မုန်းအောင်
Ignoramus
A wet dragonfly
in the web
spins and spins and spins
Mone Aung
မိုးစိုပုစဉ်း
ပင့်ကူ ဝင်္ကဘာထဲ
တဝဲလည်လည်
မုန်းအောင်
Ignoramus
A wet dragonfly
in the web
spins and spins and spins
Mone Aung
Tuesday, September 2, 2014
စည်းရိုးထဲကပန်း
စည်းရိုးထဲကပန်း
အမြင်နီးလျက်
လှမ်းဆွတ်ခက်သည်
ငါ့ဘက်ငိုက်သော ပန်းကလေး။
မုန်းအောင်
Flower in Fence
Though in sight,
hard to pick it
It's the flower
that droops over my side.
Mone Aung
အမြင်နီးလျက်
လှမ်းဆွတ်ခက်သည်
ငါ့ဘက်ငိုက်သော ပန်းကလေး။
မုန်းအောင်
Flower in Fence
Though in sight,
hard to pick it
It's the flower
that droops over my side.
Mone Aung
အဝင်ကောင်းသော
အဝင်ကောင်းသော
ရမ်တစ်ပုလင်းက
သိပ်ပြင်းလွန်းတယ်။
ရေခဲစိမ်ဆိုဒါ
အေးမြမြလေး။
ဖန်ခွက်တစ်လုံးထဲ
စုရုံးရောစည်း
ညည်းလေးနဲ့ တို့အချစ်ပေါ့။
မုန်းအောင်
Palatable
A bottle of rum
so strong
Soda on ice
so cold
Mix them
in a glass
Darling,
It's the love of us.
Mone Aung
ရမ်တစ်ပုလင်းက
သိပ်ပြင်းလွန်းတယ်။
ရေခဲစိမ်ဆိုဒါ
အေးမြမြလေး။
ဖန်ခွက်တစ်လုံးထဲ
စုရုံးရောစည်း
ညည်းလေးနဲ့ တို့အချစ်ပေါ့။
မုန်းအောင်
Palatable
A bottle of rum
so strong
Soda on ice
so cold
Mix them
in a glass
Darling,
It's the love of us.
Mone Aung
Monday, September 1, 2014
Abd el-Hadi Fights Superpower
Abd el-Hadi Fights Superpower
By Taha Muhammad Ali
သူ့ဘဝမှာ
စာလည်းမဖတ်တတ်သလို
ရေးလည်း မရေးတတ်ပါဘူး။
သူ့ဘဝမှာ
သစ်တစ်ပင်မှ မလှဲဖူးသလို
နွားတစ်ကောင်မှလည်း လည်မလှီးဘူးပါ။
သူဘဝမှာ
နယူးယော့တိုင်း အကြောင်း
ကွယ်ရာမှာ မဟဖူးပါ။
ဘယ်သူ့ကိုမှ
အော်ကျယ်ဟစ်ကျယ် မပြောဖူးပါ၊
"ဝင်ခဲ့ပါ ခင်ဗျာ့
ခင်ဗျား မငြင်းဆန်နိုင်ပါဘူး"ဆိုတဲ့စကားကလွဲရင်။
ဒါပေမယ့်
သူ့အမှုက မျှော်လင့်ချက်မဲ့၊
သူ့ အနေအထားကလည်း
အတော့်ကိုဆိုး။
သူ့အတွက်ပေးထားတဲ့
ဘုရားသခင်ရဲ့ အခွင့်အရေးတွေဆိုတာက
ပင်လယ်ထဲလွင့်သွားတဲ့
သဲတစ်ပွင့်သာ။
ဂျူရီလူကြီးမင်းများခင်ဗျာ
သူ့ရန်သူတွေအကြောင်း
ကျွန်တော့်အမှုသည်ဟာ
တစ်စွန်းတစ်စမှ မသိပါ။
ကျွန်တော် အခိုင်အမာပြောရဲပါတယ်
တကယ်လို့ သူဟာ
လေယာဉ်တင် သင်္ဘောလုပ်ငန်းက
ဝန်ထမ်းအားလုံးနဲ့ ဆုံတယ်ဆိုလည်း
ဒီလူတွေကို
ကြက်ဥတစ်ခြမ်းကြော်နဲ့
အိပ်ထဲကထုတ်လာစ ဒိန်ချဉ်
လိုက်ချပေးဖို့ပါ ခင်ဗျ။
In his life
he neither wrote nor read.
In his life he
didn't cut down a single tree,
didn't slit the throat
of a single calf.
In his life he didn't not speak
of the New York Times
behind its back,
didn't raise
his voice to a soul
except in his saying:
"Come in, please,
by God, you can't refuse."
Nevertheless-
his case is hopeless,
his situation
desperate.
His God-given rights are a grain of salt
tossed into the sea.
Ladies and gentlemen of the jury:
about his enemies
my client knows not a thing.
And I can assure you,
were he to encounter
the entire crew
of the aircraft carrier Enterprise,
he'd serve them eggs
sunny-side up,
and labneh
fresh from the bag.
By Taha Muhammad Ali
သူ့ဘဝမှာ
စာလည်းမဖတ်တတ်သလို
ရေးလည်း မရေးတတ်ပါဘူး။
သူ့ဘဝမှာ
သစ်တစ်ပင်မှ မလှဲဖူးသလို
နွားတစ်ကောင်မှလည်း လည်မလှီးဘူးပါ။
သူဘဝမှာ
နယူးယော့တိုင်း အကြောင်း
ကွယ်ရာမှာ မဟဖူးပါ။
ဘယ်သူ့ကိုမှ
အော်ကျယ်ဟစ်ကျယ် မပြောဖူးပါ၊
"ဝင်ခဲ့ပါ ခင်ဗျာ့
ခင်ဗျား မငြင်းဆန်နိုင်ပါဘူး"ဆိုတဲ့စကားကလွဲရင်။
ဒါပေမယ့်
သူ့အမှုက မျှော်လင့်ချက်မဲ့၊
သူ့ အနေအထားကလည်း
အတော့်ကိုဆိုး။
သူ့အတွက်ပေးထားတဲ့
ဘုရားသခင်ရဲ့ အခွင့်အရေးတွေဆိုတာက
ပင်လယ်ထဲလွင့်သွားတဲ့
သဲတစ်ပွင့်သာ။
ဂျူရီလူကြီးမင်းများခင်ဗျာ
သူ့ရန်သူတွေအကြောင်း
ကျွန်တော့်အမှုသည်ဟာ
တစ်စွန်းတစ်စမှ မသိပါ။
ကျွန်တော် အခိုင်အမာပြောရဲပါတယ်
တကယ်လို့ သူဟာ
လေယာဉ်တင် သင်္ဘောလုပ်ငန်းက
ဝန်ထမ်းအားလုံးနဲ့ ဆုံတယ်ဆိုလည်း
ဒီလူတွေကို
ကြက်ဥတစ်ခြမ်းကြော်နဲ့
အိပ်ထဲကထုတ်လာစ ဒိန်ချဉ်
လိုက်ချပေးဖို့ပါ ခင်ဗျ။
In his life
he neither wrote nor read.
In his life he
didn't cut down a single tree,
didn't slit the throat
of a single calf.
In his life he didn't not speak
of the New York Times
behind its back,
didn't raise
his voice to a soul
except in his saying:
"Come in, please,
by God, you can't refuse."
Nevertheless-
his case is hopeless,
his situation
desperate.
His God-given rights are a grain of salt
tossed into the sea.
Ladies and gentlemen of the jury:
about his enemies
my client knows not a thing.
And I can assure you,
were he to encounter
the entire crew
of the aircraft carrier Enterprise,
he'd serve them eggs
sunny-side up,
and labneh
fresh from the bag.
Subscribe to:
Posts (Atom)